Africa & Middle East
ဂါဇာဒေသအား တိုက်ခိုက်မှုများကို ရပ်တန့်ရန် နေတန်ယာဟုအား မက်ခရွန် တိုက်တွန်း

ပဲရစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုတို့ မတ် ၃၀ ရက်က ဆွေးနွေးစဉ်အတွင်း ဂါဇာဒေသအား တိုက်ခိုက်မှုများကို ရပ်တန့်ရန် မက်ခရွန်က အစ္စရေးအား တိုက်တွန်းခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် အစ္စရေးဝန်ကြီးချုပ်နှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ်အတွင်း အပစ်အခတ်ရပ်စဲမှုကို ပြန်လည်အသက်သွင်းရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရေးအတွက် ဂါဇာဒေသအား တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း မက်ခရွန်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ မတ် ၃၀ ရက် ညနေခင်းက ထုတ်ပြန်ကြေညာခဲ့သည်။
“မိမိတို့အနေနဲ့ အာရပ် ပြန်လည်တည်ဆောက်ရေး စီမံချက်ကိုရော နှစ်ဖက်ပြည်သူတွေအတွက် ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ့် နှစ်နိုင်ငံဖြေရှင်းမှု နည်းလမ်းအပေါ် အခြေခံတဲ့ နိုင်ငံရေးအခင်းအကျင်းဆီ မုချ ပြန်လည်ဦးတည်ရေးအတွက်ပါ ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု မက်ခရွန်က ပြောကြားခဲ့သည်။ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းခြင်း သို့မဟုတ် အတင်းအဓမ္မ သိမ်းပိုက်ခြင်း စသော လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ထို့ပြင် လက်ဘနွန်၌ ကတိကဝတ်ပြုထားသည့် အပစ်အခတ်ရပ်စဲမှုကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ရန်လည်း မက်ခရွန်က အစ္စရေးအား တိုက်တွန်းခဲ့သည်။ “အဲဒီတောင်းဆိုချက်ကို ဘက်အသီးသီးက ကိုင်တွယ်ဖြေရှင်းရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2nA
…………………..
(English Version)
Macron urges Netanyahu to halt attacks on Gaza
PARIS, March 30 (Xinhua) — French President Emmanuel Macron spoke with Israeli Prime Minister Benjamin Netanyahu on Sunday, urging Israel to stop its attacks on Gaza.
In the evening, Macron announced on social media platform X that he had spoken with Netanyahu, calling for an end to the strikes on Gaza to restore the ceasefire and enable the delivery of humanitarian aid.
“We will continue to work on the Arab reconstruction plan and on the essential return to a political horizon based on the two-state solution, which alone can bring peace and security to both peoples,” Macron stated. He emphasized that “any forced displacement or annexation would run counter to this perspective.”
He also urged Israel to strictly adhere to the ceasefire it had committed to in Lebanon. “This demand is addressed to all parties,” he noted.
English Caption
French President Emmanuel Macron (R) welcomes visiting Israeli Prime Minister Benjamin Netanyahu at the Elysee Palace in Paris, France, Feb. 2, 2023. (Photo by Rit Heize/Xinhua)