Asia
အားကစားပြိုင်ပွဲကြီးနှင့် အခမ်းအနားကြီးများ ကျင်းပခဲ့သည့် မတ်လအတွင်း တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ခရီးသွားဧည့်သည် ၃.၄ သန်းကျော် လာရောက်လည်ပတ်

ဟောင်ကောင်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၌ အားကစားပြိုင်ပွဲကြီးနှင့် အခမ်းအနားကြီးများ အများအပြား ပြုလုပ်ခဲ့ခြင်းကြောင့် မတ် ၂၈ ရက်အထိ ယခုလအတွင်း တရုတ်ပြည်မကြီးမှ တရုတ်လူမျိုးမဟုတ်သော ခရီးသွား ၉၆၀,၀၀၀ ခန့် အပါအဝင် ခရီးသွားဧည့်သည် ၃.၄ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အတွင်းဝန် ပေါလ်ချန်က ပြောကြားခဲ့သည်။
ချန်က မတ် ၃၀ ရက်၌ ကျင်းပပြီးစီးခဲ့သော အထင်ကရ ရပ်ဂ်ဘီအားကစားပြိုင်ပွဲဖြစ်သည့် Hong Kong Sevens မှာ ပျော်ရွှင်ဖွယ် ပတ်ဝန်းကျင်ကို အမြင့်ဆုံးသို့ မြှင့်တင်ပေးခဲ့ကြောင်း ဘလော့ဂ်ပို့စ်တစ်ခု၌ အလေးထားပြောဆိုခဲ့သည်။ မတ်လ၌ အသစ်ဖွင့်လှစ်လိုက်သော Kai Tak Sports Park အားကစားရုံမှာ အားကစားပွဲများအတွက် ကမ္ဘာ့အဆင့်မီ အဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သော ပိုမိုကြီးမားသည့် အားကစားရုံတစ်ရုံဖြစ်ကာ စံချိန်တင် ပရိသတ်ဦးရေ ၁၄၀,၀၀၀ အထိ လာရောက်ကြည့်ရှုမည်ဟု မျှော်လင့်ရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2nN
………………..
(English Version)
Hong Kong’s mega-event March sees over 3.4 mln visitors
HONG KONG, March 31 (Xinhua) — Hong Kong recorded more than 3.4 million visitors in March as of Friday, up about 12 percent year-on-year, including around 960,000 non-Chinese mainland tourists, boosted by a slew of mega events held in Hong Kong this month, Paul Chan, financial secretary of the Hong Kong Special Administrative Region (HKSAR) government, has said.
In a blog post on Sunday, Chan highlighted the Hong Kong Sevens, a major rugby event concluding on Sunday, which has elevated the festive atmosphere to new heights. The Kai Tak Sports Park, freshly opened in March, offers a larger venue with world-class facilities for the matches, with expected attendance reaching a record 140,000.
English Caption
This photo taken on Feb. 1, 2025 shows a city view of Hong Kong, south China. (Xinhua/Chen Duo)