Connect with us

North America

နေတန်ယာဟုနှင့် ထရမ့် အိမ်ဖြူတော်၌ တွေ့ဆုံမည်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကြိုဆိုနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ဧပြီ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ ဧပြီ ၆ ရက် ညနေခင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ခေါင်းဆောင်နှစ်ဦးအနေဖြင့် ထရမ့်က အစ္စရေးအပေါ် မကြာမီက စည်းကြပ်ခွန်သစ်များ ချမှတ်ခြင်း၊ ဟားမက်စ်အဖွဲ့နှင့် ပြုလုပ်နေဆဲဖြစ်သော ဓားစာခံအရေး ဆွေးနွေးမှုများ၊ ဆီးရီးယား၌ အစ္စရေးနှင့် တူကီယဲတို့ကြား တင်းမာမှုဖြစ်ပွားနိုင်သည့် အလားအလာ၊ အီရန်နှင့် ၎င်း၏ ကြားခံကွန်ရက်တို့အား တန်ပြန်ရန် ပူးတွဲကြိုးပမ်းအားထုတ်မှုများ အပါအဝင် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း ထိုကြေညာချက်၌ ဖော်ပြထားသည်။
ကုန်သွယ်ဖက်နိုင်ငံ အားလုံးအပေါ် “အပြန်အလှန်စည်းကြပ်ခွန်များ” ဟုဆိုသော အစီအမံ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က အစ္စရေး ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၇ ရာခိုင်နှုန်း ကောက်ခံမည့် ဆုံးဖြတ်ချက်ကို ဧပြီ ၂ ရက်၌ ကြေညာခဲ့သည်။ ထရမ့်၏ ကြေညာချက်မတိုင်မီ တစ်ရက်အလို၌ အစ္စရေးဘက်က အမေရိကန်မှ သွင်းကုန်များအပေါ် စည်းကြပ်ခွန်သတ်မှတ်မှု မှန်သမျှကို ရုပ်သိမ်းခဲ့သော်လည်း ထရမ့်၏ အစ္စရေးအပေါ် စည်းကြပ်ခွန်သတ်မှတ်ခြင်းကို ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။
အမေရိကန်အနေဖြင့် အစ္စရေး၏ ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၂၄ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံခန့်ရှိခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂါဇာအရေးကိစ္စတွင်လည်း အစ္စရေးက အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို ဆက်လက်ဖော်ဆောင်ရန် ငြင်းဆန်ကာ ဂါဇာဒေသ၌ ဝေဟင်နှင့် မြေပြင်တို့မှ အပြင်းအထန်တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား အဆင့်လိုက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ မတ် ၁၈ ရက်က ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဟားမက်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်စဉ်အတွင်း ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဂါဇာတွင် ဓားစာခံ ၅၉ ဦး ကျန်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၃၅ ဦးမှာ သေဆုံးသွားပြီဟု ယူဆရကြောင်း အစ္စရေးဘက်က ထုတ်ပြန်သော စာရင်းများအရ သိရသည်။
အီဂျစ်၊ ကာတာနှင့် အမေရိကန်နိုင်ငံတို့က ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိအချိန်ထိ သိသာထင်ရှားသော တိုးတက်မှုတစ်စုံတစ်ရာ မရရှိသေးပေ။ (Xinhua)
………………
(English Version)
Netanyahu, Trump to meet at White House
JERUSALEM, April 6 (Xinhua) — Israeli Prime Minister Benjamin Netanyahu is set to meet with U.S. President Donald Trump on Monday at 1 p.m. local time (1700 GMT) at the White House, according to a statement from his office issued Sunday evening.
The two leaders are expected to discuss several key issues, including the new tariffs recently imposed by Trump on Israel, the ongoing hostage negotiations with Hamas, potential tensions between Israel and Türkiye in Syria, and joint efforts to counter Iran and its proxy network, said the statement.
On Wednesday, Trump announced the decision to impose a 17 percent tariff on Israeli goods, as part of his so-called “reciprocal tariffs” on all trading partners. The day before Trump’s announcement, Israel had lifted all tariffs on imports from the United States, but this step did not prevent Trump from imposing tariffs on Israel.
The United States remains one of Israel’s top trade partners, with bilateral goods trade reaching an estimated 37 billion U.S. dollars in 2024, according to the U.S. Trade Representative.
In Gaza, a phased ceasefire deal between Israel and Hamas collapsed on March 18 after Israel refused to move to the second phase and resumed air and ground assaults on Gaza.
Hamas kidnapped 251 hostages during its attack in southern Israel on Oct. 7, 2023. According to Israeli tallies, 59 hostages remain in Gaza, with 35 of them presumed dead.
Efforts by Egypt, Qatar, and the United States to revive talks have yet to yield a breakthrough.
English Caption
U.S. President Donald Trump welcomes Israeli Prime Minister Benjamin Netanyahu at the White House in Washington D.C., the United States, Feb. 4, 2025. (Xinhua/Hu Yousong)