Connect with us

Africa & Middle East

ဂါဇာအပေါ် အစ္စရေးတိုက်ခိုက်မှုအား ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲ မော်ရိုကိုနိုင်ငံ မြို့တော်တွင် ပြုလုပ်

မော်ရိုကိုနိုင်ငံ ရာဘတ်မြို့လယ်တွင် ပါလက်စတိုင်းပြည်သူများအား ထောက်ခံအားပေးသည့် စုဝေးပွဲ၌ ပါဝင်နေသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာဘတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံသား ထောင်ပေါင်းစွာသည် ဂါဇာအ‌ပေါ် အစ္စရေးက ထပ်မံတိုက်ခိုက်ခဲ့မှုကို ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ဧပြီ ၆ ရက်က ရာဘတ်မြို့လယ်၌ စုဝေးခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူများသည် လွှတ်တော်အဆောက်အအုံအနီးတွင် စုဝေးခဲ့ကြပြီး ပါလက်စတိုင်းအလံများ ဝှေ့ယမ်းခြင်း၊ ပါလက်စတိုင်းပြည်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ အစ္စရေးက ဂါဇာအား ပိတ်ဆို့ထားမှုကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခြင်း၊ အစ္စရေးနှင့် နိုင်ငံရေးအရ ဆက်ဆံမှုများအားလုံးကို ဖြတ်တောက်ရန် မော်ရိုကိုအာဏာပိုင်များကို တိုက်တွန်းခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုကို ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့များစွာနှင့်အတူ Moroccan Front for Supporting Palestine and Against Normalization အဖွဲ့က စုစည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2yM

……………………………………..
(English Version)
Mass protest against Israeli attacks on Gaza staged in Morocco’s capital
RABAT, April 6 (Xinhua) — Thousands of Moroccans gathered in downtown Rabat on Sunday to protest against the renewed deadly Israeli attacks on Gaza.
Protesters gathered near the parliament building, waving Palestinian flags, chanting slogans voicing solidarity with the Palestinian people, urging an immediate end to Israel’s Gaza blockade, and calling on Moroccan authorities to cut off all political ties with Israel.
The demonstration is organized by the Moroccan Front for Supporting Palestine and Against Normalization, alongside several local human rights groups. xhtxs.cn/2yM
Photo 1: People gather in a rally to support Palestinians in downtown Rabat, Morocco, on April 6, 2025. (Xinhua/Huo Jing)