Connect with us

Media

ကုလသမဂ္ဂအား အထင်အမြင်သေးသည့် အနောက်နိုင်ငံများကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

ကုလသမဂ္ဂ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အနောက်နိုင်ငံများက ကုလသမဂ္ဂအား ရှောင်လွှဲသည့် တစ်ဖက်သတ်လုပ်ရပ်များကြောင့် ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုအား ဆက်လက်ပျက်ပြားစေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။
ပါလက်စတိုင်းအရပ်သားများ စုပေါင်းပြစ်ဒဏ်ကျခံရခြင်းက ယမန်နှစ်က အစ္စရေးလူမျိုးများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟူသော ခံစားမိသူတိုင်းက သနားညှာတာမှုကင်းမဲ့သူများဖြစ်ကြောင်း ပြောကြားလျက် ကုလသမဂ္ဂကို အလေးမထားသော အနောက်နိုင်ငံများ၏ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက်မဟုတ်ဘဲ ကမ္ဘာကြီးအား တောကြီးမျက်မည်းနှင့် ပန်းများပွင့်လန်းနေသည့် ဥယျာဉ်အဖြစ် ပိုင်းခြားလိုသူများ သို့မဟုတ် ဒီမိုကရေစီစားပွဲဝိုင်းတွင် ထိုင်နေကြသူများနှင့် အစီအစဉ်အတိုင်း လုပ်ဆောင်နေသူများ စသည့် နိုင်ငံများ၏ သွေးဆောင်ဖြားယောင်းမှုကို ကုလသမဂ္ဂအနေဖြင့် ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
“ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ဗိုလ်ကျဩဇာလွှမ်းမိုးတာက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေတိုင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံကြီးတွေ ၊ နိုင်ငံငယ်တွေရဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေအပေါ် အခြေခံမယ့် ဗဟုအသွင် ကမ္ဘာ့အစီအစဉ်ပုံစံ ရည်မှန်းချက်လုပ်ငန်းစဉ်ကို သူတို့က ထိန်ချန်ထားပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
Russian FM denounces West’s contempt towards UN
The West continues to undermine global trust through unilateral actions that bypass the United Nations, Russian Foreign Minister Sergey Lavrov said on Saturday at the 79th session of the UN General Assembly.
He pointed to an instance of Western contempt for the United Nations, saying that “everyone who still has a sense of compassion is outraged” that last year’s terrorist attacks on Israelis are being used to collectively punish Palestinian civilians. He urged an immediate end to their killing “with American weapons.”
The United Nations needs to “avoid the temptation to play into the hands of individual states, particularly those that are actively calling not for cooperation but to divide the world into the flowering garden and the jungle — or to those sitting around the table of democracy, and those that are on the menu,” he said.
“Confrontation and hegemony will not resolve any global problem, they will hold back the objective process of the formation of a multipolar world order that will be based on the equal rights of large and small nations,” Lavrov said.
Xinhua News Agency correspondents reporting from UN Headquarters. (XHTV)