Europe
ယူကရိန်း၌ ပြည်ပတပ်ဖွဲ့ အခြေစိုက်မှုမှန်သမျှသည် ရုရှားအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြော

မော်စကို၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ၌ ပြည်ပတပ်ဖွဲ့ အခြေချတပ်စွဲမှု မှန်သမျှကို ရုရှားနိုင်ငံအား ခြိမ်းခြောက်မှုအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဧပြီ ၉ ရက်၌ ပြောကြားခဲ့သည်။
“ယူကရိန်းမှာ အလံနဲ့ အမှတ်သင်္ကေတတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် လုပ်ပိုင်ခွင့် ကြေညာတာပဲဖြစ်ဖြစ် ပြည်ပတပ်ဖွဲ့တွေရဲ့ ဘယ်လိုအခြေချတပ်စွဲမှုကိုမဆို ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် မှတ်ယူသွားမှာပါ” ဟု ဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထိုကဲ့သို့ စစ်ရေးအရ အခြေစိုက်ခြင်းက ရုရှားနိုင်ငံနှင့် အဆိုပါမစ်ရှင်များတွင် ပါဝင်သော နေတိုးအဖွဲ့ဝင်နိုင်ငံများကြား၊ ယုတ်စွအဆုံး နေတိုးမဟာမိတ်အဖွဲ့ တစ်ခုလုံးနှင့်ပါ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်တွေ့နိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းက သတိပေးခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပဲရစ်မြို့တွင် မတ် ၂၇ ရက်၌ ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းအား ပံ့ပိုးကူညီမည့် အစီအမံအများအပြားကို ကြေညာခဲ့သည်။ ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည်ဆိုလျှင် ယူကရိန်းရှိ မဟာဗျူဟာကျသော နေရာများ၌ ဆန္ဒအလျောက် ပါဝင်လိုသော အီးယူအဖွဲ့ဝင်နိုင်ငံအချို့မှ “စောင့်ကြည့်အာမခံရေး တပ်ဖွဲ့ဝင်များ” ဖြန့်ကြက်ချထားရန်လည်း မက်ခရွန်က အဆိုပြုခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ကမူ ယူကရိန်း၌ ဥရောပတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမည့် အလားအလာမှာ ရုရှားအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်နှင့် စပ်လျဉ်း၍ လုံးဝအလျှော့ပေးစရာ မရှိဟု ရုရှားအနေဖြင့် ရှုမြင်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
Any foreign military presence in Ukraine is threat to Russia: spokesperson
MOSCOW, April 9 (Xinhua) — The presence of any foreign troops in Ukraine would be seen as a threat to Russia, Russian Foreign Ministry spokesperson Maria Zakharova said Wednesday.
“Any foreign military presence in Ukraine, regardless of the flag, signs, or declared mandates, will be considered by the Russian Federation as a threat to the security of our country,” Zakharova told a press briefing.
She warned that such military presence poses the risk of direct confrontation between Russia and NATO members involved in such missions, and ultimately the entire alliance.
French President Emmanuel Macron unveiled a range of initiatives to support Ukraine at a summit in Paris on March 27. He proposed to deploy “reassurance forces” from a few willing EU member states to strategic locations in Ukraine should a peace agreement be reached with Russia.
Russian Foreign Minister Sergei Lavrov has said that the potential deployment of European troops to Ukraine would be a threat to Russia and that Moscow sees “no room for compromise” on the issue. ■
English Caption
Russian Foreign Ministry spokesperson Maria Zakharova attends a weekly briefing on March 23, 2023. (Russian Foreign Ministry photo)