Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရက်သတ္တပတ်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာ

မန္တလေး၊ မြန်မာ၊ မတ် ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၈ ရက်တွင် အင်အား ၇.၉ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မတ် ၃၁ ရက်၌ ရက်သတ္တပတ်တစ်ပတ်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် မတ် ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ ခုနစ်ရက်ကို သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ရက်များအတွင်း နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချ၍ လွှင့်ထူရန်လည်း ကြေညာထားသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူဦးရေ ၁,၇၀၀ ခန့် သေဆုံးပြီး ၃,၄၀၀ ဦး ဒဏ်ရာရရှိကာ ၃၀၀ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မတ် ၃၀ ရက်၌ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Myanmar declares week-long national mourning over deadly earthquake
MANDALAY, Myanmar, March 31 (Xinhua) — Myanmar’s State Administration Council Chairman Senior General Min Aung Hlaing on Monday announced a week-long mourning period following a 7.9-magnitude earthquake that struck Myanmar on March 28.
In recognition of and sympathy for the damage and loss of lives caused by the earthquake, the period from March 31 to April 6 has been declared as national mourning days. During this time, the national flag will be flown at half-mast, he said.
According to Myanmar’s State Administration Council on Sunday, about 1,700 people died, 3,400 were injured, and 300 remained missing in the massive earthquake.