Connect with us

မြန်မာ-ENG

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းတွင် လူသားချင်းစာနာမှုအကျပ်အတည်း အဟန့်အတားဖြစ်နေခြင်းကြောင့် အာဖရိကတွင် မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူ ၂၆၀ ဦးအထိ ရှိလာ

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း North Kivu ပြည်နယ် ဂိုမာမြို့တွင် မျောက်ကျောက်ရောဂါ ကာကွယ်ရေးအသိပညာပေးကမ်ပိန်းအတွင်း လက်ဆေးနေကြသောဒေသခံများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဒစ်အဘာဘာ၊ မတ် ၈ ရက် (ဆင်ဟွာ)
အာဖရိကတွင် လက်ရှိဖြစ်ပွားနေသော မျောက်ကျောက်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၂၀၂၅ ခုနှစ်မှစ၍ ၂၆၀ ဦးအထိ ရောက်ရှိလာခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူဦးရေ ၂၄,၂၀၀ ကျော်လွန်လာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) ထံမှ သိရသည်။
အာဖရိကတိုက်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ မျောက်ကျောက်ရောဂါဖြစ်ပွားမှုအရေအတွက် ၂၄,၂၇၂ ဦးရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အတည်ပြုလူနာ ၆,၀၃၄ ဦးနှင့် သေဆုံးသူ ၂၆၀ ခန့် ရှိကြောင်း Africa CDC အမှုဆောင်ရုံးအကြီးအကဲ Ngashi Ngongo က မတ် ၆ ရက် ညနေပိုင်းက အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အာဖရိက သမဂ္ဂ၏ အထူးကျန်းမာရေးအေဂျင်စီမှ အချက်အလက်များအရ ယခင်သီတင်းပတ် တစ်ပတ်အတွင်း၌ပင် အာဖရိကနိုင်ငံ ၁၁ နိုင်ငံတွင် အသစ်ထပ်တိုးသောရောဂါဖြစ်ပွားသူ ၂,၆၁၀ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1LD

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း North Kivu ပြည်နယ် ဂိုမာမြို့ Nyiragongo နယ်မြေရှိ ဆေးရုံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားနေသော ကလေးငယ်တစ်ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Mpox deaths reach 260 in Africa as humanitarian crisis in eastern DRC hampers response
ADDIS ABABA, March 8 (Xinhua) — The death toll from Africa’s ongoing mpox outbreak has reached 260 since 2025, with total cases surpassing 24,200, according to the Africa Centers for Disease Control and Prevention (Africa CDC).
During an online media briefing on Thursday evening, Ngashi Ngongo, head of the Executive Office at the Africa CDC, said the African continent has reported 24,272 mpox cases since the start of the year. Of these, 6,034 were confirmed and about 260 related deaths were recorded.
Data from the African Union’s specialized healthcare agency show that in the past week alone, 11 African countries reported 2,610 new cases. xhtxs.cn/1LD
Photo 1: Local residents wash hands during an awareness campaign against mpox in Goma, North Kivu province, eastern Democratic Republic of the Congo (DRC), on Dec. 12, 2024. (Photo by Zanem Nety Zaidi/Xinhua)
Photo 2: A child caught mpox is seen at a hospital in the Nyiragongo territory near Goma, North Kivu province, eastern Democratic Republic of the Congo (DRC), on Aug. 15, 2024. (Photo by Zanem Nety Zaidi/Xinhua)