Connect with us

မြန်မာ-ENG

တိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသောဒေသများသို့ သဘာ၀ဘေး ကယ်ဆယ်ရေးရန်ပုံငွေများ တရုတ်နိုင်ငံ ခွဲဝေချထားပေး

တရုတ်နိုင်ငံတောင်ပိုင်း၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ ရေလွှမ်းမိုးနေသောလမ်းပေါ်တွင် ပိတ်မိနေသော ပြည်သူများအား ဒေသဆိုင်ရာအကောက်ခွန်ဌာနမှ ဝန်ထမ်းများက ကူညီရွှေ့ပြောင်း ကယ်ဆယ်ပေးနေမှုအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ရေကြီးရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့်ဒေသများတွင် ဆောင်ရွက်နေ သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်အတွက် ကယ်ဆယ်ရေးရန်ပုံငွေ ယွမ်ငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၂၁ နီးပါး) ကို တရုတ်နိုင်ငံအာဏာပိုင်များက စက်တင်ဘာ ၂၄ ရက်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေကို တရုတ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့မှ တာဝန်ယူခွဲဝေချထားပေးခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည့်ဒေသခံများအား ပြန်လည်နေရာချထားရေး၊ အန္တရာယ်ရှိနိုင်သည်များအား ဖယ်ရှားရှင်းလင်းရေး၊ နောက်ဆက်တွဲ ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေကို စစ်ဆေးလျှော့ချရေးနှင့် ထိခိုက်ပျက်စီးမှုများအား အရေးပေါ်ပြင်ဆင်မှုများ ပြီးစီးအောင် ဆောင်ရွက်ရေးစသည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေရသော ကွမ်တုန်း၊ ဟိုင်နန်နှင့် ဖူကျန့်ပြည်နယ်များသို့ ထောက်ပံ့ရာတွင် အဆိုပါရန်ပုံငွေကို အသုံးပြုသွားမည်ဖြစ်သည်။
စက်တင်ဘာ ၂၄ ရက်ကပင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ကလည်း နိုင်ငံ၏ ဗဟိုဘတ်ဂျက်မှနေ၍ ယွမ်ငွေ သန်း ၂၀၀ ကို ကွမ်တုန်းပြည်နယ်တွင် ဆောင်ရွက်နေသော အရေးပေါ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် ခွဲဝေချထားပေးခဲ့သည်။
အဆိုပါရန်ပုံငွေကို လမ်းများ၊ တံတားများ၊ ရေအရင်းအမြစ်စီမံခန့်ခွဲထိန်းသိမ်းရေးစီမံကိန်းများ၊ ကျောင်းများ၊ ဆေးရုံများအပါအဝင် ထိခိုက်ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရေးနှင့် ထိခိုက်ခံစားခဲ့ရသည့်ဒေသများတွင် ကုန်ထုတ်လုပ်မှုနှင့် လူမှုဘ၀များ ပုံမှန်ရရှိစေရေးတို့တွင် အထောက်အကူပြုကူညီနိုင်ရန် တိုက်ရိုက်ချထားပေးမည်ဖြစ်ကြောင်း NDRC က ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ် ပစိဖိတ်တိုင်ဖွန်းရာသီ၏ ၁၈ ခုမြောက်မုန်တိုင်းဖြစ်သော တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ၏အရှိန်ကြောင့် ကွမ်တုန်းပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက် ညနေ ၅း၀၀ နာရီခန့်အချိန်က မြေပြိုကျမှုဖြစ်ပွားခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာမှာ ကွမ်တုန်းပြည်နယ်၊ ယန်ကျန်းမြို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဟိုင်လျင်ကျွန်းကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်စဉ် မုန်တိုင်း၏ ဗဟိုချက်အနီးရှိ လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၄၀ အထိ ပြင်းထန်ခဲ့သည်။
စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီမှစ၍ ကွမ်တုန်းပြည်နယ်အနှံ့မှ ဒေသခံပေါင်း ၁.၈၉ သန်းကျော်ကို လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
မိုးလေဝသပညာရှင်များ၏ ခန့်မှန်းမှုအရ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာမှာ ပျမ်းမျှ တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းဖြင့် အနောက်စူးစူးသို့ ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
China allocates disaster relief funds to regions hit by Typhoon Ragasa floods
BEIJING, Sept. 24 (Xinhua)
Chinese authorities on Wednesday earmarked 150 million yuan (about 21 million U.S. dollars) of central natural disaster-relief funds to support rescue and relief work in regions impacted by flooding caused by Typhoon Ragasa.
The funds were allocated by the Ministry of Finance and the Ministry of Emergency Management.
They will be used to support the provinces of Guangdong, Hainan and Fujian in relocating affected residents, eliminating hazards, inspecting risks of secondary disasters, and implementing emergency repairs.
On Wednesday, the National Development and Reform Commission (NDRC) allocated 200 million yuan from the country’s central budget to support emergency restoration work in Guangdong.
The funds will be directed toward the emergency repair of damaged infrastructure, including roads, bridges, water conservancy projects, schools and hospitals, to help restore normal life and production in affected areas as soon as possible, the NDRC said.
Typhoon Ragasa — the 18th named storm of the 2025 Pacific typhoon season — made landfall in Guangdong at about 5 p.m. Wednesday. The typhoon churned ashore on Hailing Island, which is a part of the city of Yangjiang in Guangdong, with a wind-force high of 40 meters per second near its center.
As of 10 p.m. Tuesday, more than 1.89 million residents had been relocated across the province.
Meteorological authorities forecast that Ragasa will continue moving westward at a speed of roughly 20 kilometers per hour and gradually weaken. ■
Photo:
Staff members from the local customs authority help stranded citizens to evacuate on an inundated street in Macao, south China, Sept. 24, 2025. (Xinhua/Cheong Kam Ka)