Connect with us

မြန်မာ-ENG

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီလမှ စတင်ပြီး ကူးစက်မြန် လက်၊ ခြေ၊ ပါးစပ်ရောဂါ (HFMD) ကူးစက်သူ ၃၇,၃၆၈ ဦးရှိလာ

မနီလာ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီလမှ ဩဂုတ် ၉ ရက်အထိ ကူးစက်မြန် လက်၊ ခြေ၊ ပါးစပ်ရောဂါ (HFMD) ကူးစက်ခံရသူ ၃၇,၃၆၈ ဦးအထိ ရှိလာကြောင်း၊ ယခင်နှစ်အလားတူကာလထက် ကူးစက်ခံရသူ ၇ ဆ ပိုများခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန (DOH) ၏ ဩဂုတ် ၂၃ ရက် ထုတ်ပြန်မှုအရ သိရသည်။DOH ၏ ထုတ်ပြန်မှုအရ ကူးစက်ခံရသူအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁ နှစ်မှ ၃ နှစ်အရွယ် ကြားရှိ ကလေးငယ်များတွင် ကူးစက်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့အတူ DOH က အဆိုပါ HFMD ရောဂါသည် ကူးစက်မှု အလွန်မြန်သော ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ကြောင်း၊ မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားလေ့ရှိကြောင်း ဖိလစ်ပိုင်ပြည်သူများအား သတိပေးထားသည်။

ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ပါးစပ်တစ်ဝိုက်တွင် အနာများဖြစ်ခြင်း၊ လက်၊ ခြေထောက်နှင့် တင်ပါးများတွင် အရည်ကြည်ဖုများ လျင်မြန်စွာ ပွားလာခြင်းများဖြစ်ပြီး ရောဂါကူးစက်ခံထားရသူ၏ တံတွေး၊ ချွဲသလိပ်၊ အရည်ကြည်ဖုမှထွက်သော အရည် သို့မဟုတ် မစင်များနှင့် ထိတွေ့မှုများမှတစ်ဆင့် ရောဂါပိုးပျံ့နှံ့ကူးစက်ခြင်းဖြစ်ကြောင်း DOH ၏ ထုတ်ပြန်မှုအရ သိရသည်။ (Xinhua)
————————-
(English Version)
Philippines tallies 37,368 hand, foot, mouth disease cases since January
MANILA, Aug. 23 (Xinhua) — The Philippines’ Department of Health (DOH) said on Saturday that it has tallied 37,368 cases of highly contagious hand, foot, and mouth disease (HFMD) from January to Aug. 9, seven times higher than the same period last year.
The agency said around 50 percent of the cases were detected in children aged one to three years old.
The DOH reminded Filipinos that HFMD is a highly contagious viral illness that typically affects infants and young children, causing symptoms like fever, painful mouth sores, and a rash with blisters on the hands, feet, and buttocks. It spreads through close contact with an infected person’s saliva, mucus, blister fluid, or feces.
Photo:
Children have fun in a makeshift swimming pool on World Water Day at a slum area in Manila, the Philippines, March 22, 2024. (Xinhua/Rouelle Umali)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.