Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာနှင့် လီဗာပူးလ်တို့ ကံကြမ္မာဖေးမမှုနှင့်အတူ အရေးပါသော ချန်ပီယံလိဂ် နိုင်ပွဲများ ရယူနိုင်ခဲ့
မတ် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွင် ဘာစီလိုနာက ဘင်ဖီကာအား အဝေးကွင်း၌ ပွဲချိန်မိနစ် ၇၀ တိုင်အောင် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပြီး ရာဖင်ညာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘာစီလိုနာအသင်းမှာ ပွဲချိန်ပြည့်နီးပါး ဘင်ဖီကာ၏ ဖိအားပေးခြင်းကိုလည်း ခံခဲ့ရသည်။
ပွဲချိန် ၂၂ မိနစ်တွင် နောက်ခံလူ ပါအူး ကူဘာစီက last defender အနေအထားမှ ဘင်ဖီကာတိုက်စစ်မှူး ဗန်ဂယ်လစ်စ် ပက်ဗ်လီဒီစ်အား ဆွဲလှဲခဲ့သဖြင့် ထုတ်ပယ်ခံရပြီးနောက် ဘာစီလိုနာအနေဖြင့် ကစားသမား ၁၀ ဦးတည်းဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ ယင်းမတိုင်မီတွင် ဒါနီ အိုလ်မို၏ ဂိုးကန်သွင်းမှာ ဂိုးပေါက်နှင့် အနည်းငယ်လွဲချော်ခဲ့သည်။ လူတစ်ယောက်လျော့သွားပြီးနောက် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အိုလ်မို၏နေရာတွင် နောက်ခံလူ ရော်နယ် အာရူဟိုနှင့် လူစားလဲလှယ်ခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင် လီဗာပူးလ်က ပီအက်စ်ဂျီအား အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင်ကစားသမား ဟာဗေး အဲလိယော့က သွင်းယူပေးခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီက အချိန်ပြည့်နီးပါး ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီး ယခုထက် များစွာပိုမိုကောင်းမွန်သော ရလဒ်နှင့် ထိုက်တန်သည့် ခြေစွမ်းမျိုးကို ပြသခဲ့သည်။
…..
— ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်က လေဗာကူဆင်အား ဂိုးပြတ်အနိုင်ရရှိ
မတ် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က လေဗာကူဆင်အား ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့သည်။
ပွဲကစားချိန် မိနစ် ၆၀ ၌ လေဗာကူဆင်အသင်းမှ မူကီလီက ကင်စလေ ကိုးမန်းအား ကွင်းလယ်၌ ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် လေဗာကူဆင်၏ အခြေအနေမှာ ပိုမိုမျှော်လင့်ချက်မဲ့သွားခဲ့ပြီး ဇာဗီ အလွန်ဆို၏ လေဗာကူဆင်အသင်းမှာ ၁၀ ဦးတည်းဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။
“ကျွန်တော်တို့အနေနဲ့ ဒုတိယအကျော့ကို ဖြတ်ကျော်နိုင်ဖို့ ဒီနေ့လိုမျိုးပဲ စွမ်းဆောင်နိုင်ဖို့လိုပါတယ်။ ဒီအရှိန်အဟုန်ကို မတ် ၁၁ ရက်အထိ ဆက်ထိန်းထားနိုင်ဖို့လိုပါတယ်” ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက ပြောကြားခဲ့သည်။
…..
— လီဘရွန်ဂျိမ်းစ်က ရမှတ် ၅၀,၀၀၀ ရယူနိုင်သည့် ပထမဆုံး NBA ကစားသမားဖြစ်လာ
လော့စ်အိန်ဂျလိစ် လိတ်ကာ ဘတ်စကက်ဘောအသင်း၏ တိုက်စစ်ကစားသမား လီဘရွန်ဂျိမ်းစ်မှာ NBA ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ ပုံမှန်ပြိုင်ပွဲရာသီနှင့် playoff ပွဲစဉ် စုစုပေါင်းတွင် ရမှတ် ၅၀,၀၀၀ ရယူနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာခဲ့သည်။
ဂျိမ်းစ်အနေဖြင့် နယူးအော်လီယန်စ် ပယ်လီကင်စ်အသင်းနှင့် အိမ်ကွင်းပွဲစဉ် မယှဉ်ပြိုင်မီ ရမှတ် ၅၀,၀၀၀ ပြည့်မီရန် တစ်မှတ်လိုနေခြင်းဖြစ်ရာ အဆိုပါပွဲစဉ် ပထမပိုင်း၌ 3-pointer စောစောစီးစီး ရယူနိုင်ခဲ့ပြီးနောက် ယင်းအမှတ်အား ကျော်လွန်သွားခြင်းဖြစ်သည်။
…..
— အာရှချန်ပီယံလိဂ်တွင် ရှန်ဟိုင်းဆန်းဟွာက ကာဝါဆာကီ ဖရွန်တေးအား အနိုင်ရရှိ
မတ် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းဆန်းဟွာက ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါသွင်းဂိုးမှာ ပြိုင်ဘက်ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းမိရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၇၆ မိနစ်တွင် ဝီလ်ဆင် မန်နာဖာ၏ကန်ချက် ပြိုင်ဘက်ကစားသမား ကိုတာ တာကာအိနှင့်ထိကာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် ရှန်ဟိုင်းဆန်းဟွာအသင်း အနိုင်ဂိုးရရှိသွားခဲ့သည်။ (Xinhua)

………………………….
(English Version)
Barcelona, Liverpool both ride luck for big Champions League wins
Raphinha scored the only goal as FC Barcelona played for 70 minutes with a player less to win 1-0 at Benfica in the first leg of its Champions League last-16 tie after being under pressure for virtually the entire 90 minutes.
Barcelona, Liverpool both ride luck for big Champions League wins
At the other end, Dani Olmo fired just wide, before Barca was reduced to 10 men after just 22 minutes when Pau Cubarsi was sent off for bringing down Vangelis Pavlidis when he was the last defender. Barca coach Hansi Flick replaced Olmo with defender Ronald Araujo.
Meanwhile, Liverpool substitute Harvey Elliot scored the only goal as Liverpool won 1-0 at Paris Saint-Germain, who deserved much more from a game they dominated almost from start to finish.
…..
Dominant Bayern sweeps past Leverkusen in Champions League
Bayern Munich took a major step towards the Champions League quarterfinals with a commanding 3-0 victory over Bayer Leverkusen in the first leg of its last-16 tie on Wednesday.
Leverkusen’s night worsened when Mukiele was shown a second yellow card for a foul on Coman in midfield on the hour mark, leaving Xabi Alonso’s side with ten men.
“We need to perform like we did today in the second leg to go through. We need to keep the momentum going until Tuesday,” said Bayern coach Vincent Kompany.
…..
LeBron James becomes first NBA player to reach 50,000 points
Los Angeles Lakers forward LeBron James became the first player in NBA history to score 50,000 combined points in the regular season and playoffs on Tuesday.
James entered the home game against the New Orleans Pelicans one point shy of the 50,000-point mark and surpassed it with a 3-pointer early in the first quarter.
…..
Shanghai Shenhua beats Kawasaki Frontale in Asian Champions League
Wilson Manafa forced an own goal as Shanghai Shenhua beat Japan’s Kawasaki Frontale 1-0 in the first leg of round of 16 of Asian Champions League here on Wednesday.
Shenhua broke the deadlock in the 76th minute, when Manafa’s shot was deflected by kota Takai into the back of the net.