International Organizations
၂၀၂၅ ခုနှစ် မေ ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အင်တာမီလန်က ဘာစီလိုနာကို အချိန်ပိုတွင် အနိုင်ယူ၍ ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့တက်ရောက်
မေ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်က ဘာစီလိုနာအား အိမ်ကွင်း ဆန်စီရို၌ အချိန်ပိုကစားပြီးနောက် ၄-၃ ဂိုးဖြင့် ဒရာမာဆန်ဆန် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၆ ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
၂၀၂၃ ခုနှစ်က ချန်ပီယံဗိုလ်လုပွဲသို့ နောက်ဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ခုနစ်ကြိမ်တိုင်တိုင် ဗိုလ်လုပွဲသို့ တက်ရောက်ထားသည့် အင်တာမီလန်အနေဖြင့် လေးကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ မေ ၃၁ ရက်တွင် ဘိုင်ယန်မြူးနစ်၏ အဲလီယန့်ဇ် အရီနာ ဘောလုံးကွင်း၌ ကျင်းပမည့် ဗိုလ်လုပွဲတွင် အာဆင်နယ် သို့မဟုတ် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပွဲကစားချိန် ၂၁ မိနစ်တွင် ကွင်းဘေးစည်းနား၌ ဖက်ဒရစ်ကို ဒီမာကို၏ ဖိအားပေးမှုကြောင့် ဖရန့်ကီ ဒီဂျောင်ထံမှ ဘောလုံးဆုံးရှုံးသွားချိန်တွင် ဒန်ဇယ် ဒမ်ဖရီစ်က အနေတော်ဖြတ်တင်ပေးရာ၌ လော်တာရို မာတီနက်ဇ်က အနီးကပ်ပိတ်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ပထမပိုင်းပြီးဆုံးခါနီးတွင် ဘာစီလိုနာ ဂိုးဧရိယာထဲ၌ မာတီနက်ဇ် ဆွဲလှဲခံရသည့်အတွက် ပင်နယ်တီရရှိခဲ့ရာ ဟာကန် ကာလ်ဟာနိုဂလူက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သဖြင့် အင်တာမီလန်က ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဘာစီလိုနာက ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၄ မိနစ်တွင် ဂျရတ်မာတင်၏ ဖြတ်တင်ဘောအား အဲရစ် ဂါစီယာက ဂိုးဧရိယာထဲမှ မြေမကျကန်သွင်း၍ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ခြောက်မိနစ်အကြာတွင် ဒါနီ အိုလ်မိုက မာတင်၏ ပေးပို့မှုအား အပြင်းခေါင်းတိုက်သွင်းခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေဖြစ်သွားခဲ့သည်။ ထို့နောက် ပွဲကစားချိန် ၈၇ မိနစ်တွင် ရာဖင်ညာက ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ရာ ဘာစီလိုနာက ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
သို့သော် နာကျင်အချိန်ပိုတွင် အင်တာမီလန်က ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ဒမ်ဖရီစ်က ညာခြမ်းမှ အနိမ့်ဖြတ်တင်ဘော ထပ်မံပေးပို့ရာတွင် ဖရန်ဆက်စကို အချာဘီက မိမိရရ အဆုံးသတ်နိုင်ခဲ့သဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရပြီး အိမ်ရှင်ပရိသတ်များအဖို့ စိတ်အားတက်စရာဖြစ်ခဲ့သည်။
ပွဲချိန် ၉၉ မိနစ်တွင် မားကက်စ် သူရမ် ညာခြမ်းမှ ထိုးဖောက်လာပြီး မာဒီ တာရီမီထံ ပြန်ချိုးပေးခဲ့ရာ တာရီမီက ပြန်ခင်းပေးသည့် ဘောလုံးကို အီတလီကွင်းလယ်လူ ဒါဗီဒေ ဖရက်တေစီက အဝေးထောင့်သို့ ဝေ့ဝိုက်ကန်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့ရာ အင်တာမီလန်အနေဖြင့် အံ့မခန်း နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
…..
— အာဆင်နယ် ကွင်းလယ်ကစားသမား ယော်ဂင်ဟို ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့မည်
ဘရာဇီး စီးရီးအေကလပ် ဖလာမင်ဂိုအသင်းမှာ အာဆင်နယ်နှင့် အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ယော်ဂင်ဟိုအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဘရာဇီး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယော်ဂင်ဟိုအနေဖြင့် အာဆင်နယ်နှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ ဖီဖာ၏ စည်းမျဉ်းများအရ လက်ရှိအချိန်တွင် အခြားကလပ်အသင်းတစ်သင်းနှင့် လွတ်လပ်စွာ အကြိုသဘောတူညီမှု ရယူခွင့်ရှိသည်။
အသက် ၃၃ နှစ်အရွယ် ယော်ဂင်ဟိုမှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ် ချုပ်ဆိုရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဟု ဘရာဇီးသတင်းစာ O Globo က မေ ၅ ရက်၌ ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ ချဲလ်ဆီးနှင့် နာပိုလီအသင်းတို့တွင်လည်း ကစားခဲ့ဖူးသည့် ယော်ဂင်ဟိုမှာ အမေရိကန်တွင် ကျင်းပမည့် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဖလာမင်ဂိုအသင်းသို့ ဇွန်လအစောပိုင်းတွင် ပြောင်းရွှေ့မည်ဖြစ်ကြောင်း အဆိုပါသတင်းစာက ဖြည့်စွက်ဖော်ပြခဲ့သည်။
ဘရာဇီးတွင် မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်၌ အီတလီသို့ ပြောင်းရွှေ့ခဲ့သည့် ယော်ဂင်ဟိုမှာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းမှ အာဆင်နယ်သို့ ၂၀၂၃ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၇၈ ပွဲ ပါဝင်ကစားထားသည်။
…..
— တရုတ်စူပါလိဂ် ဘောလုံးပြိုင်ပွဲတွင် Beijing Guoan အသင်း လေးပွဲဆက်တိုက် နိုင်ပွဲရရှိ
မေ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်စူပါလိဂ် (CSL) ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၁ တွင် Beijing Guoan အသင်းက Dalian Yingbo အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လေးပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့သည်။
ပွဲကစားချိန် ၁၉ မိနစ်တွင် Wang Ziming က အနီးကပ်ခေါင်းတိုက်၍ Beijing Guoan အတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ သုံးမိနစ်အကြာတွင် Wang Gang ၏ တိကျသေသပ်သော ဖြတ်တင်ဘော ပေးပို့မှုမှတစ်ဆင့် Fabio Abreu က ဒိုင်ဗင်ထိုး၍ ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူခဲ့သဖြင့် ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် Dalian Yingbo အသင်းက အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။ ပွဲသိမ်းခရာမမှုတ်မီ Zhang Yuning ၏ ပင်နယ်တီကန်သွင်းမှုကို Dalian Yingbo ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။
…..
— စနူကာ အားကစားလောကတွင် သမိုင်းဝင်အောင်ပွဲ ရရှိခဲ့ပြီးနောက် အောင်မြင်မှုအသစ်များကို ရှာဖွေရန် ကျောက်ရှင်းထုန် ရည်မှန်း
ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်ကစားခွင့်ရခဲ့ပြီး ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် သမိုင်းဝင်အောင်ပွဲ ရယူနိုင်ခဲ့သည့် တရုတ်စနူကာ ကစားသမား ကျောက်ရှင်းထုန်မှာ ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ စိတ်အားတက်ကြွစရာ အကြောင်းရင်းများရှိနေသည်။
အသက် ၂၈ နှစ်အရွယ် အဆိုပါ တရုတ်စနူကာ ကစားသမားမှာ လက်ရည်စစ်ပွဲများမှစ၍ ကိုးပွဲဆက်တိုက် အနိုင်ရရှိကာ မေ ၅ ရက်တွင် စနူကာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး အာရှတိုက်သား ဖြစ်လာခဲ့သည်။
ကျောက်အနေဖြင့် လောင်းကစားလုပ်ကာ စည်းကမ်းချိုးဖောက်မှုအတွက် လ ၂၀ ကြာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရပြီးနောက် ယခုကဲ့သို့ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အမှားတစ်ခု လုပ်မိခဲ့ပြီး အဲဒီကနေ သင်ခန်းစာယူနိုင်ခဲ့ပေမဲ့ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမလျော့ခဲ့ပါဘူး” ဟု ရှက်ဖီးလ်မြို့ရှိ Crucible Theatre ၌ အောင်ပွဲခံနိုင်ခဲ့ပြီး တစ်ရက်နီးပါးအကြာ ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

(250507) — MILAN, May 7, 2025 (Xinhua) — Inter Milan’s Francesco Acerbi (L) scores during the UEFA Champions League semifinal second leg match between Inter Milan and Barcelona in Milan, Italy, May 6, 2025. (Photo by Alberto Lingria/Xinhua)
…………………
(English Version)
Inter edges Barcelona in thriller to reach Champions League final
Inter Milan advanced to the UEFA Champions League final after a dramatic 4-3 extra-time victory over Barcelona on Tuesday, securing a 7-6 aggregate win in the semifinal second leg at San Siro.
The seven-time finalists, who last reached the title match in 2023, will seek their fourth European crown when they face either Arsenal or Paris Saint-Germain in the final at Munich’s Allianz Arena on May 31.
Lautaro Martinez opened the scoring in the 21st minute, finishing from close range after Federico Dimarco dispossessed Frenkie de Jong near the touchline, allowing Denzel Dumfries to whip in a precise cross.
Martinez then won a penalty just before halftime after being brought down in the box, and Hakan Calhanoglu converted from the spot to give Inter a 2-0 lead.
Barcelona then mounted a second-half comeback. Gerard Martin’s cross found Eric Garcia, who volleyed in from inside the area in the 54th minute. Six minutes later, Dani Olmo leveled the match with a powerful header, again from a Martin delivery. Raphinha appeared to win it for the visitors in the 87th minute, tapping home a rebound to make it 3-2.
But Inter struck back deep into stoppage time. Dumfries delivered another low cross from the right that found Francesco Acerbi, whose finish forced extra time and reignited the home crowd.
The winner came in the 99th minute, when Marcus Thuram broke down the right and cut the ball back for Mehdi Taremi, who laid it off to Davide Frattesi. The Italian midfielder curled a shot into the far corner to complete Inter’s stunning comeback and seal a place in the final.
…..
Jorginho set for Flamengo move
Flamengo has reached an agreement to sign Arsenal and Italy international midfielder Jorginho on a free transfer, according to media reports in Brazil.
Jorginho is contracted to the Premier League side until June 30, and he is currently free to sign a pre-contract with another club under FIFA rules.
Newspaper O Globo reported on Monday that the 33-year-old had agreed to personal terms of a deal that will tie him to Flamengo until 2028.
It added that the former Chelsea and Napoli player would join the Brazilian Serie A outfit in early June, in time for the FIFA Club World Cup in the United States.
Jorginho, who was born in Brazil before moving to Italy when he was 15, has made 78 appearances across all competitions for Arsenal since his 2023 move from London rival Chelsea.
…..
Beijing Guoan claims fourth straight win
Beijing Guoan claimed its fourth straight win with a 2-0 victory over Dalian Yingbo in the 11th round of the Chinese Super League (CSL).
In the 19th minute of the match held on Monday, Wang Ziming broke the deadlock for Beijing with a close-range header. Just three minutes later, Fabio Abreu doubled its lead with a diving header, connecting with Wang Gang’s pinpoint cross to make it 2-0.
In the second half, Dalian Yingbo created several opportunities but couldn’t convert any into a goal. Before the full-time whistle, Zhang Yuning had a penalty saved by Dalian goalkeeper.
…..
Zhao Xintong looking to fresh start after historic win at snooker worlds
Returning from his suspension to win a historic title at the World Snooker Championship, Zhao Xintong has every reason to feel upbeat about his future path in career.
The 28-year-old Chinese rode a nine-match winning streak since the qualifiers to become the first Asian to clinch the snooker worlds title on Monday.
Zhao’s victory comes after he served a 20-month ban for breaching betting regulations.
“I did something wrong and I learned from it, but I have never lost faith in myself,” Zhao said in an exclusive interview with Xinhua, less than 24 hours after his win at the Crucible Theatre in Sheffield.