Environment, Disasters & Accidents
မြန်မာနိုင်ငံ နေပြည်တော်တွင် ၉၁ နာရီကြာ ပိတ်မိနေသော အမျိုးသမီးကြီးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ၉၁ နာရီကြာ အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ယနေ့ (ဧပြီ ၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဘေးကင်းစွာ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ထုတ်နိုင်ခဲ့သော အမျိုးသမီးအား နေပြည်တော် အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသည် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့မှ အဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်တွင် ၉၁ နာရီကြာ ပိတ်မိနေသော အမျိုးသမီးကြီးတစ်ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန)
…………………………
(English Version)
Woman rescued after 91 hours under rubble in Myanmar’s Nay Pyi Taw
YANGON, April 1 (Xinhua) — A 63-year-old woman trapped under debris for 91 hours after a powerful earthquake in Myanmar was rescued on Tuesday in Nay Pyi Taw, the Myanmar Fire Services Department (MFSD) reported.
The MFSD rescue team discovered her alive at around 7:58 a.m. local time in Zabuthiri township and safely pulled her out by 9:15 a.m., the report said.
She was then transported to the Nay Pyi Taw General Hospital for medical care, it added.
The MFSD has been conducting the search and rescue operations in collaboration with teams from China, Russia, and India, according to the department