မြန်မာ-ENG
တရုတ်နိုင်ငံ၏ အာဇာနည်နေ့တွင် သမ္မတရှီက နိုင်ငံ့အာဇာနည် သူရဲကောင်းများအား ဂါရဝပြု

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ရှိ ထျန်းအန်းမန်ရင်ပြင်တွင် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ကျဆုံးလေပြီးသော နိုင်ငံ့အာဇာနည် သူရဲကောင်းများအား ပန်းခြင်းများဖြင့် ဂါရဝပြုသည့် အခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် အစိုးရ၏ အခြားသော ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အမျိုးသားနေ့မတိုင်မီ တစ်ရက်အလိုတွင် ကျရောက်သည့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အဆိုပါ အခမ်းအနားအား ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်မှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ နှစ် ၈၀ ပြည့် အခါသမယလည်းဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်လာသည့် အခြားခေါင်းဆောင်များအနက် လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့လည်း ပါဝင်ကာ ၎င်းတို့နှင့်အတူ အလွှာအသီးသီးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
နံနက် ၁၀ နာရီ၌ အခမ်းအနား တက်ရောက်လာသူအားလုံးက နိုင်ငံတော်သီချင်းကို သီဆိုကာ တရုတ်ပြည်သူများ လွတ်မြောက်ရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်စတေးခဲ့သည့် အာဇာနည်သူရဲကောင်းများကို ခဏတာငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။
ထို့နောက် ပြည်သူ့သူရဲကောင်းများ အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပန်းခြင်းကြီး ကိုးခြင်းကိုချကာ ဂုဏ်ပြုခဲ့ကြသည်။
ရှီနှင့် အခြားခေါင်းဆောင်များက အဆိုပါ အထိမ်းအမှတ်ကျောက်တိုင် ခြေရင်းအထိ လမ်းလျှောက်သွားကာ ပန်းခြင်းကြီးများပေါ်မှ ဖဲကြိုးများကို ဆွဲဆန့်ပေးခဲ့သည်။ ထို့နောက် ၎င်းတို့က အထိမ်းအမှတ်ကျောက်တိုင်အား တစ်ပတ်ပတ်၍ ဂါရဝပြုခဲ့ကြောင်း သိရသည်။
“ပြည်သူ့သူရဲကောင်းများ၏ ဂုဏ်ကျက်သရေ ထာဝစဉ်တည်တံ့နေ” ဟု ရေးသားထားသော ဖဲကြိုးများ တပ်ဆင်ထားသည့် ပန်းခြင်းကြီးများအား CPC ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၊ ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီဝင်မဟုတ်သူများ၊ တရုတ်စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးအသင်းချုပ်နှင့် ပါတီအဖွဲ့အစည်းများမှ မဟုတ်သော မျိုးချစ်ပုဂ္ဂိုလ်များ၊ ပြည်သူ့အသင်းအဖွဲ့များနှင့် အလွှာစုံမှ ပြည်သူများ၊ စစ်ပြန်များ၊ အငြိမ်းစား အဆင့်မြင့်အရာရှိကြီးများနှင့် အာဇာနည်သူရဲကောင်းများ၏ ဆွေမျိုးသားချင်းများ၊ တရုတ်ရှေ့ဆောင်လူငယ်အဖွဲ့ဝင်များ၏ အမည်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
ထိုအခမ်းအနားအား CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ပေကျင်းမြူနီစီပယ် ကော်မတီ အတွင်းရေးမှူး ရင်လိက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Xi pays tribute to national heroes on Martyrs’ Day
BEIJING, Sept. 30 (Xinhua) — Chinese President Xi Jinping and other leaders of the Communist Party of China (CPC) and the state attended a ceremony on Tuesday morning at Tian’anmen Square in central Beijing to present flower baskets to fallen national heroes.
The event was held to mark Martyrs’ Day, a day ahead of the National Day in China. This year marks the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
The other leaders included Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi and Han Zheng. They were joined by representatives from all walks of life at the ceremony.
At 10 a.m., all attendees sang the national anthem, followed by a moment of silence in tribute to the heroes who sacrificed their lives for the liberation of the Chinese people and the development of the People’s Republic of China.
Nine large flower baskets were placed in front of the Monument to the People’s Heroes.
Xi and other leaders walked up to the foot of the monument, where he straightened the ribbons on the baskets. Then, they walked around the monument to pay their tributes.
The baskets, with ribbons reading “Eternal Glory to the People’s Heroes,” were presented in the name of the CPC Central Committee; the National People’s Congress Standing Committee; the State Council; the National Committee of the Chinese People’s Political Consultative Conference; the Central Military Commission; non-Communist parties, the All-China Federation of Industry and Commerce, and patriots without party affiliations; people’s organizations and people from all walks of life; veterans, retired senior officials and the relatives of martyrs; and Chinese Young Pioneers.
The ceremony was presided over by Yin Li, a member of the Political Bureau of the CPC Central Committee and secretary of the CPC Beijing Municipal Committee. Enditem