International Organizations
၂၀၂၅ ခုနှစ် မတ် ၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာက ဆိုစီဒက်ကို ဂိုးပြတ်အနိုင်ယူ၍ လာလီဂါအမှတ်ပေးဇယား၌ တစ်မှတ်အသာဖြင့် ဆက်လက်ဦးဆောင်
မတ် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ရီးရဲလ်ဆိုစီဒက်အသင်းအား အိမ်ကွင်း၌ သက်သောင့်သက်သာဖြင့် ၄ ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် ဘာစီလိုနာအနေဖြင့် အက်သလက်တီကိုမက်ဒရစ်အား တစ်မှတ်အသာဖြင့်လည်းကောင်း၊ ရီးရဲလ်မက်ဒရစ်အား သုံးမှတ်အသာဖြင့်လည်းကောင်း ဦးဆောင်လျက်ရှိသည်။ နည်းပြဟန်ဆီဖလစ်ခ်အဖို့ အဆိုပါရလဒ်မှာ ကျေနပ်စရာဖြစ်သလို မတ် ၅ ရက်၌ ဘင်ဖီကာနှင့် ယှဉ်ပြိုင်ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အတွက်လည်း အဓိက ကစားသမားများကို အနားပေးနိုင်ခဲ့သည်။
ရီးရဲလ်ဆိုစီဒက်နောက်ခံလူ အရစ်စ် အယ်လူစတွန်ဒို အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး မကြာမီတွင် ဂျရတ်မာတင်က ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို ဒါနီ အိုလ်မို၏ကန်ချက် မာ့ခ်ကာဆာဒိုနှင့်ထိကာ ဂိုးဝင်သွားသဖြင့် ဘာစီလိုနာအသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။
ပွဲကစားချိန် ဒုတိယပိုင်းတွင် ရော်နယ် အာရူဟိုက တတိယအနိုင်ဂိုး၊ ရောဘတ် လီဝန်ဒေါစကီးက စတုတ္ထအနိုင်ဂိုးတို့ကို အသီးသီးသွင်းယူခဲ့ပြီးနောက် သီတင်းပတ်အလယ်၌ ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကြံ့ခိုင်မှုရှိစေရန် နည်းပြဖလစ်ခ်က ရာဖင်ညာ၊ ပက်ဒရီနှင့် ပါအူး ကူဘာစီတို့ကို အနားပေးခဲ့သည်။
…..
— အက်ဖ်အေဖလားပြိုင်ပွဲတွင် ဖူလ်ဟမ်က မန်ချက်စတာယူနိုက်တက်အား အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်၊ ဖူလ်ဟမ်ဂိုးသမား လီနို လက်စွမ်းပြခဲ့ပြီး အသင်း၏ သူရဲကောင်းဖြစ်ခဲ့
မတ် ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာယူနိုက်တက်နှင့် ဖူလ်ဟမ်အသင်း၏ အက်ဖ်အေဖလားပွဲစဉ်တွင် အချိန်ပိုပြီးဆုံးသည်အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ဖူလ်ဟမ်ဂိုးသမား ဘန်းဒ်လီနိုက အရေးပါသော ကာကွယ်မှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိချန်ပီယံအား ပြိုင်ပွဲမှ ထွက်ခွာစေခဲ့သည်။
ယခုရှုံးနိမ့်မှုက နည်းပြ ရူဘင်အာမော်ရင်မ်၏ ယူနိုက်တက်အတွက် နောက်ထပ်ထိုးနှက်ချက် ဖြစ်လာခဲ့ပြီး ယူနိုက်တက်အနေဖြင့် မတ် ၆ ရက်၌ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယူရိုပါလိဂ်မှာ ယခုရာသီ၌ ယူနိုက်တက်အတွက် တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်ဖြစ်သည်။
ပထမပိုင်း နာကျင်အချိန်ပိုတွင် ကယ်လ်ဗင် ဘတ်ဆီက ယူနိုက်တက်ခံစစ်ပိုင်း အားနည်းချက်ကို အခွင့်ကောင်းယူ၍ ညာခြမ်းမှပေးပို့သည့် ဖြတ်တင်ဘောအား အဆုံးသတ်ကာ ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် ပွဲချိန် ၇၁ မိနစ်တွင် ဘရူနို ဖာနန်ဒက်စ်က ဘယ်ခြေဖြင့် သေသေသပ်သပ် အဆုံးသတ်ကာ ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
အချိန်ပိုပြီးဆုံးသည်အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် ယူနိုက်တက်မှ ဗစ်တာ လင်ဒီလော့ဖ်နှင့် ဂျိုရှုအာ ဇက်ခ်ဇီးတို့၏ ကန်ချက်များကို ဖူလ်ဟမ်ဂိုးသမား လီနို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဖူလ်ဟမ် ကစားသမားအားလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ဖူလ်ဟမ်အသင်း အောင်ပွဲခံနိုင်ခဲ့သည်။
…..
— မွန်တာရေးက ဆန်းတို့စ် လာဂူနာအား အနိုင်ရရှိသည့် မက္ကဆီကို ပြည်တွင်းလိဂ်ပွဲစဉ်တွင် ဆာဂျီယို ရာမို့စ် ဂိုးသွင်းယူနိုင်ခဲ့
မတ် ၂ ရက်က မက္ကဆီကို ထိပ်တန်းလိဂ်ပြိုင်ပွဲ (Liga MX Clausura) ပွဲစဉ်တစ်ပွဲအဖြစ် မွန်တာရေးအသင်းနှင့် ဆန်းတို့စ် လာဂူနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် မွန်တာရေးက အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၌ စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်က မက္ကဆီကိုလိဂ်ပြိုင်ပွဲ၌ ၎င်း၏ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။
ဖေဖော်ဝါရီလ၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မွန်တာရေးအသင်းထံ ပြောင်းရွှေ့လာသည့် ရာမို့စ်မှာ အသင်းအတွက် ဒုတိယအကြိမ် ပွဲထွက်ကစားပေးခဲ့ခြင်းဖြစ်ကာ ပွဲကစားချိန် မိနစ် ၆၀ မတိုင်မီတွင် ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ဆာဂျီယို ကာနာလက်စ်၏ ဖြတ်တင်ဘောပေးပို့မှုအား အပြင်းစားခေါင်းတိုက်ချက်ဖြင့် ဂိုးသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။
…..
— ရပ်ဆိုင်းခဲ့ရသည့် တရုတ်စူပါလိဂ်ပွဲစဉ်အား မူလရပ်ဆိုင်းထားသည့် ပွဲကစားချိန်မှ ပြန်လည်စတင်မည်
ရုတ်တရက် မိုးသည်းထန်မှုကြောင့် ရပ်ဆိုင်းခဲ့ရသည့် တရုတ်စူပါလိဂ် (CSL) ကလပ် Qingdao West Coast နှင့် Wuhan Three Towns အသင်း၏ ပွဲစဉ်အား မူလရပ်ဆိုင်းထားသည့် ပွဲကစားချိန်မှ ပြန်လည်စတင်မည်ဖြစ်ကြောင်း Qingdao West Coast အသင်းက မတ် ၂ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သည်။
……………………………………….
(English Version)
Barcelona opens slight gap at top of La Liga after win over Sociedad
FC Barcelona extended its lead at the top of La Liga on Sunday with a comfortable 4-0 win at home against Real Sociedad.
The victory puts Barca a point ahead of Atletico Madrid and three points clear of Real Madrid. Coach Hansi Flick will be pleased with the result, which allowed him to rest key players ahead of Wednesday’s Champions League tie with Benfica.
Gerard Martin opened the scoring for Barcelona shortly after the red card, and Marc Casado doubled the lead when the ball deflected off him following a wayward shot by Olmo.
Ronald Araujo made it 3-0 after halftime, and Robert Lewandowski added a fourth. Flick then substituted Raphinha, Pedri, and Pau Cubarsi to preserve their fitness for the midweek European clash.
…..
Leno the hero as Fulham beats Man United to make FA Cup last 8
Fulham goalkeeper Bernd Leno was the hero for his side, making two crucial saves in a penalty shootout to eliminate FA Cup holder Manchester United from the tournament.
The defeat dealt another blow to Ruben Amorim’s team, which now travels to play Real Sociedad in the Europa League on Thursday, its only remaining hope for silverware this season.
Calvin Bassey put Fulham ahead in first-half injury time, capitalizing on United’s poor defense of a cross from the right. Bruno Fernandes equalized in the 71st minute with a smart left-foot finish.
Neither side managed to score again during regular or extra time on Sunday. In the penalty shootout, Leno saved efforts from Victor Lindelof and Joshua Zirkzee, while Fulham’s players converted all their spot kicks to secure victory.
…..
Ramos on target as Monterrey sinks Santos Laguna
Spanish defender Sergio Ramos scored his first goal in Mexican football as Monterrey secured a 4-2 home win over Santos Laguna in the Liga MX Clausura tournament on Sunday.
Ramos, making just his second appearance for Monterrey following his arrival on a free transfer in February, put his side ahead just before the hour with a bullet header following a cross from his former Real Madrid teammate Sergio Canales.
…..
Suspended Chinese Super League game to resume from point of suspension
The suspended Chinese Super League (CSL) match between Qingdao West Coast and Wuhan Three Towns will resume from the point at which it was halted, Qingdao confirmed in a statement on Sunday.