Connect with us

China

တံခါးဖွင့်၍ ပွင့်လင်းမြင်သာသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံအားပေးကြောင်း SCO အဖွဲ့ဝင်နိုင်ငံများ ကတိပြု

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စက်မှုလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က တံခါးဖွင့်၍ ပွင့်လင်းမြင်သာသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံအားပေးကြောင်း ကတိပြုသည့် ကြေညာချက်တစ်ရပ်ကို ဧပြီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အား ဗဟိုပြုလျက် တံခါးဖွင့်၍ ပွင့်လင်းမြင်သာသော၊ တရားမျှတ၍ အားလုံးပါဝင်ပြီး ခွဲခြားဆက်ဆံမှုမရှိသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထောက်ခံအားပေးကာ ပွင့်လင်းသော ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ကတိကဝတ်ပြုကြောင်း ထိုကြေညာချက်၌ ဖော်ပြထားသည်။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် WTO အား ဗဟိုပြုသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အခိုင်အမာ ထိန်းသိမ်းကာ ပိုမိုအားကောင်းအောင် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြထားသည်။
အဖွဲ့ဝင်နိုင်ငံများက WTO မူဘောင်အတွင်းမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးမှုများ၏ အရေးပါပုံကို ထပ်လောင်းအတည်ပြုခဲ့ပြီး တံခါးဖွင့်၍ အားလုံးပါဝင်သော၊ စဉ်ဆက်မပြတ်ဖြစ်၍ တည်ငြိမ်သော၊ ကဏ္ဍစုံ ဖြန့်ခွဲ၍ ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကွင်းဆက်တစ်ခုကို အထောက်အကူပြုရန် လိုအပ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်ဟု ယင်းကြေညာချက်အရ သိရသည်။ (Xinhua)
…………………….
(English Version)
SCO pledges support for open, transparent multilateral trading system
BEIJING, April 10 (Xinhua) — The Shanghai Cooperation Organization (SCO) on Thursday released a statement pledging support for an open and transparent multilateral trading system.
The SCO member states support an open, transparent, just, inclusive and non-discriminatory multilateral trading system with the World Trade Organization (WTO) at its core, and are committed to promoting the development of an open world economy, the statement said.
The member states firmly uphold and strengthen the multilateral trading system with the WTO at its core in order to effectively address trade challenges, it said.
The member states reaffirm the importance of strengthening development discussions within the WTO framework, and stress the need to support an open, inclusive, sustainable, stable, diversified and reliable global supply chain, per the statement.
English Caption
China-SCO Conference on Industrial Cooperation for Sustainable Development is held in north China’s Tianjin, April 10, 2025. (Xinhua/Zhao Zishuo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.