မြန်မာ-ENG
တရုတ်ကားပျံများ ယူအေအီးတွင် ပျံသန်းခွင့်ရရှိ

ရက်စ်အယ်လ်ခါအီမာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ကားပျံကုမ္ပဏီ XPENG AEROHT မှ တီထွင်ထုတ်လုပ်သည့် ကားပျံ Land Aircraft Carrier က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ မြောက်ဘက်စွန်းဒေသ ရက်စ်အယ်လ်ခါအီမာတွင် အထူးပျံသန်းခွင့်ကို စက်တင်ဘာ ၁၀ ရက်၌ ရရှိခဲ့ပြီဖြစ်သည်။အဆိုပါအထူးပျံသန်းခွင့်လက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ ရက်စ်အယ်လ်ခါအီမာဒေသ၏ အုပ်ချုပ်ရေးမှူးနှင့် ယူအေအီးနိုင်ငံ Supreme Council အဖွဲ့ဝင် Sheikh Saud bin Saqr Al Qasimi၊ ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းရိမင် နှင့် အခြားအဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအထူးပျံသန်းခွင့် ခွင့်ပြုမိန့်ကို XPENG AEROHT ကုမ္ပဏီ၏ တည်ထောင်သူ ကျောက်တယ်လိအား ပေးအပ်ခဲ့ပြီး ၎င်းက ယူအေအီးနိုင်ငံ၏ ပွင့်လင်းဆန်းသစ်မှုပတ်ဝန်းကျင်သည် ကားပျံနည်းပညာအား သက်သေပြရန်အတွက် စံပြပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားအတွင်း ရက်စ်အယ်လ်ခါအီမာဒေသ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပျံသန်းမှုစမ်းသပ်ခြင်းဆိုင်ရာ အသိအမှတ်ပြုထောက်ခံချက်နှင့် အနာဂတ်၌ ဖြစ်နိုင်ခြေရှိသော အသုံးပြုခြင်းများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အစိုးရသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း စသည့် နယ်ပယ်များတွင် ကားပျံများကို တိုးမြှင့်အသုံးပြုရန် XPENG AEROHT ကုမ္ပဏီနှင့် ဗျူဟာမြောက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ရက်စ်အယ်လ်ခါအီမာဒေသ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Esmaeel Al Blooshi က တရုတ်ကားပျံနည်းပညာပေါင်းစပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ စမတ်ကျသော သွားလာမှုနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော သယ်ယူပို့ဆောင်ရေးတွင် ယူအေအီးနိုင်ငံ၏ ရပ်တည်ချက်ကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။
“Land Aircraft Carrier” သည် အသိဉာဏ်ရှိပြီး ကြီးမားသော ဖန်သားပြင်နှင့် မောင်းတံတစ်ခုတည်းဖြင့် ထိန်းချုပ်သောစနစ် တပ်ဆင်ထားသည့် အပြည့်အဝ လျှပ်စစ်လေယာဉ် ဖြစ်သည်။ ၎င်းသည် အလိုအလျောက်နှင့် လူထိန်းချုပ်ရသော စက်လည်ပတ်ရေးနည်းလမ်း နှစ်ခုလုံးကို ပံ့ပိုးပေးသည်။ ၎င်း၏ အဆင့်မြင့်သော ပျံသန်းရေးထိန်းချုပ်မှုစနစ်က စက်လည်ပတ်မှုဆိုင်ရာ ဘေးကင်းမှုကို တိုးမြှင့်ပေးကာ ၎င်း၏ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အင်္ဂါရပ်များနှင့်အတူ ဆူညံသံနည်းပါးသည့် အဆင့်များက မြို့ပြအသုံးပြုမှုများအတွက် ကောင်းစွာသင့်လျော်စေသည်။ယူအေအီးနိုင်ငံသည် ဝေဟင်နိမ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ မြှင့်တင်နေပြီး စမတ်သယ်ယူပို့ဆောင်ရေးကဏ္ဍရှိ ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီများကို ဆွဲဆောင်ရန် မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ (Xinhua)
#LandAircraftCarrier #FlyingCar #XPENGAEROHT #UAE #ကားပျံ #ယူအေအီး
……………………………….
(English Version)
Chinese flying vehicle receives flight permit in UAE
RAS AL KHAIMAH, UAE, Sept. 10 (Xinhua) — “Land Aircraft Carrier,” a flying car developed by Chinese flying car company XPENG AEROHT, on Wednesday received a special flight permit in Ras Al Khaimah, the northernmost emirate of the United Arab Emirates (UAE).
The certification ceremony was attended by Sheikh Saud bin Saqr Al Qasimi, ruler of Ras Al Khaimah and member of the UAE Supreme Council, Zhang Yiming, Chinese ambassador to the UAE, and other senior officials.
The special flight permit was presented to Zhao Deli, founder of XPENG AEROHT, who said the UAE’s open innovation environment provides an ideal platform for validating flying car technology.
During the event, the Ras Al Khaimah Transport Authority signed a strategic memorandum of understanding with XPENG AEROHT to collaborate on flight testing certification and scenario applications, and to promote flying cars in such fields as government transport, tourism and emergency rescue.
Esmaeel Al Blooshi, director general of the transport authority, said that integrating Chinese flying vehicle technology enhances the UAE’s position in global smart mobility and low-carbon transportation, serving as a demonstration for the Middle East.
The “Land Aircraft Carrier” is a fully electric aircraft equipped with an intelligent large display and a single-stick control system. It supports both automatic and manual operation modes. Its advanced flight control system enhances operational safety, and its low noise levels along with environmentally friendly features make it well-suited for urban applications.
The UAE has been actively promoting low-altitude economic development and implementing policies to attract global companies in the smart transportation sector. ■
English Caption 1
The “Land Aircraft Carrier” is pictured during a demonstration in Ras Al Khaimah, the United Arab Emirates (UAE), Sept. 10, 2025. (XPENG/Handout via Xinhua)
English Caption 2
Esmaeel Al Blooshi (front R), director general of the Ras Al Khaimah Transport Authority, and Zhao Deli (front L), founder of XPENG AEROHT, attend a certification ceremony in Ras Al Khaimah, the United Arab Emirates (UAE), Sept. 10, 2025. (XPENG/Handout via Xinhua)