မြန်မာ-ENG
အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ဘိုင်အိုအီသနောလ် စက်ရုံ အရှိန်မြှင့်တည်ဆောက်

ဂျကာတာ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်ဓာတ်သတ္တုဝန်ကြီးဌာန ဒုတိယဝန်ကြီး Yuliot Tanjung က ရုပ်ကြွင်းလောင်စာ မှီခိုနေရမှု လျှော့ချရန်နှင့် အစားထိုးစွမ်းအင် ဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါပူဝါပြည်နယ် တောင်ပိုင်း Merauke တွင် ပထမဆုံး ဘိုင်အိုအီသနောလ် စက်ရုံ တည်ဆောက်လျက်ရှိကြောင်း သြဂုတ် ၈ ရက်က ပြောကြားခဲ့သည်။
ဘိုင်အိုအီသနောလ်သည် အပင်မှရှိသည့်ကုန်ကြမ်းဖြင့် ပြုလုပ်သော အီသနောလ်အခြေခံ လောင်စာရည် ဖြစ် သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကြံစိုက်ပျိုးရေးအတွက် Merauke ဒေသ၏ ကုန်းမြေ ဟက်တာပေါင်း ၂ သန်း ခွဲဝေ နေရာပေးထားသောကြောင့် ဘိုင်အိုအီသနောလ် ကနဦးကုန်ကြမ်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“၂၀၂၇ ခုနှစ်တွင် ပါပူဝါပြည်နယ် တောင်ပိုင်း Merauke မှာ ဘိုင်အိုအီသနောလ် ထုတ်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Yuliot ကပြောသည်။ စက်ရုံတွင် ဌာနသုံးခုရှိမည်ဖြစ်ပြီး တစ်ခုစီကနေ တစ်နှစ်လျှင် ၃၀၀,၀၀၀ ကီလိုလီတာ ထုတ်လုပ်နိုင်မည်ဟု သိရသည်။ (Xinhua)
……………………….
(English Version)
Indonesia accelerates construction of 1st bioethanol factory in South Papua
JAKARTA, Aug. 8 (Xinhua) — Indonesian Deputy Minister of Energy and Mineral Resources Yuliot Tanjung said Friday that the country was building its first bioethanol factory in Merauke, South Papua province, as part of its efforts to develop alternative energy and reduce dependence on fossil fuels.
Bioethanol is an ethanol-based liquid fuel made from plant-derived raw materials. Indonesia has allocated 2 million hectares of land in Merauke for sugarcane plantations, which will serve as primary raw material for bioethanol.
“We hope that in 2027 we will be producing bioethanol in Merauke, South Papua,” Yuliot said.The factory will have three units, with each producing 300,000 kiloliters per year.
Photo: This photo taken with a mobile phone shows a city view taken from Senayan Park in Jakarta, Indonesia, July 12, 2024. (Xinhua/Xu Qin)