Connect with us

Videos

အာဖရိကန် အမေရိကန်လူမျိုးတစ်ဦးအား အမေရိကန်ရဲအရာရှိများက အသေပစ်ခတ်ဖမ်းဆီးခဲ့သည့်ရုပ်သံဖိုင် ထုတ်ပြန်

ဝါရှင်တန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်ရှိ အက်ခရွန်မြို့ရဲတပ်ဖွဲ့ က ပြီးခဲ့သည့် သတင်းပတ်တွင် အာဖရိကန်အမေရိကန်လူမျိုး Jayland Walker အား ရဲတပ်ဖွဲ့ဝင် အင်အားအမြောက်အများသုံးကာ အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။ အဆိုပါ ရုပ်သံဖိုင်ကို ခန္ဓာကိုယ်တွင်တပ်ဆင်ထားသည့် ကင်မရာဖြင့် ရိုက်ကူးထားသည်ကို ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အက်ခရွန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၄ ရက် ညသန်းခေါင်ယံအချိန်တွင် Walker အား ယာဉ်စည်းကမ်းချိုးဖောက်မှုများကြောင့် ရဲအရာရှိများက ဖမ်းဆီးရန် ကြိုးပမ်းရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရဲအရာရှိများက Walker ၏ မော်တော်ယာဉ်အား အမြန်လမ်းတွင် မိနစ်ပေါင်းများစွာကြာအောင် လိုက်လံဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။ ရုပ်သံဖိုင်တွင် ဖော်ပြထားချက်အရ ပစ်ခတ်မှုများမဖြစ်ပွားမီ ရဲတပ်ဖွဲ့ဝင်များက ၎င်းနောက်ကို ပြေးလိုက်ခဲ့ကြစဉ်တွင် Walker က ရုတ်တရက်ကားထဲမှ ခုန်ချထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ရဲအရာရှိများက စစ်ဆေးစဉ်အတွင်းသံသယရှိသည့်ယာဉ်မှ သေနတ်တစ်လက်ကို တွေ့ရှိခဲ့သည်ဟု သတင်းပေးပို့ခဲ့ကြောင်း ရဲဌာနမှ ဆိုသည်။

အသက် ၂၅ နှစ်အရွယ် Walker ၏ ခန္ဓာကိုယ်တွင် သေနတ်ပစ်ခတ်ခံရမှု အချက်ရေပေါင်း ၆၀ ကျော် ရှိပြီး အခင်းဖြစ်ပွားချိန်၌ ၎င်းသည် လက်နက်မဲ့ဖြစ်နေခဲ့ကြောင်း အက်ခရွန် ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ Steve Mylett က ဆိုသည်။

ပစ်ခတ်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူ ရဲအရာရှိ ၈ ဦး အား ရဲတပ်ဖွဲ့ပစ်ခတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တာဝန်မှယာယီ ရပ်ဆိုင်းထားကြောင်း Mylett က ဆိုသည်။

အက်ခရွန်မြို့မှ အိုဟိုင်းအိုးပြည်နယ် ရှေ့နေချုပ် မှုခင်းစုံစမ်းစစ်ဆေးရေးဗျူရိုသို့ ဆက်သွယ်ခဲ့ပြီး အခင်းဖြစ်ရာအနေအထားကို မျှတစွာစုံစမ်းစစ်ဆေးပေးရန်တောင်းဆိုခဲ့သည်။ စစ်ဆေးမှုများမှာ လုပ်ဆောင်ဆဲဖြစ်ကြောင်းသိရသည်။

Walker ၏ မိသားစုများက ရဲအရာရှိများ၏ လူကိုသေစေလောက်သည်အထိ အင်အားသုံးဖမ်းဆီးမှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။
မိသားစုရှေ့နေ Bobby Dicello က Walker က စွပ်စွဲထားချက်များအတိုင်း ရဲအရာရှိများထံသေနတ်ပစ်ခတ်ခဲ့သည့် သက်သေ လုံးဝမတွေ့ရှိခဲ့ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားချိန်၌ ၎င်းမှာလက်နက်မဲ့ဖြစ်နေပြီး ထွက်ပြေးခြင်းသာ ဖြစ်ကြောင်းဆိုသည်။

ဆန္ဒပြသူများက အက်ခရွန်မြို့လမ်းများပေါ်တွင် ရက်ပေါင်းများစွာ စီတန်းလှည့်လည်ကာ ရဲတပ်ဖွဲ့၏ ရက်စက်မှုများနှင့် လူမျိုးရေးခွဲခြားဆက်ဆံမှုများကိုဆန့်ကျင်ခဲ့ကြပြီး Walker အတွက် တရားမျှတမှုကိုတောင်းဆိုခဲ့ကြသည်။

Walker ၏ သေဆုံးမှုဖြစ်စဉ်ကြောင့်ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့သည့်အတွက် အက်ခရွန်မြို့၏ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပမှုများကိုလည်း ပယ်ဖျက်ခဲ့သည်။

“ဒေသခံအချို့နဲ့ဧည့်သည်တွေအနေနဲ့ ဒီသီတင်းပတ်ကုန် အားလပ်ရက်ပွဲတော်ကို ပယ်ဖျက်မယ့် ဆုံးဖြတ်ချက်အတွက် စိတ်ပျက်သွားကြတဲ့အပေါ် ကျွန်တော့် အပြည့်အဝ နားလည်ပါတယ်
လွတ်လပ်ရေးနေ့ဟာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတစ်ခုလို့ ဆိုလိုတာဖြစ်ပြီး မိတ်ဆွေတွေ မိသားစုဝင်တွေနဲ့ ဆုံဆည်းချိန်ဆိုရင်လည်းမမှားပါဘူး”
“ကံမကောင်းစွာနဲ့ပဲ ဒီအချိန်ဟာ တစ်မြို့လုံးပျော်ပွဲရွှင်ပွဲ ကျင်းပနေရမယ့်အချိန်မဟုတ်ဘူးလို့ ကျွန်တော် လေးလေးနက်နက်နားလည်ခံစားမိပါတယ်” ဟု အက်ခရွန်မြို့တော်ဝန် Dan Horrigan က ကြေညာချက်ထဲတွင်ဖော်ပြထားသည်။
NAACP မှ ဥက္ကဌဖြစ်သူ Derrick Johnson က ကြေညာချက်ထဲတွင် Walker ၏ သေဆုံးမှုမှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမဟုတ်ကြောင်း၊ ယင်းမှာ “လူသတ်မှုဖြစ်ပြီး လူသတ်ဂိမ်းရဲ့သားကောင်ဖြစ်ခဲ့ရကြောင်း” ဖော်ပြထားသည်။
“ဒါမျိုးဟာ အမေရိကန်မှာ လူဖြူတွေမှာ မဖြစ်ပါဘူး” “ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ်အသက်ရှင်အောင်ကြိုးပမ်းနေကြရတဲ့သူတွေပါ၊ ကျွန်တော်တို့ကို သားကောင်တွေ အမဲလိုက်သလိုမျိုး ခံနေရတာ ပင်ပန်းလွန်းလှပါပြီ၊ ရဲတွေနဲ့ပတ်သက်မိရင် သေတတ်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟု ဂျွန်ဆင်က ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် အာဖရိကန်အမေရိကန်လူမျိုးများက လူဖြူများထက် ရဲတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကို ၃ ဆနီးပါး ပိုမိုခံရလေ့ရှိကြောင်း Mapping Police Violence မှ ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။ (Xinhua)
(သတိပေးချက်။ ရုပ်သံဖိုင်တွင်စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာ ရုပ်ပုံများပါဝင်ပါသည်)

………………………
(English Version)

GLOBALink | Footage of African American man fatally shot by officers released
WASHINGTON, July 4 (Xinhua) — Police of Akron in the U.S. state of Ohio released on Sunday body-camera footage of the fatal shooting of African American Jayland Walker by multiple officers last week.
The shooting happened shortly after midnight on Monday as officers attempted to pull over Walker on unspecified traffic violations, according to the Akron Police Department.
The officers were said to have chased Walker’s vehicle on the expressway for several minutes. Walker then allegedly jumped out of his car while the footage showed officers pursuing him on foot before opening fire.
The police department said officers “reported a firearm being discharged from the suspect vehicle” during the encounter.
Walker, 25, suffered more than 60 gunshot wounds and was unarmed at the time, according to Akron Police Chief Steve Mylett.
Eight officers who were directly involved in the shooting have been placed on administrative leave as part of the protocol in a police shooting, Mylett said.
The city had contacted the Ohio Attorney General’s Bureau of Criminal Investigation and requested an independent investigation into the incident. The process is underway.
Walker’s family has questioned the use of deadly force against him by the officers.
An attorney for the family, Bobby DiCello, said that he has not seen any evidence yet regarding allegations that Walker had shot at officers and that the man was unarmed and fleeing when being shot.
Protesters have taken to the street in Akron for several days in a row to oppose police brutality and racism, and demand justice for Walker.
Akron canceled its Independence Day celebrations after protests broke out in the wake of Walker’s death.
“I completely understand that some residents and guests will be disappointed by the decision to cancel the festival this holiday weekend. Independence Day is meant to be a celebration and a time of gathering with friends and family,” Akron Mayor Dan Horrigan wrote in a statement. “Unfortunately, I feel strongly that this is not the time for a city-led celebration.”
NAACP (The National Association for the Advancement of Colored People) President Derrick Johnson said in a statement that Walker’s death wasn’t self-defense, but “was murder. Point blank.”
“This doesn’t happen to white people in America,” Johnson said. “We are just trying to live our lives, and we are tired of being hunted like prey. We know that pulling over for the police is often a death sentence.”
African Americans are nearly three times more likely to be killed by police than white people in the United States, according to data from Mapping Police Violence.
(WARNING: Video contains disturbing images)

Produced by Xinhua Global Service