Environment, Disasters & Accidents
ကုလသမဂ္ဂက မြန်မာနိုင်ငံ၌ ငလျင်ဒဏ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၇၅ သန်း တောင်းခံ

ကုလသမဂ္ဂ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ဖျက်အားပြင်းငလျင် လှုပ်ခတ်မှုများကို တုံ့ပြန်ဆောင်ရွက်နေမှုအား အကူအညီပေးရေးအတွက် ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများက ဧပြီ ၁၁ ရက်၌ အမေရိကန်ဒေါ်လာ ၂၇၅ သန်း တောင်းခံခဲ့ကြောင်း သိရသည်။
ထိုရန်ပုံငွေမှာ လူပေါင်း ၁.၁ သန်းအား အရေးပေါ် အကူအညီများ ပေးအပ်ရေးအတွက် ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်မှုအစီအစဉ်၏ ထပ်တိုးရန်ပုံငွေဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အေဂျင်စီများနှင့် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများက သဘာဝဘေးသင့် ပြည်သူများကို အကူအညီပေးရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်း၊ ရေနှင့် အစားအစာ စသည့် အကူအညီများကို အလျင်အမြန် စုစည်းပြင်ဆင်လျက်ရှိသည်။
မြေပြင်၌ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ထပ်မံအားဖြည့်ပံ့ပိုးပေးသည့်အနေဖြင့် ငလျင်ဒဏ် တုံ့ပြန်ရေးအတွက် လွန်ခဲ့သော သီတင်းပတ်အနည်းငယ်က သတ်မှတ်ထားပြီးဖြစ်သည့် အမေရိကန်ဒေါ်လာ ငါးသန်းအပြင် ကုလသမဂ္ဂ ဗဟို အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ရန်ပုံငွေထဲမှ နောက်ထပ် ဒေါ်လာငါးသန်း ခွဲဝေသတ်မှတ်ခဲ့သည်ဟု ဒူဂျာရစ်က ဆိုသည်။ (Xinhua)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၌ နေအိမ်များ ပျက်စီးနေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………………………
(English Version)
UN launches 275-mln-USD appeal for Myanmar’s earthquake response
UNITED NATIONS, April 11 (Xinhua) — The United Nations and its partners on Friday launched an appeal worth 275 million U.S. dollars to support Myanmar’s response to the devastating earthquakes.
The fund is an addendum to the 2025 Humanitarian Needs and Response Plan to reach 1.1 million people with urgent aid and assistance, Stephane Dujarric, spokesman for the UN secretary-general, said at a daily briefing.
UN agencies, with its partners, have rapidly mobilized aid, including medical care, shelter, water, and food, to help people affected.
To further strengthen efforts on the ground, the UN Central Emergency Response Fund has allocated an additional 5 million dollars for the earthquake response, on top of the 5 million dollars already provided a few weeks ago, Dujarric said. xhtxs.cn/2I0
English Caption 1
The sixth batch of emergency humanitarian aid dispatched by the Chinese government arrives at Yangon International Airport in Myanmar on April 11, 2025. (Xinhua/Myo Kyaw Soe)
English Caption 2
This photo shows damaged houses in Tada-U Town of Mandalay, Myanmar, April 2, 2025. (Xinhua/Myo Kyaw Soe)