Connect with us

Africa & Middle East

ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ဒုတိယအဆင့်အတွက် ဆွေးနွေးမှုများ စတင်ရန် လိုအပ်ကြောင်း ဟားမက်စ်အဖွဲ့ ထပ်လောင်းပြောကြား

ဂါဇာ‌ဒေသ အလယ်ပိုင်း အယ်လ်-နူဆီရတ် ဒုက္ခသည်စခန်း၌ အစ္စရေးဓားစာခံ သုံးဦးအား နိုင်ငံတကာ ကြက်ခြေနီကော်မတီထံ လွှဲပြောင်းပေးစဉ်အတွင်း ဟားမက်စ်အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ Al-Qassam Brigades အဖွဲ့ဝင်များနှင့် အစ္စရေးဓားစာခံတစ်ဦးအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၉ ရက် (ဆင်ဟွာ)

‌ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ဒုတိယအဆင့် စတင်ရန်နှင့် ဂါဇာဒေသသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခွင့်ပြုရန် လိုအပ်ကြောင်း ဟားမက်စ်အဖွဲ့က မတ် ၉ ရက်၌ ထပ်လောင်းပြောကြားခဲ့သည်။ဟားမက်စ်ခေါင်းဆောင်ပိုင်းမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ကိုင်ရိုမြို့တွင် အီဂျစ်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုနှင့် အကျဉ်းသားလဲလှယ်မှုတို့ကို အဆင့်အသီးသီးဖြင့် အကောင်အထည်ဖော်ရေး ကိစ္စရပ်များအား အပြုသဘောဆောင်၍ တာဝန်သိစွာဖြင့် ဆွေးနွေးခဲ့ကြောင်း ဟားမက်စ်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အနောက်ဘက်ကမ်းဒေသရှိ ရာမာလာမြို့တွင် ပြန်လွတ်မြောက်လာသော ပါလက်စတိုင်း အကျဉ်းသားတစ်ဦးအား ကြိုဆိုနေသူများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သဘောတူညီချက်ပါ စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း ၎င်းကိုယ်စားလှယ်အဖွဲ့က အလေးအနက်ပြောကြားခဲ့ပြီး ဒုတိယအဆင့် ဆွေးနွေးညှိနှိုင်းမှုများ အမြန်ဆုံးစတင်ရေး၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ဂါဇာဒေသသို့ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင်ရေးအတွက်လည်း တိုက်တွန်းထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ်၊ ကာတာနှင့် အမေရိကန်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခဲ့သည့် အစ္စရေးနှင့် ဟားမက်စ်ကြား အဆင့်သုံးဆင့်ပါဝင်သော ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ဇန်နဝါရီ ၁၉ ရက်က စတင်အသက်ဝင်လာခဲ့သော်လည်း မတ် ၁ ရက်၌ ၄၂ ရက်ကြာ ကနဦးအဆင့် သဘောတူညီမှု သက်တမ်းကုန်ဆုံးသွားပြီးနောက် ဒုတိယအဆင့်အတွက် ဆွေးနွေးမှုများမှာ ရပ်တန့်နေဆဲဖြစ်သည်။ (Xinhua)
—————-

(English Version)
Hamas reiterates need for second phase of Gaza peace deal
GAZA, March 9 (Xinhua) — Hamas on Sunday reiterated the need to start the second phase of the Gaza ceasefire negotiations and allow relief supplies to enter Gaza.
A delegation from the Hamas leadership met with the Egyptian side in Cairo, where issues were discussed “in a positive and responsible spirit,” especially the implementation of the ceasefire agreement and the exchange of prisoners in various stages, Hamas said in a statement.
The delegation stressed the need to adhere to the terms of the agreement and called for an immediate start of the second phase of negotiations, the reopening of border crossings, and the unrestricted entry of aid into Gaza, the statement said.
A three-phase Gaza ceasefire deal between Israel and Hamas, brokered by Egypt, Qatar, and the United States, took effect on Jan. 19. However, negotiations for the second phase remain stalled after the initial 42-day phase expired on March 1.
English Caption 1
Members of the Al-Qassam Brigades, the armed wing of Hamas, and an Israeli hostage are seen during the handover of three Israeli hostages to the International Committee of the Red Cross, in the al-Nuseirat refugee camp, in central Gaza, on Feb. 22, 2025. Photo by Rizek Abdeljawad/Xinhua)
English Caption 2
People welcome a released Palestinian prisoner in the West Bank city of Ramallah, Feb. 8, 2025.(Photo by Ayman Nobani/Xinhua)