Science & Technology
ကမ္ဘာမြေသို့အပြန်ယာဉ် အပြင်သို့ထွက်လာသော ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးများအားလုံး ကျန်းမာရေးကောင်းမွန်

ကျိုချွမ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၉ လူတင်အာကာသမစ်ရှင်၏ အာကာသယာဉ်မှူး သုံးဦးလုံးသည် ဧပြီ ၃၀ ရက် မွန်းလွဲပိုင်း၌ ကမ္ဘာမြေသို့အပြန်ယာဉ် (return capsule) အပြင်ဘက်ထွက်လာခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းမစ်ရှင်မှာ အောင်မြင်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ကြေညာခဲ့သည်။ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂:၁၇ နာရီတွင် ပေကျင်း လေကြောင်းနှင့် အာကာသထိန်းချုပ်ရေးစင်တာက မြေပြင်စခန်းမှတစ်ဆင့် ပြန်ထွက်ခွာလာရန်အမိန့်ထုတ်ပြန်ခဲ့ရာ ရှန်ကျိုး-၁၉ ၏ ပတ်လမ်းအာကာသယာဉ် (orbital capsule) က return capsule မှ ခွဲထွက်သွားခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာတွင် ရှန်ကျိုး-၁၉ လူလိုက်ပါအာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် အပြင်ဘက်ထွက်လာသည့် အာကာသယာဉ်မှူး ချိုက်ရွှိကျယ်အား ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယင်းနောက် ဘရိတ်အင်ဂျင်နိုးလာခဲ့ပြီး return capsule က တွန်းကန်ယာဉ်မှ ခွဲထွက်လာခဲ့သည်။ အဆိုပါ return capsule သည် မွန်းလွဲ ၁:၀၈ နာရီ၌ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာသို့ ဆင်းသက်ရောက်ရှိလာခဲ့ကြောင်း CMSA က ဆိုသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာတွင် ရှန်ကျိုး-၁၉ လူလိုက်ပါအာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် အပြင်ဘက်ထွက်လာသည့် အာကာသယာဉ်မှူး စုန့်လင့်တုန်းအား ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း အာကာသယာဉ်ဆင်းသက်နေရာတွင် ရှန်ကျိုး-၁၉ လူလိုက်ပါအာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန်ယာဉ် အပြင်ဘက်ထွက်လာသည့် အာကာသယာဉ်မှူး ဝမ်ဟောက်ကျယ်အား ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မွန်းလွဲ ၂:၀၂ နာရီတွင်မူ ရှန်ကျိုး-၁၉ အာကာသယာဉ်မှူးအားလုံးသည် return capsule မှ အပြင်သို့ ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် အာကာသအတွင်း ၁၈၃ ရက် နေထိုင်ခဲ့ကြပြီး အားလုံးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း CMSA က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
All Shenzhou-19 astronauts out of return capsule in good health
JIUQUAN, April 30 (Xinhua) — The three astronauts of the Shenzhou-19 crewed mission were all out of the return capsule on Wednesday afternoon, and the China Manned Space Agency (CMSA) declared the mission a success.
At 12:17 p.m. (Beijing Time), the Beijing Aerospace Control Center issued a return command through the ground station, and the orbital capsule of the Shenzhou-19 spaceship separated from the return capsule.
Then the brake engine ignited, and the return capsule separated from the propulsion capsule. The return capsule touched down at 1:08 p.m. at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, the CMSA said.
By 2:02 p.m., the Shenzhou-19 crew had all left the return capsule. They had spent 183 days in orbit and are all in good health, the CMSA said.
Photo 1: The return capsule of the Shenzhou-19 crewed spaceship, carrying astronauts Cai Xuzhe, Song Lingdong and Wang Haoze, touches down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, April 30, 2025. (Xinhua/Lian Zhen)
Photo 2: Astronaut Cai Xuzhe is out of the return capsule of the Shenzhou-19 crewed spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, April 30, 2025. (Xinhua/Li Xin)
Photo 3: Astronaut Song Lingdong is out of the return capsule of the Shenzhou-19 crewed spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, April 30, 2025. (Xinhua/Li Xin)
Photo 4: Astronaut Wang Haoze is out of the return capsule of the Shenzhou-19 crewed spaceship at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, April 30, 2025. (Xinhua/Li Xin)