Africa & Middle East
တရုတ်နိုင်ငံ၏ “နီကျား ၂” ဇာတ်ကားက ကမ္ဘာ့ပရိသတ်များကို ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ပြလျက်ရှိကြောင်း ကင်ညာ ပညာရှင်များပြောကြား

နိုင်ရိုဘီ၊ မတ် ၅ ရက် (ဆင်ဟွာ)
ဝင်ငွေစံချိန်များချိုးဖျက်ထားသော တရုတ်အန်နီမေးရှင်းရုပ်ရှင် “နီကျား ၂” သည် တရုတ်ယဉ်ကျေးမှု၏ ကြွယ်ဝမှု၊ လှပမှုနှင့် စစ်မှန်မှုတို့၌ ကမ္ဘာ့ပရိသတ်များ၏ နှစ်သက်အားပေးမှုကို ပိုမိုရရှိခဲ့ကြောင်း ကင်ညာ ဆရာမတစ်ဦးက ပြောပြခဲ့သည်။
ကင်ညာနိုင်ငံရှိ ဒုတိယသက်တမ်းအရင့်ဆုံး တက္ကသိုလ် Kenyatta University ၏ ကွန်ဖြူးရှပ်အင်စတီကျုတွင် တရုတ်ဘာသာသင်ကြားနေသော ဆရာမ စူစန် ဝါချီရာက ကမ္ဘာတစ်ဝန်း ဝင်ငွေမြင့်မားနေသည့် တရုတ်အန်နီမေးရှင်းရုပ်ရှင်က “တရုတ်ယဉ်ကျေးမှုရဲ့ မလေ့လာရသေးတဲ့ ရှုထောင့်များ” ကို တင်ဆက်ပေးရာမှာ ပြောင်မြောက်သောလက်ရာတစ်ခုဖြစ်သည်ဟု ဆိုသည်။
“ကျွန်မ နီကျား ၁ လည်းကြည့်ဖူးပါတယ်။ ကျွန်မအရင်က မလေ့လာဖူးသေးတဲ့ တရုတ်ယဉ်ကျေးမှုရဲ့ မြင်ကွင်းအသစ်တစ်ခုလုံးကို ဖော်ပြလိုက်တာပါပဲ။ အထူးသဖြင့် ဒဏ္ဍာရီလာရှုထောင့်တွေပေါ့။ တကယ့်ပဲ အာရုံကိုဖမ်းစားထားနိုင်တယ်” ဟု ဝါချီရာက မကြာသေးမီက ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုမှာ ပြောပြခဲ့သည်။
“နီကျား ၂” သည် ကမ္ဘာတစ်ဝန်းဝင်ငွေရရှိမှုတွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်လွန်သွားသော ဟောလိဝုဒ်ကမဟုတ်သည့် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး ဆွဲဆောင်မှုရှိသည့် ဇာတ်ကြောင်းတင်ဆက်မှု၊ နောက်ဆုံးပေါ် အန်နီမေးရှင်းနှင့် နင့်နင့်နဲနဲစိတ်ခံစားမှု စသည်တို့အတွက် အကျယ်တဝင့် ချီးကျူးမှုများလည်း ရရှိထားကြောင်း မီဒီယာသတင်းများအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1Ek

စင်ကာပူနိုင်ငံရှိ The Projector ရုပ်ရှင်ရုံတွင် “နီကျား ၂” တရုတ်အန်နီမေးရှင်းရုပ်ရှင် ပွဲဦးထွက်ပြသပွဲသို့ တက်ရောက်လာသူများကို ၂၀၂၅ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Kenyan scholars hail China’s “Ne Zha 2” for showcasing cultural heritage to global audiences
NAIROBI, March 5 (Xinhua) — The record-breaking Chinese animated film “Ne Zha 2” is raising the bar in immersing global audiences in the richness, beauty and authenticity of Chinese culture, a Kenyan teacher has said.
Susan Wachira, a Chinese-language teacher at the Confucius Institute of Kenyatta University, Kenya’s second-oldest university, said the highest-grossing animated movie globally is a masterpiece in presenting “the unexplored aspects of Chinese culture.”
“I have watched ‘Ne Zha 1.’ It showed a whole new dimension of Chinese culture that I had not explored before, especially its mythical aspects, and it is very captivating,” Wachira said in a recent interview with Xinhua.
“Ne Zha 2,” the first non-Hollywood film to surpass two billion U.S. dollars in global earnings, has garnered widespread acclaim for its persuasive storytelling, cutting-edge animation and emotional depth, according to media reports. xhtxs.cn/1Ek
Children pose for photos in front of a poster during the premiere of the Chinese animated film “Ne Zha 2” at The Projector movie theater in Singapore, on March 2, 2025. (Xinhua/Then Chih Wey)
Photo 2: People attend the premiere of the Chinese animated film “Ne Zha 2” at The Projector movie theater in Singapore, on March 2, 2025. (Xinhua/Then Chih Wey)