International Organizations
၂၀၂၅ ခုနှစ် မေ ၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် ချဲလ်ဆီးက လီဗာပူးလ်ကို အနိုင်ယူခဲ့ပြီး ဥရောပဝင်ခွင့်အတွက် ပိုမိုအကြိတ်အနယ်ရှိလာ
မေ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ချဲလ်ဆီးအသင်းက ပူပူနွေးနွေး ချန်ပီယံ လီဗာပူးလ်အသင်း၏ ရမှတ်မလိုတော့သည့် အခြေအနေကို အသုံးချ၍ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ဂျ်၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်များ ပိုမိုအားကောင်းလာခဲ့ပြီဖြစ်သည်။
ပွဲကစားချိန် သုံးမိနစ်တွင် အန်ဇို ဖာနန်ဒက်ဇ်က အနီးကပ်ပိတ်သွင်း၍ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ၅၆ မိနစ်တွင် လီဗာပူးလ်နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်၏ ဘောလုံးရှင်းထုတ်မှုမှာ အသင်းဖော် ဂျာရယ်လ် ကွမ်ဆာ၏ ရင်ဘတ်နှင့်ထိ၍ မိမိဂိုးထဲသို့ ပြန်ဝင်သွားသဖြင့် ချဲလ်ဆီးအသင်း ကံကောင်းထောက်မစွာဖြင့် ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့သည်။
ဗန်ဒိုက်မှာ ၎င်း၏အမှားကို ပြန်လည်ချေဖျက်သည့်အနေဖြင့် ပွဲပြီးဆုံးရန် ငါးမိနစ်အလိုတွင် ထောင့်ကန်ဘောမှတစ်ဆင့် လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူခဲ့သော်လည်း နာကျင်အချိန်ပိုတွင် လီဗာပူးလ်နောက်ခံလူ ကွမ်ဆာ ပြစ်ဒဏ်ဘောကျူးလွန်ရာမှ ရရှိခဲ့သည့် ပင်နယ်တီကို ကိုးလ်ပါမာက ကန်သွင်း၍ တတိယဂိုးသွင်းယူခဲ့ပြီး ချဲလ်ဆီးအနေဖြင့် အရေးပါသည့် အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
နယူးကာဆယ်နှင့် ဘရိုက်တန်အသင်းတို့၏ ပွဲစဉ်တွင် အလက်ဇန်းဒါး အီဆက်ခ်က ပွဲကစားချိန် နောက်ဆုံးမိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူကာ အဝေးကွင်း၌ နယူးကာဆယ်အတွက် အဖိုးတန် သရေတစ်မှတ် ရယူပေးခဲ့သည်။
ယာကူဘာ မင်တာက ဘရိုက်တန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း အီဆက်ခ်က ပွဲချိန်နှောင်းပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီကို တည်တည်ငြိမ်ငြိမ် ကန်သွင်းကာ နယူးကာဆယ်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များကို ဆက်လက်ရှင်သန်စေခဲ့သည်။ နာကျင်အချိန်ပိုတွင် နယူးကာဆယ်ကစားသမား ကယ်လမ် ဝီလ်ဆင်မှာ အနိုင်ဂိုးရလုနီးပါး ဖြစ်ခဲ့သေးသည်။
…..
— ရီးရဲလ်မက်ဒရစ်၏ လာလီဂါချန်ပီယံ မျှော်လင့်ချက်အတွက် သွင်းဂိုးများဖြင့် အသက်ဆက်ပေးခဲ့သည့် အမ်ဘာပေ
မေ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ကာလို အန်ဆယ်လော့တီ၏ ရီးရဲလ်မက်ဒရစ်က ပွဲချိန်ဒုတိယပိုင်းတွင် ဆယ်လ်တာဗီဂို၏ အကြိတ်အနယ် တုံ့ပြန်ကစားမှုကို တောင့်ခံကာ အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ကီလီယန် အမ်ဘာပေနှင့် အာဒါဂူလာတို့က အသင်းအတွက် သူရဲကောင်းများဖြစ်ခဲ့သည်။
ပွဲကစားချိန် ၃၃ မိနစ်တွင် ဂူလာက ရီးရဲလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ငါးမိနစ်အကြာတွင် အမ်ဘာပေက ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် အမ်ဘာပေက ဂူလာ၏ ပေးပို့မှုကို အကောင်းဆုံးအသုံးချ၍ တတိယဂိုး သွင်းယူခဲ့ရာ ရီးရဲလ်အတွက် အနိုင်သေချာသလောက်နီးပါး ဖြစ်သွားသော်လည်း ပွဲချိန် ၆၉ မိနစ်တွင် ဆယ်လ်တာဗီဂို၏ အလွတ်တည်ကန်ဘောအား ရီးရဲလ်ခံစစ်က ရှင်းမထုတ်နိုင်ဘဲရှိနေစဉ် ဟာဗီ ရော့ဒရီဂက်ဇ်က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
ပွဲပြီးရန် ၁၅ မိနစ်အလိုတွင် အီယာဂို အက်စ်ပက်စ်၏ ဖန်တီးပေးမှုအား ဝီလီယော့ ဆဝက်ဒ်ဘာ့ဂ်က ဒုတိယချေပဂိုး သွင်းယူခဲ့သဖြင့် ပွဲရလဒ်မှာ ၃-၂ ဂိုး ဖြစ်သွားခဲ့ပြီး ပွဲပြီးခါနီး ၁၀ မိနစ်အလိုတွင် ဆယ်လ်တာဗီဂို ချေပဂိုးရရှိနိုင်သည့် အခွင့်အရေးကို ရီးရဲလ်ဂိုးသမား ကော်တိုအာ အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။
…..
— ဘွန်ဒက်စ်လီဂါတွင် လေဗာကူဆင် သရေကျခဲ့သဖြင့် ဘိုင်ယန်မြူးနစ် ချန်ပီယံဖြစ်လာ
မေ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လေဗာကူဆင်နှင့် ဖရိုင်းဘတ်တို့၏ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့်အတွက် ဘိုင်ယန်မြူးနစ်မှာ ပွဲစဉ် ၃၂ အပြီး ရာသီကုန်ဆုံးရန် နှစ်ပွဲအလိုတွင် ဘွန်ဒက်စ်လီဂါ ဆုဖလားကို တရားဝင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
မက်ဆီမီလီယန် အက်ဂီစတိန်းက ပထမပိုင်း ပြီးဆုံးခါနီးတွင် အဝေးကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် ပယ်ရို ဟင်ကာပီ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အိမ်ရှင်ဖရိုင်းဘတ်က နှစ်ဂိုးအသာဖြင့် ဦးဆောင်နေခဲ့သည်။
ဖရိုင်းဘတ်က ကစားအားကောင်းကောင်းဖြင့် အကြိတ်အနယ် ကစားခဲ့သည့်အတွက် ဧည့်သည်လေဗာကူဆင်အသင်းမှာ ပွဲကစားချိန် မိနစ် ၆၀ ကျော်အထိ ထိရောက်သော ဂိုးဖန်တီးမှုများ ပြုလုပ်နိုင်ရန် ရုန်းကန်ခဲ့ရသည်။
ခပ်ရေးရေး ကျန်ရှိနေသော ချန်ပီယံမျှော်လင့်ချက်ကို ဆက်လက်ထိန်းထားနိုင်ရန် အနိုင်သုံးမှတ် လိုအပ်နေသည့် နည်းပြ ဇာဗီအလွန်ဆိုက လူစားလဲမှုများ ပြုလုပ်ခဲ့သည်။ လူစားလဲမှုသုံးကြိမ် ပြုလုပ်ခဲ့ပြီးနောက် အသင်း၏ကစားပုံ ပိုမိုလန်းဆန်းလာခဲ့ပြီး ပွဲချိန် ၈၂ မိနစ်တွင် ဖလော်ရီယန် ဝေါ့ဇ်က တစ်ကိုယ်တော်အစွမ်းဖြင့် လေဗာကူဆင်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။
ဧည့်သည်အသင်းအနေဖြင့် နာကျင်အချိန်ပိုအထိ အစွမ်းကုန် တိုက်စစ်ဆင်ကစားခဲ့ရာ ဂျိုနသန်တားက ခေါင်းတိုက်၍ ချေပဂိုးသွင်းယူနိုင်ခဲ့သဖြင့် လေဗာကူဆင်၏ အဝေးကွင်း ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်စံချိန်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
…..
— တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို အနိုင်ယူကာ Sudirman Cup ဆုဖလားကို ၁၄ ကြိမ်မြောက် ဆွတ်ခူး
မေ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် Sudirman Cup ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို ၃-၁ ပွဲဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ကျား၊မ နှစ်ယောက်တွဲ ကမ္ဘာ့ကြက်တောင် တံခွန်စိုက်ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၈၉ ခုနှစ်၌ စတင်ကျင်းပခဲ့ချိန်မှစ၍ တရုတ်အသင်းက ချန်ပီယံဆုအား ၁၄ ကြိမ် ဆွတ်ခူးထားကာ တောင်ကိုရီးယားအသင်းကမူ ချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးထားသည်။
ကျား၊မ နှစ်ယောက်တွဲ ပွဲစဉ်များတွင် တရုတ်အသင်းမှ Feng Yanzhe နှင့် Huang Dongping တို့က တောင်ကိုရီးယားမှ Seo Seung-jae နှင့် Chae Yu-jung တို့အား ပထမပွဲငယ်တွင် ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း တောင်ကိုရီးယား ကစားသမားများက ဒုတိယပွဲငယ်တွင် ၂၁-၁၇ မှတ်ဖြင့် ပြန်လည်အနိုင်ယူခဲ့သည်။ သို့သော် အဆုံးအဖြတ်ပွဲတွင် Feng နှင့် Huang တို့က ၂၁-၁၅ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)
…………………
(English Version)
Chelsea beats Liverpool as race for European spots intensifies
Chelsea’s hopes of playing in the Champions League next season received a boost on Sunday when Enzo Maresca’s team took advantage of Liverpool’s title hangover to beat the recently-crowned Premier League champions 3-1 at Stamford Bridge.
Enzo Fernandez put Chelsea ahead from close range after just three minutes, and the Blues had a stroke of luck when Liverpool defender Virgil van Dijk’s clearance bounced into team-mate Jarell Quansah’s chest and then into the net 11 minutes into the second half.
Van Dijk made amends when he scored from a corner with five minutes left to play, but Cole Palmer scored a late penalty after a foul committed by Quansah to give Chelsea three vital points.
Alexander Isak netted a last-minute penalty to give Newcastle United what could turn out to be a vital point away to Brighton.
Yakuba Minteh opened the scoring for Brighton, but Isak kept his nerve to ensure Newcastle ends the weekend in a Champions League place, and Callum Wilson almost won the match for the Magpies in injury time.
…..
Mbappe gives Real Madrid hope as European race tightens in La Liga
Kylian Mbappe and Arda Guler were Real Madrid’s heroes as Carlo Ancelotti’s side survived a second-half fightback to hold on for a 3-2 win at home to Celta Vigo.
Guler put Madrid ahead with an excellent 33rd-minute strike, with Mbappe doubling the lead on the break five minutes later.
When the French forward took advantage of Guler’s pass to add a third goal early in the second half, it looked to be game over for Real Madrid, however, Javi Rodriguez pulled a goal back for Celta with 21 minutes left to play after Madrid failed to clear a free kick.
Iago Aspas then set up Williot Swedberg to make it 3-2 with 15 minutes left to play, and Madrid needed an excellent save from Thibaut Courtois to deny Celta an equalizer with 10 minutes left to play.
…..
Bayern crowned champion as Leverkusen held by Freiburg
Bayer Leverkusen were held to a dramatic 2-2 draw by Freiburg, a result that sees Bayern Munich officially reclaim the Bundesliga title with an unassailable lead and two games in hand after Sunday’s 32nd round of matches.
Maximilian Eggestein opened the scoring with a long-range strike on the stroke of half-time, before Piero Hincapie’s own goal early in the second half gave the hosts a two-goal lead.
Freiburg played with intensity, forcing Leverkusen into mistakes as the visitors struggled to create anything of note for more than an hour.
Xabi Alonso’s side, needing all three points to keep their slim title hopes alive, turned to the bench. A triple substitution brought new energy, and in the 82nd minute, Florian Wirtz produced a moment of individual brilliance to bring Leverkusen back into the game.
The visitors threw everything forward and deep into injury time, Jonathan Tah headed home an equalizer to extend Leverkusen’s unbeaten away run to a record 33 matches.
…..
China beats S. Korea to clinch 14th Sudirman Cup title
China clinched the 2025 Sudirman Cup title after beating South Korea 3-1 in the final here on Sunday.
China has won the biennial badminton mixed team world championship 14 times since Indonesia was crowned in the first edition in 1989. South Korea triumphed four times.
In the mixed doubles, China’s Feng Yanzhe and Huang Dongping beat Seo Seung-jae and Chae Yu-jung 21-16 in the first game, but the South Korean pair recovered in the second with a 21-17 win. However, Feng and Huang took the deciding one 21-15.