Connect with us

မြန်မာ-ENG

သီရိလင်္ကာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအရ ကယ်တင်ခံရသော အီရန်နိုင်ငံသားများအား တစ်လအခမဲ့ဗီဇာပေးမည်

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် ပင်လယ်နံဘေးမှ ခုတ်မောင်းသွားသော ရထားတစ်စင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံအနေဖြင့် အီရန်သင်္ဘောများမှ ကယ်တင်ခံရသော ရေတပ်သားများအား တစ်လအခမဲ့ဗီဇာပေးမည်ဖြစ်ကြောင်း၊ ယင်းက ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကာကွယ်မှုအရ သီရိလင်္ကာနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရှိစေမည်ဖြစ်ကြောင်း နိုင်ငံ၏ အဆင့်မြင့်အရာရှိတစ်ဦးက မတ် ၈ ရက်၌ ပြောကြားခဲ့သည်။
မတ် ၄ ရက်၌ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းက နှစ်မြှုပ်ခဲ့သော IRIS Dena သင်္ဘောမှ အသက်ရှင်ကျန်ရစ်သည့် ရေတပ်သား ၃၂ ဦးနှင့် IRIS Bushehr သင်္ဘောပေါ်ရှိ ရေတပ်သား ၂၀၀ ကျော်တို့အား ဗီဇာများပေးအပ်သွားမည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏ အများပြည်သူလုံခြုံရေးနှင့် လွှတ်တော်ရေးရာဝန်ကြီး အာနန်ဒါ ဝီဂျီပါလာက ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်ရေတပ်သားများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များမှာ သီရိလင်္ကာနိုင်ငံနှင့်သက်ဆိုင်သော နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ရေကြောင်းဥပဒေများနှင့်အညီဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ထောက်ခံရန် သို့မဟုတ် ထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်းမရှိဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
Sri Lanka to grant one-month free visas to rescued Iranians on humanitarian grounds
COLOMBO, March 8 (Xinhua) — Sri Lanka will grant free one-month visas to sailors rescued from Iranian vessels, allowing them to remain in the country under humanitarian protection, a senior official of the country said on Sunday.
Ananda Wijepala, Sri Lanka’s Minister of Public Security and Parliamentary Affairs, said the visas would be granted to 32 surviving crew members of IRIS Dena, which was sunk by a U.S. submarine on Wednesday, as well as more than 200 on board IRIS Bushehr.
He said decisions regarding the Iranian sailors are in accordance with international conventions and maritime laws applicable to Sri Lanka, and are not aimed at supporting or harming any country. ■
English Caption
This photo taken on Dec. 23, 2024 shows a train by the sea in Colombo, Sri Lanka. (Photo by Gayan Sameera/Xinhua)