မြန်မာ-ENG
အလွန်ဆို မကြာမီ အသင်းသစ်ရှာတွေ့မည်ဟု ဟန်ဆီ ဖလစ်ခ် မျှော်လင့်
မက်ဒရစ်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ယခုသီတင်းပတ် အစောပိုင်းက ရီးရဲလ်မက်ဒရစ်နှင့် လမ်းခွဲခဲ့သည့် နည်းပြ ဇာဘီ အလွန်ဆိုမှာ မကြာမီ အသင်းသစ်ရှာတွေ့လိမ့်မည်ဟု မျှော်လင့်ကြောင်း ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၁ ရက် စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ဖလစ်ခ်၏ ဘာစီလိုနာအသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အလွန်ဆိုနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ဇန်နဝါရီ ၁၂ ရက်တွင် လမ်းခွဲခဲ့ခြင်းဖြစ်ကာ အလွန်ဆိုမှာ ရီးရဲလ်ကြယ်ပွင့်ကစားသမားအချို့နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သည်ဟူသော သတင်းဖော်ပြချက်များလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
ဇန်နဝါရီ ၁၅ ရက်တွင် ရေးဆင်း ဆန်တန်ဒါအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်ဖလား စတုတ္ထအဆင့် အဝေးကွင်းပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အလွန်ဆို ထွက်ခွာသွားမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဖလစ်ခ်က “အဲဒါက ဘောလုံးအားကစားပါပဲ။ အဲဒါက ကျွန်တော့်ရဲ့အလုပ် မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
မိမိနှင့် အလွန်ဆိုတို့မှာ ဆက်ဆံရေးကောင်းမွန်ကြောင်းလည်း ဖလစ်ခ်က ဆက်လက်ပြောသည်။
“ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်နဲ့ ဇာဘီက ဆက်ဆံရေးကောင်းမွန်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ လေဗာကူဆင်မှာ ဆုံတွေ့ခဲ့ပြီး အဆက်အသွယ်မပြတ်ရှိပါတယ်။ ဒါက ဘောလုံးအားကစားပါပဲ။ သူ့အတွက် အကောင်းဆုံးတွေဖြစ်လာဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်” ဟု ၎င်းက ဆိုသည်။
“သူနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဟာ မကြာခင်မှာ သိပ်ကောင်းတဲ့ ပရောဂျက်တစ်ခုကို ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူက သိပ်တော်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး အနာဂတ်အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူပါ” ဟု ဖလစ်ခ်က ပြောကြားခဲ့ကာ နည်းပြများအနေဖြင့် တစ်ချိန်ချိန်တွင် အပြောင်းအလဲများ ကြုံရမည်သာဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
“ဒါက ဘောလုံးအားကစားရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ကျွန်တော်တို့ အဲဒါကို ပြောင်းလဲလို့မရပါဘူး။ အသင်းဘက်က ကိုယ့်အပေါ် မှာ ယုံကြည်မှုရှိဖို့လိုပါတယ်။ အသင်းဘက်ကရော ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိတဲ့ သူတွေကရောပေါ့” ဟု ၎င်းက ဆိုသည်။
“နည်းပြအလုပ်က သိပ်ကိုရှုပ်ထွေးပြီး တာဝန်တွေအများကြီးယူရပေမဲ့ နောက်ဆုံးမှာတော့ အဲဒါက ကျွန်တော်တို့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာမို့ ကျွန်တော်တို့ ခံနိုင်ရည်ရှိဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖလစ်ခ်က ၎င်းနှင့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ယိုအန် လာပေါ်တာတို့ကြားက ဆက်ဆံရေးနှင့် ပတ်သက်၍လည်း ဖွင့်ဟပြောဆိုခဲ့သည်။
“ဘောလုံးအားကစားဆိုတာ အောင်မြင်မှုတွေအပေါ်မှာ မူတည်နေတာပါ။ ကလပ်အသင်းကြီးတွေမှာဆိုရင် ပိုပြီးတော့တောင် မူတည်နေပါတယ်။ ဘာစီလိုနာကို ရောက်ရောက်ချင်းမှာ ကျွန်တော့်ခံစားချက်က သိပ်ကိုရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော်တို့ အတူတူအလုပ်လုပ်ကြဖို့ပဲလေ။ အခုတော့ မိသားစုတစ်စုလိုမျိုး ဖြစ်နေပါပြီ။ ကျွန်တော် အဲဒီဓလေ့ကို သိပ်တန်ဖိုးထားပါတယ်” ဟု ဖလစ်ခ်က ပြောသည်။ (Xinhua)

နူးကမ့်ကွင်းအား ပြန်လည်မွမ်းမံတည်ဆောက်ပြီးနောက် အဆိုပါကွင်း၌ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းနေသည့် ဘာစီလိုနာ ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ရီးရဲလ်မက်ဒရစ်နှင့် အိုလံပစ် မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်၌ ထိုစဉ်က ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုအား တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Flick expects Alonso to find new job soon
MADRID, Jan. 14 (Xinhua) — FC Barcelona coach Hansi Flick said on Wednesday he expects Xabi Alonso to find a new job soon after his departure from Real Madrid earlier this week.
Alonso and Real Madrid parted ways on Monday after a 3-2 defeat to Flick’s side in the Spanish Super Cup final on Sunday, with media reports also circulating about strained relations with some of the club’s star players.
Speaking ahead of Barcelona’s fourth-round Copa del Rey match away to Racing Santander on Thursday, Flick was asked about Alonso’s exit.
“This is football, and it’s not my business,” Flick said.
He added that he has a good relationship with Alonso.
“What I can say is that I have a good relationship with Xabi; we met in Leverkusen and have stayed in touch. It’s football, and I wish him all the best,” he said.
“I’m sure he and his coaching staff will have a great project soon. He’s a great coach and has a bright future,” Flick said, adding that coaches eventually change jobs.
“It’s part of football, and we can’t change it. The club has to believe in you; the team has to and so do those who make the decisions.”
“The job of a coach is very complicated; we have many responsibilities, but in the end, it’s part of our job, and we have to live with it,” he said.
Flick also spoke about his relationship with Barcelona president Joan Laporta.
“Football depends on victories, and even more so at big clubs. The feeling I had from my first hours here [at Barcelona] was very clear: that we would work together, and now it feels like a family. I really value this culture,” he said.
English Caption 1
Head coach of Barcelona Hansi Flick is seen during the La Liga football match between Villarreal and Barcelona in Vila-Real, Spain, Dec. 21, 2025. (Str/Xinhua)
English Caption 2
Players of FC Barcelona are seen during FC Barcelona’s first training at Camp Nou following its renovation. (Photo by Joan Gosa/Xinhua)
English Caption 3
Xabi Alonso, coach of Real Madrid, reacts during the first round match of UEFA Champions League between Real Madrid and Olympique Marseille in Madrid, Spain, on Sept. 16, 2025. (Photo by Gustavo Valiente/Xinhua)
