Connect with us

Politics, Law & Military

သမ္မတရှီ၏ ယခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်များမှာ အလွန်အရေးပါကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏မြို့တော် ဟန်ကျိုးမြို့၌ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန် သီဟာမိုနီတို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အနေဖြင့် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်များမှာ ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်များဖြစ်ကာ တရုတ်နိုင်ငံနှင့် အဆိုပါ သုံးနိုင်ငံအတွက်သာမက အာဆီယံ အသိုက်အဝန်းတစ်ခုလုံးနှင့်ပါ အဘက်ဘက်မှ ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းရေးအတွက် အလွန်အရေးပါကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ထိုခရီးစဉ်များက ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရှိန်အဟုန်သစ်များကို ဖြည့်တင်းပေးနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၁၁ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Luong Cuong တို့၏ ဖိတ်ကြားချက်အရ ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။

ထို့ပြင် သမ္မတရှီက မလေးရှားနိုင်ငံဘုရင် စူလ်တန် အီဘရာဟင်၊ ကမ္ဘောဒီးယားနိုင်ငံဘုရင် နိုရိုဒွန် သီဟာမိုနီတို့၏ ဖိတ်ကြားချက်အရ ဧပြီ ၁၅ ရက်မှ ၁၈ ရက်အထိ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့လည်း နိုင်ငံတော်အဆင့် ခရီးစဉ်များအဖြစ် ဆက်လက်သွားရောက်မည်ဟု သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အနီးဝန်းကျင် ဒေသများနှင့် သံခင်းတမန်ခင်း ဆောင်ရွက်မှုများကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသမှာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများအဖြစ် ကံကြမ္မာအကျိုးတူဖြစ်ကြောင်း လျင်က အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………….
(English Version)
Xi’s first overseas visits this year are of great significance: spokespersonBEIJING, April 11 (Xinhua) — The upcoming visits by Chinese President Xi Jinping to Vietnam, Malaysia and Cambodia are his first trips abroad this year and hold significant importance for the overall development of China’s relations with the three countries and ASEAN as a whole, a Chinese foreign ministry spokesperson said on Friday.Spokesperson Lin Jian told a daily press briefing that the visits are also expected to inject new momentum for peace and development in the region and the world at large.Xi, also general secretary of the Communist Party of China Central Committee, will pay a state visit to Vietnam from April 14 to 15, at the invitation of General Secretary of the Communist Party of Vietnam Central Committee To Lam and President of the Socialist Republic of Vietnam Luong Cuong.President Xi will also pay state visits to Malaysia and Cambodia from April 15 to 18, at the invitation of King of Malaysia Sultan Ibrahim and King Norodom Sihamoni of Cambodia.Lin said China prioritizes its diplomatic efforts in its neighboring regions, emphasizing that China and Southeast Asia share a common destiny as good neighbors, good friends and good partners.English CaptionChinese President Xi Jinping meets with Cambodian King Norodom Sihamoni in Hangzhou, capital city of east China’s Zhejiang Province, Sept. 23, 2023. (Xinhua/Yao Dawei)