Africa & Middle East
အစ္စရေးအနေဖြင့် ဂျော်ဒန်နှင့်နယ်စပ်တစ်လျှောက်တွင် အကာအရံများ တည်ဆောက်မည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ပြော

ဂျေရုဆလမ်၊ မတ် ၄ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် ဂျော်ဒန်နိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင် အမေရိကန်ဒေါ်လာ ၁.၄၄၅ ဘီလီယံ အကုန်အကျခံ၍ အကာအရံများ တည်ဆောက်မှုကို မကြာမီလပိုင်းအတွင်း စတင်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ် ၃ ရက်၌ ပြောကြားခဲ့သည်။
ဂျော်ဒန်မြစ်ဝှမ်းဒေသသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကတ်ဇ်က အဆိုပါ အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ယင်းအကာအရံမှာ အစ္စရေးထိန်းချုပ်ခံ ဂိုလန်ကုန်းမြင့်ဒေသ တောင်ဘက်ခြမ်းမှ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသကိုဖြတ်၍ နိုင်ငံတောင်ပိုင်း အီလက်ထ်မြို့မြောက်ဘက် ဆမာသဲသောင်ခုံအထိ ဆန့်တန်းတည်ရှိမည်ဖြစ်ကာ အကွာအဝေးအားဖြင့် ၄၂၅ ကီလိုမီတာ ရှိမည်ဖြစ်ကြောင်း ဗီဒီယိုမက်ဆေ့ချ်မှတစ်ဆင့် ၎င်းက ပြောကြားခဲ့သည်။
သုံးနှစ်အတွင်း အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားသော အဆိုပါ စီမံကိန်းမှာ လက်နက်မှောင်ခိုကူးမှု၊ အကြမ်းဖက်မှု တားဆီးရေး၊ အခြေချနေထိုင်မှုများ ခိုင်ခိုင်မာမာရှိစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကတ်ဇ်က ပြောကြားခဲ့သည်။ ထို့ပြင် နယ်မြေထိန်းချုပ်မှုကို အားဖြည့်ဆောင်ရွက်ရန် အကာအရံများ တည်ဆောက်မည့် လမ်းကြောင်းတစ်လျှောက်တွင် စစ်စခန်းသစ်များ တည်ဆောက်မည့် အစီအစဉ်ကိုလည်း ၎င်းက ထည့်သွင်းကြေညာခဲ့သည်။
အစ္စရေးပြည်သူများအား တိုက်ခိုက်ရာတွင် အသုံးပြုသော လက်နက်များကို ဂျော်ဒန်မှတစ်ဆင့် အနောက်ဘက်ကမ်းဒေသသို့ သယ်ဆောင်နေခြင်းဖြစ်ကြောင်း ကတ်ဇ်၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
……………………………………………………….
(English Version)
Israel to build barrier along Jordan border: defense minister
JERUSALEM, March 3 (Xinhua) — Israel will begin constructing a 1.445-billion-U.S. dollar barrier along the border with Jordan in the coming months, Israeli Defense Minister Israel Katz said on Monday.
Katz outlined the plan during a tour of the Jordan Valley, stating in a video message that the 425-km barrier will stretch from the southern part of the Israeli-controlled Golan Heights, through the occupied West Bank, to the Samar sands, north of Eilat, in the south of the country.
The project, expected to be completed within three years, aims “to prevent weapons smuggling and terrorism, and strengthen settlements,” Katz said. He also announced plans to establish new military outposts along the barrier’s route to “reinforce our hold on the area.”
According to Katz, weapons smuggled from Jordan to the West Bank have been used in attacks against Israelis.
English Caption
Israeli troops are seen near the buffer zone fence on the eastern side of the Golan Heights, on Dec. 10, 2024.