Connect with us

မြန်မာ-ENG

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၁၁ လတာ ကာလအတွင်း ဆန်တန်ချိန် ၂.၅ သန်းကျော်တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ဆန်ပြာနေသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၁၁ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂.၅ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မတ်လ ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၉၀ ဝင်ငွေရရှိခဲ့ကြောင်း အသင်းချုပ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ယင်းကာလအတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းတို့မှတစ်ဆင့် ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၄၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။  (Xinhua)

……………………
(English Version)
Myanmar rice exports exceed 2.5 mln tons in 11 months of FY 2025-26
YANGON, March 6 (Xinhua) — Myanmar exported more than 2.5 million tons of rice and broken rice in the first 11 months of the current fiscal year 2025-2026, according to the Myanmar Rice Federation on Friday.
The Southeast Asian country earned 790 million U.S. dollars from rice exports from April last year to February this year, the federation’s data showed.
During the period, the country exported rice and broken rice via both sea and land routes to more than 30 countries, including China, the Philippines, Belgium, Poland, and the United Kingdom, it said.
In the fiscal year 2024-25, the country exported 2.48 million tons of rice and broken rice, the federation said.  Enditem