Connect with us

မြန်မာ-ENG

China Open တင်းနစ်ပြိုင်ပွဲတွင် ဆင်နာက ဆီလစ်စ်အား သက်သောင့်သက်သာအနိုင်ရရှိ၊ တရုတ်တင်းနစ်မယ်များ လက်စွမ်းပြ

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်အဖြစ် အီတလီမှ ဂျန်းနစ် ဆင်နာနှင့် ခရိုအေးရှားမှ မာရင် ဆီလစ်စ်တို့ ယှဉ်ပြိုင်စဉ်အတွင်း ဂျန်းနစ် ဆင်နာ စပေးဘောပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်များကို စက်တင်ဘာ ၂၅ ရက်က စတင်ကျင်းပလျက်ရှိရာ ဆီဒင်-၁ တင်းနစ်ကစားသမား ဂျန်းနစ် ဆင်နာက ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း မာရင် ဆီလစ်စ်အား ၆-၂၊ ၆-၂ ဖြင့် အနိုင်ယူကာ ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆင်နာမှာ ပွဲကိုစောစီးစွာ ထိန်းချုပ်နိုင်ခဲ့ပြီး ကောင်းမွန်သော စပေးဘောတုံ့ပြန်မှုများ၊ ကွင်း၏ baseline မှ ထိထိရောက်ရောက် ကစားပုံများဖြင့် ပထမပွဲလတ်တွင် break point နှစ်ကြိမ်ရရှိခဲ့သည်။ ဒုတိယပွဲလတ်တွင်လည်း ၅-၁ ဖြင့် အသာစီးယူနိုင်ခဲ့ပြီးနောက် အခက်အခဲမရှိဘဲ ပွဲကိုအဆုံးသတ်နိုင်ခဲ့သည်။
“ဒါက အမြဲတမ်းခက်ခဲပါတယ်။ သူ့ရဲ့အကောင်းဆုံးလက်စွမ်းက သိပ်ကိုကောင်းပါတယ်။ ကျွန်တော် နယူးယောက်မှာ သူနဲ့အတူလေ့ကျင့်ခဲ့တာဆိုတော့ သိပ်မကြာသေးပါဘူး။ သူ့ကို သိပ်လေးစားပါတယ်” ဟု ဆင်နာက ဆိုသည်။ “ကျွန်တော် သူ့ကို စောစောစီးစီး break point ယူနိုင်ခဲ့လို့ ရလဒ်ကောင်းတွေ ဆက်ယူနိုင်ဖို့ ယုံကြည်မှုတွေ ရစေပါတယ်။ အရမ်းအရမ်းကိုပျော်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ပေကျင်းကို လာရတာ သိပ်‌ကောင်းပါတယ်။ အကြိုလေ့ကျင့်တဲ့ ပထမနေ့ကတည်းက ပရိသတ်တွေအများကြီး လာကြည့်ကြတယ်။ ဒီကပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို ခံစားရတယ်လေ။ ကျွန်တော့်ရဲ့အားအင်တွေကို သူတို့ဆီကို သယ်ဆောင်လာရတဲ့အတွက် သိပ်ပျော်ပါတယ်” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၂၅ ရက် အစောပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအဆင့်ပွဲစဉ်တွင် တရုတ်နိုင်ငံမှ ကျန်းကျစ်ကျန်းက ပြင်သစ်နိုင်ငံမှ တဲရန့်စ် အက်မာနီကို ၂ ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ နောက်ထပ် တရုတ်တင်းနစ်ကစားသမား တစ်ဦးဖြစ်သည့် Bu Yunchaokete နှင့် ဂရိတ်ဗြိတိန်မှ ကင်မရွန်း နော်ရီတို့အတွဲက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အမျိုးသမီး တင်းနစ်ပွဲစဉ်များတွင် ဒဏ်ရာကြောင့် အချိန်ကပ်၍ နုတ်ထွက်ခဲ့ရသည့် ဝမ်ရာဖန်မှလွဲ၍ လက်ရည်စစ်ပွဲပြိုင်ရန်မလိုဘဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည့် တရုတ်တင်းနစ်မယ် ငါးဦးစလုံး ပါဝင်ကစားနိုင်ခဲ့ပြီး အိမ်ရှင်ပရိသတ်များ၏ အချစ်တော်များဖြစ်သည့် ကျူးလျင်၊ ယွမ်ယွဲ့နှင့် ဝမ်ရှီးယွိတို့အားလုံး အဖွင့်ပွဲစဉ်တွင် အနိုင်ရခဲ့သဖြင့် အိမ်ရှင်ပရိသတ်များအတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့သည်။
ဝမ်ရှီးယွိက တစ်နိုင်ငံတည်းသူ ကောဟန့်ယွိအား နှစ်ပွဲပြတ်အနိုင်ရခဲ့ပြီး ကျူးလျင်ကလည်း ဂျပန်တင်းနစ်မယ် မိုယုကာ အုချိဂျိမအား နှစ်ပွဲပြတ် သက်သောင့်သက်သာ အနိုင်ရရှိကာ ၁၁ နှစ်အတွင်း China Open ပြိုင်ပွဲ၏ အဓိကပွဲစဉ်၌ ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့သည်။ ယွမ်ယွဲ့က ယူလီယာ ပူတင်ဆီဗာကို အနိုင်ရရှိခဲ့သဖြင့် နောက်တစ်ဆင့်တွင် ဆီဒင်-၁ အီဂါ ဆဝိုင်ယာတက်ခ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဝေစီးကျားမှာမူ ပထမအဆင့်မှာပင် ထွက်ခွာခဲ့ရသည်။
“ကျွန်မ မနှစ်တုန်းက China Open မှာ ဒဏ်ရာကြောင့် မကစားခဲ့ရပါဘူး။ ဒီနှစ်တော့ အထူးသဖြင့် ပေကျင်းမှာကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့အတွက် သိပ်ပျော်ပါတယ်။ ဒါက ကျွန်မအတွက် ထူးခြားတဲ့ပြိုင်ပွဲတစ်ပွဲပါပဲ” ဟု ကျူးက ဆိုသည်။ “အထူးသဖြင့် မိုယုကာနဲ့ ကျွန်မက ကလပ်တစ်ခုတည်းမှာ လေ့ကျင့်ခဲ့တာမို့လို့ တစ်ယောက်အကြောင်းကိုတစ်ယောက် ‌ကောင်းကောင်းသိပါတယ်။ ကျွန်မတို့ ကွမ်ကျိုးမှာ နေ့တိုင်းလေ့ကျင့်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျိန့်ချင်းဝန်နှင့် ဝမ်ရှင်းယွီတို့ နှစ်ဦးစလုံးမှာ ပထမအဆင့်ကို ယှဉ်ပြိုင်စရာမလိုဘဲ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရထားသည့်အတွက် ပြိုင်ပွဲဒုတိယအဆင့်သို့ တရုတ်တင်းနစ်မယ်ခြောက်ဦး တက်ရောက်နိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်အဖြစ် အီတလီမှ ဂျန်းနစ် ဆင်နာ (ဝဲ) နှင့် ခရိုအေးရှားမှ မာရင် ဆီလစ်စ်တို့ ယှဉ်ပြိုင်ကစားပြီးနောက် အချင်းချင်း ပွေ့ဖက်နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က အီတလီမှ ဂျန်းနစ် ဆင်နာနှင့် ခရိုအေးရှားမှ မာရင် ဆီလစ်စ်တို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်မတိုင်မီ ဂျန်းနစ် ဆင်နာ ကွင်းထဲသို့ဝင်ရောက်လာစဉ် (ဆင်ဟွာ)

………………………
(English Version)
Sinner eases past Cilic as Chinese women shine at China Open
BEIJING, Sept. 25 (Xinhua) — The 2025 China Open men’s singles main draw began on Thursday, with top seed Jannik Sinner cruising past former US Open champion Marin Cilic 6-2, 6-2 to reach the round of 16.
Sinner took control early, breaking twice in the first set with sharp returns and dominant baseline play. In the second set, he surged into a 5-1 lead and closed out the match without difficulty.
“I mean, it’s always difficult. His peak is very, very high. I practiced with him in New York, so it was quite recent. Big respect to him,” said Sinner. “I managed to break him quite early, which gave me the confidence to continue. Obviously very, very happy.”
“It’s very nice to come here [to Beijing]. Since day one, when you practice, a lot of people watch the practice. You feel the passion people here have. I’m very happy to bring my energy to them,” he added.
Earlier on Thursday, China’s Zhang Zhizhen fell 2-0 to France’s Terence Atmane in the first round. His compatriot Bu Yunchaokete teamed up with Great Britain’s Cameron Norrie to advance to the second round of the men’s doubles draw.
On the women’s side, aside from Wang Yafan’s late withdrawal due to injury, all five Chinese wildcards took to the court. Home favorites shone as Zhu Lin, Yuan Yue and Wang Xiyu all notched opening-round wins to delight the home crowd.
Wang Xiyu defeated compatriot Guo Hanyu in straight sets, while Zhu Lin eased past Japan’s Moyuka Uchijima 2-0 for her first China Open main-draw victory in 11 years. Yuan Yue battled past Yulia Putintseva to set up a clash with top seed Iga Swiatek in the next round. Wei Sijia bowed out in the first round.
“I didn’t play last year’s China season because of injury. I’m really happy that I was able to play this year, especially in Beijing. It’s a special tournament for me,” said Zhu. “Especially against Moyuka, we practice in the same club. We know each other so well. We basically practiced every day in Guangzhou.”
With Zheng Qinwen and Wang Xinyu both receiving first-round byes, six Chinese women have advanced to the second round.
English Caption 1
Jannik Sinner serves during the men’s singles first round match between Jannik Sinner of Italy and Marin Cilic of Croatia at 2025 China Open tennis tournament in Beijing, China, Sept. 25, 2025. (Xinhua/Hu Jingwen)
English Caption 2
Jannik Sinner (L) and Marin Cilic hug each other after the men’s singles first round match between Jannik Sinner of Italy and Marin Cilic of Croatia at 2025 China Open tennis tournament in Beijing, China, Sept. 25, 2025. (Xinhua/Hu Jingwen)
English Caption 3
Jannik Sinner enters the court before the men’s singles first round match between Jannik Sinner of Italy and Marin Cilic of Croatia at 2025 China Open tennis tournament in Beijing, China, Sept. 25, 2025. (Xinhua/Hu Jingwen)