Environment, Disasters & Accidents
မြန်မာနိုင်ငံ တောင်ပိုင်း၌ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူအရေအတွက် ၁၇ ဦးအထိ ရှိလာ

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်း၌ အားကောင်းသော ရေဝဲကြောင့် ဖြစ်ပေါ်ခဲ့ရသည့် စက်လှေတိမ်းမှောက်မှုတွင် သေဆုံးသူအရေအတွက်မှာ ၁၇ ဦးထိ ရှိလာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၁ ရက် ကနဦးသတင်းများအရ သေဆုံးသူ ၈ ဦး ရှိခဲ့ပြီးနောက် နောက်ထပ် ရုပ်အလောင်း ၉ လောင်းအား ထပ်မံတွေ့ရှိခဲ့ရကြောင်း ၊ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းအထိ ပျောက်ဆုံးသူ ၉ ဦး ရှိနေသေးကြောင်းနှင့် ၁၁ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်တွင် စုစုပေါင်း အသက်ရှင်ကျန်ရစ်သူ ၇၃ ဦး ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့၌ အောက်တိုဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းစက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)
………………………
(English Version)
Death toll rises to 17 in southern Myanmar ferry accident
YANGON, Oct. 24 (Xinhua) — The death toll from a ferry accident caused by a strong whirlpool in southern Myanmar has climbed to 17, an official from the Myeik Fire Services Department told Xinhua on Thursday.
Initially reported at 8 fatalities on October 21, the toll increased after authorities recovered 9 more bodies. As of Thursday morning, 9 people remain missing, and 11 individuals have been hospitalized, the official said.
A total of 73 survivors have been accounted for, he added.
The accident occurred in Palaw Township of Myeik District in Tanintharyi Region, around 9:15 p.m. local time on October 20. Enditem