Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပွဲပန်းနေသည့် ဘာစီလိုနာနှင့် အင်တာမီလန်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်မည်
ဧပြီ ၃၀ ရက် ညပိုင်းတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် ဘာစီလိုနာနှင့် အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ထိုပွဲစဉ်တွင် နှစ်သင်းစလုံးအနေဖြင့် ပွဲပန်းသည့်ဒဏ်ကို ခံရဖွယ်ရှိသည်။
ဘာစီလိုနာအနေဖြင့် ဧပြီ ၂၆ ရက် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် အချိန်ပို၌ သွင်းယူခဲ့သော ဂျူးစ်ခွန်ဒဲ၏ အနိုင်ဂိုးဖြင့် ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား ၃-၂ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘာစီလိုနာအနေဖြင့် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး အရှုံးမှ အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ခြင်းက အသင်း၏ စိတ်ဓာတ်ပိုင်းကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်သော်လည်း ကစားသမားများအဖို့ ထိုပွဲစဉ်တွင် အချိန်ပိုအထိ ယှဉ်ပြိုင်ကစားခဲ့ရခြင်းက နည်းပြဟန်ဆီဖလစ်ခ်အတွက် စိန်ခေါ်မှုများ ရှိလာခဲ့သည်။
အဓိကကစားသမားများဖြစ်သည့် ခွန်ဒဲ၊ လာမင်း ယမားလ်၊ ရာဖင်ညာ၊ ဖရန်ကီ ဒီဂျောင်နှင့် အင်နီဂို မာတီနက်ဇ်တို့မှာ ထိုပွဲစဉ်၌ မိနစ် ၁၀၀ ကျော် ပါဝင်ကစားခဲ့ရသည်။ ထို့အတူ အလီဟန်ဒရို ဘာလ်ဒေနှင့် ရောဘတ် လီဝန်ဒေါစကီးတို့ ဒဏ်ရာရရှိနေသည့်အတွက် ဘာစီလိုနာအနေဖြင့် အဓိက ကစားသမားနှစ်ဦးကို ဆုံးရှုံးရမည့်အပြင် ပွဲထွက်ကစားသမား ၁၁ ဦးအား အပြောင်းအလဲလုပ်နိုင်စွမ်းလည်း လျော့ကျသွားမည်ဖြစ်သည်။
အင်တာမီလန် ကစားသမားများမှာလည်း Montjuic သို့ ထွက်ခွာချိန်တွင် ပွဲပန်းနေဖွယ်ရှိပြီး အင်တာမီလန်အနေဖြင့် ရာသီနှောင်းပိုင်းတွင် ခြေစွမ်းကျဆင်းလာသည့်အတွက် ချန်ပီယံလမ်းကြောင်းမှ သွေဖည်သွားနိုင်သည့် အလားအလာနှင့် ရင်ဆိုင်နေရသည်။
နည်းပြ ဆီမြွန်နီ အင်ဇာဂီ၏ အသင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ရောက်ရှိပြီးနောက်ပိုင်း သုံးပွဲဆက် ရှုံးနိမ့်ထားကာ သွင်းဂိုးတစ်ဂိုးမှ မရရှိခဲ့ပေ။ အင်တာအသင်းမှာ ကိုပါအီတာလီယာပြိုင်ပွဲတွင် ပြည်တွင်းပြိုင်ဘက် အေစီမီလန်အား ရှုံးနိမ့်၍ ထွက်ခွာခဲ့ရသလို ဧပြီ ၂၇ စီးရီးအေပွဲစဉ်တွင်လည်း ရိုးမားအသင်းအား ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် နာပိုလီအသင်းက အမှတ်ပေးဇယားထိပ်ဆုံး၌ သုံးမှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။ ဘန်ဂျမင် ပါဗက်ဒ်၊ မားကက်စ် သူရမ်တို့ ပါဝင်နိုင်ရန် မသေချာသည့်အတွက်လည်း အင်ဇာဂီအနေဖြင့် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည်။
…..
— စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ၌ ကွင်းလယ်ဒိုင်အား စောဒကတက်မှုအတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခံရခြင်းမှ ရီးရဲလ်မက်ဒရစ် ရှောင်လွှဲနိုင်ခဲ့
ဧပြီ ၂၆ ရက်က ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ပွဲချိန်နှောင်းပိုင်းတွင် ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါ၏ အပြုအမူများအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ခြောက်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။
နောက်ခံလူ လူးကပ်စ် ဗက်ဇ်ကေးမှာမူ အဆိုပါပွဲစဉ်၌ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ပုံနှင့် ပတ်သက်၍ စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း ၎င်းမှာ ယခုနွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဖြစ်ရာ အသင်းအပေါ် သက်ရောက်မှုရှိလာမည် မဟုတ်ပေ။
ထိုစဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကလည်း ထိုပွဲစဉ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ဂျုဒ်ဘယ်လင်ဟမ်၏ ပြစ်ဒဏ်ကို အတည်ပြုရန် ဗီဒီယို သက်သေအထောက်အထားမရှိဟုဆိုကာ အရေးယူခဲ့ခြင်းမရှိပေ။
…..
— မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်-၁ ကစားသမား ဇဲရက်ဗ် ပြိုင်ပွဲမှထွက်ခွာခဲ့ရ၊ အမျိုးသမီးပြိုင်ပွဲတွင် ဆာဘလန်ကာ နောက်တစ်ဆင့်သို့တက်ရောက်
စပိန်နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ယှဉ်ပြိုင်ကစားမည့် မက်ဒရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ၏ ပွဲစဉ်အများအပြားကို ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဧပြီ ၂၉ ရက်၌ ၎င်းပွဲစဉ်များကို ပြန်လည်ကျင်းပခဲ့သည်။
မက်ဒရစ်အိုးပင်းပြိုင်ပွဲ Round of 16 ပွဲစဉ်များတွင် မထင်မှတ်ထားသည့်ရလဒ် ထွက်ပေါ်ခဲ့ကာ ဆီဒင်-၁ ဂျာမနီတင်းနစ်ကစားသမား အလက်ဇန်းဒါး ဇဲရက်ဗ်က အာဂျင်တီးနားမှ ဖရန်စစ္စကို ဆီရန်ဒိုလိုအား ၇-၅၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချက်တင်းနစ်ကစားသမား ဂျာကက် မန်ဆစ်ကမူ ကာဇက်စတန်မှ အလက်ဇန်းဒါး ဘူလစ်ကို ၆-၂၊ ၆-၃ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာက ပေတန် စတန်းစ်အား ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်တွင် ဆာဘလန်ကာက ပြိုင်ဘက်၏ စပေးဘောများကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သည်။
…..
— မက္ကဆီကို လက်ဝှေ့သမား အာကော်စတာ တားမြစ်ဆေး စစ်ဆေးမှုခံယူရန် ပျက်ကွက်မှုအတွက် လက်ဝှေ့ထိုးသတ်ခွင့် နှစ်နှစ်ပိတ်ပင်ခံရ
၁၂ လအတွင်း တားမြစ်ဆေး စစ်ဆေးမှုခံယူရန် သုံးကြိမ်ပျက်ကွက်ခဲ့သည့်အတွက် မက္ကဆီကို လက်ဝှေ့ကစားသမား ဂွါဒါလူပီ အာလ်တာဂရာစီယာ ဆိုလစ်စ် အာကော်စတာအား လက်ဝှေ့ထိုးသတ်ခွင့် နှစ်နှစ်ပိတ်ပင်လိုက်ကြောင်း နိုင်ငံတကာ တားမြစ်ဆေး စစ်ဆေးမှုအေဂျင်စီ (ITA) က ဧပြီ ၂၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။


……………….
(English Version)
Barcelona, Inter to fight through fatigue in Champions League semifinal
FC Barcelona plays Inter Milan on Wednesday night in a Champions League semifinal first leg tie that promises to be a duel between two tired sides.
Barca goes into the game after a dramatic 3-2 win over bitter rival Real Madrid in Saturday’s Copa del Rey final, with Jules Kounde scoring an extra-time winner.
The title, and how it was won, will be a huge boost to Barca’s morale, but the fact that the players had to endure extra time in a match that didn’t finish until 1 a.m. also presents challenges to coach Hansi Flick.
Key players such as Kounde, Lamine Yamal, Raphinha, Frenkie de Jong and Inigo Martinez all played over 100 minutes on Saturday. Meanwhile, injuries to Alejandro Balde and Robert Lewandowski rob Barca of two key players and the ability to rotate its starting 11.
Inter’s players are also looking tired as they travel to Montjuic, as a late-season drop in form threatens to derail the Nerazzuri’s campaign.
Since reaching the Champions League semis in Europe, Simone Inzaghi’s side has lost three consecutive games and failed to score a goal. Those results saw it crash out of the Coppa Italia against local rival AC Milan, while Sunday’s 1-0 defeat to Roma saw Napoli open up a three-point lead at the top of Serie A. Inzaghi also has injury problems, with Benjamin Pavard and Marcos Thuram doubtful.
…..
Real Madrid escape heavy punishment for Cup final protests but suffer two more injury losses
Real Madrid defender Antonio Rudiger has been given a six-game suspension by the Spanish Football Federation (RFEF) for his behavior in the closing moments of Saturday’s Copa del Rey final against FC Barcelona.
Defender Lucas Vazquez has been given a two-game ban for his reaction to the same incident, but with Vazquez due to leave Madrid this summer, the suspension, which is only applicable to the Copa del Rey, will not affect the club.
Meanwhile, the Disciplinary Committee has not sanctioned Jude Bellingham, who was also shown a red card, arguing there is no video evidence to support the red card.
…..
Zverev out of Madrid Open while Sabalenka progresses in women’s competition
Play returned to the Madrid Open on Tuesday, after a power blackout across Spain led to the postponement of many matches Monday afternoon and evening.
There was an upset in the round of 16 when top seed Alexander Zverev of Germany was beaten by Francisco Cerundolo of Argentina 7-5, 6-3, while Jakub Mensik of the Czech Republic advanced to the quarterfinals with a 6-2, 6-3 win over Alexander Bublik of Kazakhstan.
In the women’s competition, top seed Aryna Sabalenka of Belarus beat Peyton Stearns 6-2, 6-4 in a match in which Sabalenka dealt with her rival’s serve effectively.
…..
Mexican boxer Acosta banned for two years for whereabouts failures
Mexican boxer Guadalupe Altagracia Solis Acosta was banned for two years for three whereabouts failures in 12 months, the International Testing Agency (ITA) announced on Tuesday.