Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံအား အချုပ်အခြာအာဏာ၊ လူမှုရေးတည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရာတွင် အခိုင်အမာထောက်ခံအားပေးကြောင်း သမ္မတ ရှီပြော

မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် အပြန်အလှန်ယုံကြည်မှုရှိပြီး ဘုံဖွံ့ဖြိုးတိုးတက်မှု၏ မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအား အချုပ်အခြာအာဏာ၊ နိုင်ငံဂုဏ်သိက္ခာနှင့် လူမှုရေးတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရာတွင် အစဉ်သဖြင့် အခိုင်အမာ ထောက်ခံအားပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၉ ရက်တွင် ပြောကြားခဲ့သည်။ရှီသည် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားပွဲများအတွင်း သီးခြားတွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားပွဲများအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုတို့ သီးခြားတွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများကြားတွင် သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု တည်မြဲခဲ့ကြကြောင်း၊ နှစ်နိုင်ငံအနေဖြင့် နှစ်ဖက်ဆက်ဆံရေးကို ၂၀၂၃ ခုနှစ်တွင် အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် နှစ်နိုင်ငံ အဆင့်မြှင့်တင်ခဲ့ကြချိန်မှစ၍ နယ်ပယ်ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်မှုများ ရှိခဲ့ကြသလို အလွှာအသီးသီး၌လည်း တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးအနေဖြင့်လည်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများ၌လည်း တိုးတက်မှုအသစ်များ စွမ်းဆောင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုမှာ နှစ်ဖက်ပြည်သူများအကြား ပိုမို၍နက်ရှိုင်းလာကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3uu
#China #Venezuela #XiJinping #SovietUnion’sGreatPatrioticWar #NicolasMaduro #တရုတ် #ဗင်နီဇွဲလား
……………………………………..
(English Version)
Xi says China to firmly support Venezuela in safeguarding sovereignty, social stability
MOSCOW, May 9 (Xinhua) — Chinese President Xi Jinping said here on Friday that China and Venezuela are good partners of mutual trust and common development, and China will, as always, firmly support Venezuela in safeguarding sovereignty, national dignity and social stability.
Xi made the remarks while meeting with Venezuelan President Nicolas Maduro on the sidelines of the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War.
Noting that China and Venezuela have forged an ironclad friendship amid the changing international situation, Xi said that since the two countries elevated the bilateral relations to an all-weather strategic partnership in 2023, exchanges across various sectors and at all levels have been vigorous, bilateral trade has grown continuously, new progress has been made in investment cooperation and people-to-people exchanges, and friendship between the two sides has become increasingly popular among the two peoples. xhtxs.cn/3uu
Photo 1, 2 : Chinese President Xi Jinping meets with Venezuelan President Nicolas Maduro on the sidelines of the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War in Moscow, Russia, May 9, 2025. (Xinhua/Zhang Ling)