North America
ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်စရိတ် ဖော်ပြမည့် အမေဇုံ၏သတင်းက အိမ်ဖြူတော်ကို ပူပန်စေ

ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်မီဒီယာများ၏ အတည်မပြုရသေးသော သတင်းနှင့်စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဧပြီ ၂၉ ရက်တွင် အစောဆုံး သဘောထား ထုတ်ပြန်ပြောကြားခဲ့ရာ အဆိုပါသတင်းတွင် အမေရိကန်၏ အွန်လိုင်း လက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီ အမေဇုံ (Amazon) က ကုန်ပစ္စည်းအရောင်းဈေးနှုန်းတွင် ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်စရိတ်အား ဖော်ပြရန် စီစဉ်ထားသောလုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအသွင်ဖော်ဆောင်တဲ့ လုပ်ရပ်” ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။
အမေဇုံသည် စားသုံးသူများထံ ကုန်ပစ္စည်းတိုင်း၏ဈေးနှုန်းတွင် စည်းကြပ်ခွန်ကြောင့် ထပ်တိုးလာသောစရိတ်ကို ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ထိုငွေပမာဏကို ကုန်ပစ္စည်း၏ စုစုပေါင်းဈေးနှုန်းနှင့် အတူဖော်ပြမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက် အစောပိုင်းက Punchbowl News သတင်းဝက်ဘ်ဆိုက်တွင် သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။
အမေဇုံ စီစဉ်ထားသည့် လုပ်ရပ်သည် “ရန်လိုပြီး နိုင်ငံရေးအသွင်ဖော်ဆောင်တဲ့ လုပ်ရပ်” တစ်မျိုးဖြစ်ကြောင်း ထိုနေ့က အိမ်ဖြူတော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ကာရိုလိုင်း လဲဗစ်ထ်က တုံ့ပြန်ဖြေကြားခဲ့သည်။ ဘိုင်ဒန်အစိုးရက ငွေကြေးဖောင်းပွမှုကို နှစ် ၄၀ အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်စဉ်တွင် “အမေဇုံက ဘာလို့ဒီလိုမလုပ်တာလဲ” ဟု ၎င်းက တန်ပြန်မေးခွန်းထုတ်ခဲ့သည်။ ယင်းသည် “အမေရိကန်သားတွေက အမေရိကန်ထုတ် ကုန်ပစ္စည်းတွေကို ဝယ်ယူသင့်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အိမ်ဖြူတော်က ထိုသို့ပြောကြားပြီးနောက် အမေဇုံ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အမေရိကန် CNBC ချန်နယ်တွင် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းက အဆိုပါကုမ္ပဏီသည် အချို့သောကုန်ပစ္စည်းများတွင်သာ စည်းကြပ်ခွန်ကုန်ကျစရိတ် ဖော်ပြရန် စဉ်းစားနေခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အလွန်တန်ဖိုးနည်း ဈေးဝယ်မှုအပိုင်း Amazon Haul တွင်သာဖြစ်ကာ အမေဇုံပလက်ဖောင်း တစ်ခုလုံးတွင် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်အစီအမံများကြောင့် ၎င်းပြည်တွင်းစီးပွားရေးလှုပ်ရှားမှုအပေါ် ထိုးနှက်မှုသည် တစ်ဆင့်ချင်းပေါ်လွင်လာနေကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရအပေါ် ပိုမိုကြီးမားသည့် ဖိအားများ သယ်ဆောင်လာကြောင်း အချို့သောမီဒီယာများက သတင်းဖော်ပြထားသည်။ သမ္မတ ထရမ့်နှင့် အိမ်ဖြူတော် အရာရှိများက စည်းကြပ်ခွန်စရိတ်ကို ကုန်သွယ်ရေးမိတ်ဖက်များက တာဝန်ခံရမည်ဟု အခိုင်အမာ ပြောကြားနေသော်လည်း အဆိုပါပြောဆိုချက်သည် စီးပွားရေးပညာရှင်နှင့် စီးပွားရေးလောက ပုဂ္ဂိုလ်များ၏ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခြင်းခံနေရသည်။ (Xinhua)
#US #Amazon #Tariffs #အမေရိကန် #အမေဇုံ #စည်းကြပ်ခွန်
———————————————
(Chinese Version)
商品要标注关税成本?亚马逊消息惹急白宫
新华社华盛顿4月29日电(记者熊茂伶)针对美国媒体一则未经证实的消息,白宫新闻秘书卡罗琳·莱维特29日第一时间表态,批评报道中有关美国在线零售巨头亚马逊计划就商品售价标注加征关税成本的做法是“敌对且政治化的行为”。
29日早些时候,美国“潘趣酒碗”新闻网站援引一位消息人士的话报道,亚马逊即将向消费者展示每件商品价格中因关税增加的成本,该金额将与商品总价一同显示。
当天在白宫举行的一场新闻发布会上,莱维特回应称,亚马逊计划中的做法是一种“敌对且政治化的行为”。她反问道,当拜登政府将通胀推高至40年来的最高水平时“亚马逊为什么没有这么做”?她还补充说,这是“美国人应该购买美国制造产品的另一个理由”。
白宫发表评论后,亚马逊一位发言人对美国消费者新闻与商业频道(CNBC)作出澄清,证实该公司仅考虑在部分商品上显示关税费用,而这些商品属于其超低价购物版块Amazon Haul,而非整个亚马逊平台。