Connect with us

International Organizations

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အင်္ဂလန်ကလပ်အသင်းနှစ်သင်း တွေ့ဆုံ၊ ကွန်ဖရန့်စ်လိဂ်တွင် ချဲလ်ဆီးနှင့် ဘက်တစ်တို့ ဗိုလ်လုပွဲတက်ရောက်

၂၀၂၅ ခုနှစ် မေ ၈ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ဂျ် ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှ ရိစ်ဂျိမ်းစ် (ရှေ့) နှင့် ဂျူဂါးဒင်းအသင်းမှ ဒန်နီရယ် စတန်ဆန်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မေ ၉ ရက် (ဆင်ဟွာ)
မေ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များတွင် မန်ချက်စတာယူနိုက်တက်နှင့် တော့တင်ဟမ်တို့ အသီးသီးအနိုင်ရရှိခဲ့သဖြင့် မေ ၂၁ ရက်၌ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲတွင် အင်္ဂလန်ကလပ်အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။
မန်ချက်စတာယူနိုက်တက်က အက်သလက်တစ် ဘီဘာအိုအား နောက်ကျအနိုင်ဂိုးသုံးဂိုး အပါအဝင် အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို လွန်ခဲ့သော သီတင်းပတ်က ဘီဘာအိုအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင်လည်း ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားသည့်အတွက် နှစ်ကျော့ပေါင်းရလဒ် ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဘီဘာအိုအသင်းတွင် နစ်ကို ဝီလီယမ်စ်၊ အင်နာကီ ဝီလီယမ်စ်နှင့် အိုဟန် ဆန်းဆက် စသည့် ကစားသမားများ ပါဝင်နိုင်ခြင်းမရှိသော်လည်း အိမ်ရှင်ယူနိုက်တက်အား အကြီးအကျယ် အခက်တွေ့အောင် ဖိအားပေးကစားနိုင်ခဲ့သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တော့တင်ဟမ်က ဘိုဒိုဂလင့်အား အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ပွဲကစားချိန် ၆၃ မိနစ်တွင် ဒေါမနစ် ဆိုလန်ကီက ထောင့်ကန်ဘောမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သလို ခြောက်မိနစ်အကြာတွင် ပက်ဒရို ပေါ်ရိုက စပါးစ်အသင်း အနိုင်သေချာစေမည့်ဂိုးကို အဝေးကန်ချက်ဖြင့် သွင်းယူခဲ့သည်။
ကွန်ဖရန့်စ်လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအ‌ကျော့ ပွဲစဉ်များတွင်မူ ချဲလ်ဆီးအသင်းက နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ရီးရဲလ်ဘက်တစ်ကလည်း ဖီအိုရင်တီးနားအား အချိန်ပိုတွင် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဗိုလ်လုပွဲတွင် ချဲလ်ဆီးနှင့် ဘက်တစ်တို့ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။
ယခုပွဲစဉ်တွင် ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကီယာနန် ဒူးစ်ဘရီ-ဟောလ်က ပွဲကစားချိန် ၃၈ မိနစ်တွင် သွင်းယူခဲ့သဖြင့် ချဲလ်ဆီး၏ အနိုင်ရလဒ် ပိုမိုပြတ်သားသွားခဲ့သည်။ (Xinhua)

၂၀၂၅ ခုနှစ် မေ ၈ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ဂျ် ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှ ကီယာနန် ဒူးစ်ဘရီ-ဟောလ် (ယာ-ပထမ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် မေ ၈ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ဂျ် ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှ ထရီဗီုး ချာလိုဘာ (ဝဲ) နှင့် ဂျူဂါးဒင်းအသင်းမှ မိုင်ရို တန်ညိုတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

………………..
(English Version)
All-English Europa League final, Chelsea and Betis to vie for Conference League
LONDON, May 8 (Xinhua) — There will be an all-English final in the UEFA Europa League on May 21 after Manchester United and Tottenham Hotspur both won their respective semifinals on Thursday.
Three late goals gave Manchester United a 4-1 win at home to Athletic Bilbao, who had the home side on the ropes for a long time despite missing players such as Nico and Inaki Williams and Oihan Sancet. United won 7-1 on aggregate after having triumphed 3-0 in last week’s first leg in Bilbao.
Elsewhere, Tottenham won 2-0 away to Bodo/Glimt for a 5-1 aggregate win. Dominic Solanke opened the scoring in the 63rd minute from a corner, and Pedro Porro’s long range effort six minutes later made Spurs’ final place secure.
In the Conference League, Chelsea will face Real Betis in the final, with Chelsea winning 5-1 on aggregate and Betis scraping through 4-3 after extra time against Fiorentina.
The result was never in doubt, with Chelsea extending its lead in the 38th minute when Kiernan Dewsbury-Hall scored the game’s only goal.
English Caption 1
Chelsea’s Reece James (front) vies with Djurgarden’s Daniel Stensson during the UEFA Conference League semifinal second leg football match between Chelsea and Djurgarden at Stamford Bridge in London, Britain, on May 8, 2025. (Xinhua/Li Ying)
English Caption 2
Chelsea’s Kiernan Dewsbury-Hall (1st R) celebrates scoring with teammates during the UEFA Conference League semifinal second leg football match between Chelsea and Djurgarden at Stamford Bridge in London, Britain, on May 8, 2025. (Xinhua/Li Ying)
English Caption 3
Chelsea’s Trevoh Chalobah (L) vies with Djurgarden’s Miro Tenho during the UEFA Conference League semifinal second leg football match between Chelsea and Djurgarden at Stamford Bridge in London, Britain, on May 8, 2025. (Xinhua/Li Ying)