Media
ပထမဆုံး တူကီယဲနိုင်ငံထုတ် စီးပွားရေးလုပ်ငန်းသုံးဂြိုဟ်တုအား ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ လွှတ်တင်
အန်ကာရာ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ပထမဆုံး တူကီယဲနိုင်ငံထုတ် စီးပွားရေးလုပ်ငန်းသုံးဂြိုဟ်တု Turksat 6A အား အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ Kennedy အာကာသစင်တာမှ ဇူလိုင် ၉ ရက်အစောပိုင်းတွင် SpaceX Falcon 9 ဒုံးပျံဖြင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။ ထိုသို့လွှတ်တင်ခြင်းဖြင့် တူကီယဲနိုင်ငံက ဂြိုဟ်တုထုတ်လုပ်မှုတွင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြောင်း တူကီယဲနိုင်ငံသမ္မတ အာဒိုဂန်က ဂြိုဟ်တုလွှတ်တင်ရေးအခမ်းအနား၌ ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
1st Turkish-made communications satellite sent into orbit
The first Turkish homemade communications satellite, Turksat 6A, was sent into orbit by a SpaceX Falcon 9 rocket early Tuesday from Kennedy Space Center in Florida, the United States. With the launching, the country has entered a new phase in satellite production, Turkish President Recep Tayyip Erdogan said while addressing the launching ceremony via video link.
Xinhua News Agency correspondents reporting from Ankara. (XHTV)