Connect with us

Politics, Law & Military

တရုတ်၊ အီရန်နှင့် ရုရှားတို့က ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို မတ်လအတွင်း ပြုလုပ်မည်

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ရေတပ်များက မတ်လအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။“Security Belt-2025” ဟု အမည်ဝှက်ပေးထားသော အဆိုပါ စစ်ရေးလေ့ကျင့်မှုအား အီရန်ဆိပ်ကမ်းမြို့ ချာဘာဟာအနီး နယ်နိမိတ်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်စစ်ရေယာဉ်စုတွင် ဖျက်သင်္ဘောတစ်စင်းနှင့် ထောက်ပို့သင်္ဘောတစ်စင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်၌ ပင်လယ်ရေကြောင်း ပစ်မှတ်များကို ချေမှုန်းခြင်း၊ အထိအခိုက် အပျက်အစီး ထိန်းချုပ်ခြင်း၊ ပူးတွဲရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများမှ ရေတပ်များအကြား စစ်ဘက်ဆိုင်ရာ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေး၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1MR
……………………………………………………………………
(English Version)
China, Iran and Russia to conduct joint naval exercise in March
BEIJING, March 9 (Xinhua) — The Chinese, Iranian and Russian navies will conduct a joint exercise in March, China’s Ministry of National Defense announced on Sunday.
The exercise, codenamed “Security Belt-2025,” is set to take place in areas near the Iranian port of Chabahar, the ministry said. The Chinese fleet includes a destroyer and a supply ship.
The exercise plan includes drills on striking maritime targets, damage control, as well as joint search and rescue. The aim is to strengthen military mutual trust and foster pragmatic cooperation among the naval forces of the participating countries, the ministry added. xhtxs.cn/1MR

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.