Connect with us

မြန်မာ-ENG

၂၀၂၅ ခုနှစ်တွင် နေတိုးအဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံကျော် ရှိခဲ့ဟု ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေး ရှင်းလင်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဆက်လက်တိုးမြှင့်ခဲ့ရာ စုစုပေါင်း အသုံးစရိတ်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း မတ် ၂၆ ရက်က ထုတ်ပြန်သည့် နေတိုးအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြချက်အရ သိရသည်။
ဥရောပမှ နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့သည် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခဲ့ရာ ၎င်းတို့၏ စုစုပေါင်း ကာကွယ်ရေးအသုံးစရိတ်မှာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၄ ဘီလီယံရှိခဲ့ပြီး ပကတိတန်ဖိုးအားဖြင့် ၂၀၂၄ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
အဖွဲ့ဝင်နိုင်ငံအားလုံးက ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုရမည့် နေတိုးမဟာမိတ်အဖွဲ့၏ ကာလရှည် လျာထားချက်ကို ၂၀၂၅ ခုနှစ်တွင် ပြည့်မီ/ကျော်လွန်ခဲ့ကြောင်း၊ ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယားနိုင်ငံတို့က ပင်မ ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ၏ ၃.၅ ရာခိုင်နှုန်း ခွဲဝေအသုံးပြုရမည့် နေတိုးအဖွဲ့၏ လျာထားချက်အသစ်ကို ပြည့်မီခဲ့ကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
သည်ဟိဂ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန်လက ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ နေတိုးခေါင်းဆောင်များက ၂၀၃၅ ခုနှစ်အရောက်တွင် ကာကွယ်ရေးနှင့် သက်ဆိုင်သည့် တစ်နှစ်တာအသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါ အစီအစဉ်အရ ၃.၅ ရာခိုင်နှုန်းကို ပင်မ ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် အသုံးပြုမည်ဖြစ်ကာ ကျန် ၁.၅ ရာခိုင်နှုန်းကိုမူ အရေးကြီး အခြေခံအဆောက်အအုံများ ကာကွယ်ခြင်း၊ ဆိုက်ဘာလုံခြုံရေးအတွက် အားဖြည့်ဆောင်ရွက်ခြင်း စသည့် ပိုမိုကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် ခွဲဝေအသုံးပြုသွားမည်ဟု သိရသည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) ဌာနချုပ်အား ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………….
(English Version)
NATO’s 2025 defense spending tops 1.4 tln USD: report
BRUSSELS, March 26 (Xinhua) — North Atlantic Treaty Organization (NATO) countries continued to raise defense spending in 2025, with total expenditure expected to exceed 1.4 trillion U.S. dollars, according to the organization’s annual report released on Thursday.
The report said European NATO members and Canada sharply increased military spending, with their combined defense outlays reaching 574 billion U.S. dollars in 2025, up 20 percent in real terms from a year earlier.
All NATO members met or exceeded the alliance’s longstanding target of spending 2 percent of gross domestic product (GDP) on defense in 2025, the report said, adding that Poland, Lithuania and Latvia achieved NATO’s new target of allocating 3.5 percent of GDP to core defense spending.
At the summit in The Hague in June 2025, NATO leaders agreed to raise annual defense-related spending to 5 percent of GDP by 2035. Under the plan, 3.5 percent would go to core defense needs, while the remaining 1.5 percent would be allocated to broader security-related areas such as protecting critical infrastructure and strengthening cybersecurity.
English Caption 1
North Atlantic Treaty Organization (NATO) Secretary General Mark Rutte speaks at a press conference in Brussels, Belgium, March 26, 2026. (Xinhua/Peng Ziyang)
English Caption 2
This photo taken on April 4, 2025 shows a view of the North Atlantic Treaty Organization (NATO) headquarters in Brussels, Belgium. (Xinhua/Zhao Dingzhe)