International Organizations
၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ခွန်ဒဲ၏ နောက်ကျအနိုင်ဂိုးဖြင့် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စပိန်ဘုရင့်ဖလား ဆွတ်ခူး
ဧပြီ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဗိုလ်လုပွဲတွင် ဘာစီလိုနာက ပွဲကစားချိန် ၁၁၆ မိနစ်တွင် ဂျူးစ်ခွန်ဒဲ၏ အနိုင်ဂိုးဖြင့် ရီးရဲလ်မက်ဒရစ်အား ၃-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး အဆိုပါပွဲစဉ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။
ပွဲကစားချိန် ၂၈ မိနစ်တွင် နေရာလွတ် ထပ်မံရရှိသွားသည့် ယမားလ်က ပက်ဒရီထံ မျှောထိုးပေးခဲ့ရာ ပက်ဒရီက deep zone မှ ပြေးတက်ကာ ရီးရဲလ်ဂိုးသမား ကော်တိုအာကိုကျော်၍ ထောင့်ထဲသို့ လှလှပပကန်သွင်းပြီး ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ရီးရဲလ်နည်းပြ ကာလို အန်ဆယ်လော့တီက ဒုတိယပိုင်းတွင် လူစားလဲမှုများကို ရဲရဲတင်းတင်း ပြုလုပ်ခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် အမ်ဘာပေကို လူစားဝင်ရောက်စေခဲ့သလို အာဒါဂူလာနှင့် လူကာမိုဒရစ်တို့ကိုလည်း ထပ်မံလူစားဝင်ရောက်စေခဲ့ရာ ရီးရဲလ်အသင်း၏ ကစားပုံမှာ ပိုမိုမြိုင်မြိုင်ဆိုင်ဆိုင် ရှိလာခဲ့ပြီး ဘာစီလိုနာအား အမြန်နှုန်းဖြင့် အကြီးအကျယ် ဖိအားပေးကစားနိုင်ခဲ့သည်။
ပွဲချိန် မိနစ် ၇၀ တွင် အမ်ဘာပေက ဘာစီလိုနာအသင်း ဂိုးဧရိယာအပြင်ဘက်တွင် ရရှိသော အလွတ်တည်ကန်ဘောမှတစ်ဆင့် ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။
ထို့နောက် ခုနစ်မိနစ်အကြာတွင် ရီးရဲလ်အသင်း ထောင့်ကန်ဘောရရှိစဉ် လူကပ်ခံရခြင်းမရှိသည့် အော်ရယ်လီယန် ချူအာမီနီက ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ရီးရဲလ်အသင်း အနိုင်ရတော့မည့်ဆဲဆဲတွင် ဘာစီလိုနာအသင်း ချေပဂိုးရရှိသွားခဲ့ပြီး ယမားလ်၏ ပေးပို့မှုမှတစ်ဆင့် ဖယ်ရန်တောရက်စ်က ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။
ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရတော့မည့် အနေအထား၌ ရှိနေစဉ် ခွန်ဒဲက မက်ဒရစ်ဘက်ခြမ်း၌ လူကာမိုဒရစ်ထံမှ ဘောလုံးကို အလျင်အမြန် ဖြတ်ယူ၍ အပြင်းကန်သွင်းခဲ့ရာ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာ မကာကွယ်နိုင်ခဲ့သဖြင့် ဘာစီလိုနာအသင်းမှာ သမိုင်းတစ်လျှောက် စပိန်ဘုရင့်ဖလားကို ၃၂ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
…..
— ခရစ္စတယ်ပဲလေ့စ်အသင်း အက်ဖ်အေဖလား ဗိုလ်လုပွဲတက်ရောက်၊ ပရီးမီးယားလိဂ်တွင် နယူးကာဆယ် နိုင်ပွဲရယူနိုင်ခဲ့ပြီး တတိယနေရာသို့ ရောက်ရှိလာ
ဧပြီ ၂၆ ရက် ညနေခင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းက ၎င်းတို့၏ တန်ပြန်တိုက်စစ်ကစားပုံ ထက်မြက်မှုကို ပြသခဲ့ပြီး အက်စတွန်ဗီလာအသင်းကို ၃ ဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် အစ္စမေလာဆားက ပဲလေ့စ်အတွက် သူရဲကောင်းဖြစ်ခဲ့ပြီး အက်ဘာရီချီ အီဇီ၏ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ပွဲကစားချိန် ၅၈ မိနစ်တွင် ဒုတိယဦးဆောင်ဂိုး၊ နာကျင်အချိန်ပိုတွင် တတိယအနိုင်ဂိုးတို့ကိုလည်း တစ်ဦးတည်း သွင်းယူပေးခဲ့သည်။ ဒုတိယမြောက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးနှင့် နော့တင်ဟမ်ဖောရက်စ်တို့ ဧပြီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဧပြီ ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်ယူနိုက်တက်က အစ်ပ်ဆွစ်ချ်တောင်းအား အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ အစ်ပ်ဆွစ်ချ်မှာမူ ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သဖြင့် တန်းဆင်းရတော့မည်ဖြစ်သည်။
ချဲလ်ဆီးအသင်းကလည်း အဲဗာတန်အား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့်-၅ နေရာသို့ တက်လှမ်းနိုင်ခဲ့ကာ တစ်လုံးတည်းသော အနိုင်ဂိုးကို နစ်ကိုးလပ်စ် ဂျက်ဆင်က ပွဲကစားချိန် ၂၇ မိနစ်တွင် အဲဗာတန်ဂိုးဧရိယာ အပြင်ဘက်မှ အပြင်းကန်သွင်းခဲ့ခြင်းဖြစ်သည်။
…..
— ၁၉၆၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းသား ဂျာယာ ဒါကော်စတာ ကွယ်လွန်
၁၉၆၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဆွတ်ခူးခဲ့သည့် ဘရာဇီးလက်ရွေးစင် အသင်းသားတစ်ဦးဖြစ်သူ ဂျာယာ ဒါကော်စတာမှာ အသက် ၈၄ နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က ဧပြီ ၂၆ ရက်၌ အတည်ပြုကြေညာခဲ့သည်။
ဆော်ပေါ်လိုအခြေစိုက် ပေါ်တူဂီဆာအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သည် တိုက်စစ်မှူး ဒါကော်စတာမှာ အင်တာမီလန်အသင်းနှင့်အတူ အောင်မြင်ကျော်ကြားခဲ့ပြီး အင်တာမီလန်၌ ကာလအပိုင်းအခြားနှစ်ကြိမ် ကစားခဲ့ရာတွင် အီတလီစီးရီးအေဆုဖလား လေးကြိမ်၊ ဥရောပဖလား နှစ်ကြိမ်၊ အင်တာကွန်တီနင်တယ်ဖလား နှစ်ကြိမ် ရယူနိုင်ခဲ့သည်။
…..
— ဝူးကျန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် Climbing World Cup ပြိုင်ပွဲ အမြန်နံရံတက်ပြိုင်ပွဲတွင် တရုတ်ကစားသမားများက ရွှေတံဆိပ်ဆုများကို သိမ်းပိုက်
၂၀၂၅ ခုနှစ်၏ ပထမဆုံး အမြန်နံရံတက် ကမ္ဘာ့ဖလားပြိုင်ပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ဝူးကျန်းမြို့တွင် ဧပြီ ၂၆ ရက်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံမှ Long Jianguo နှင့် Zhang Shaoqin တို့က အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲတွင် အသီးသီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
ကိုယ်တိုင်တင်ထားသည့် ကမ္ဘာ့စံချိန်ကို ပြန်လည်ချိုးဖျက်ရန် ရည်ရွယ်လျက် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နာမည်ကျော် အမေရိကန်ကစားသမား ဆမ်မြူရယ် ဝပ်ဆန်ကမူ ဆီမီးဖိုင်နယ်အဆင့်မှာပင် ရှုံးနိမ့်ခဲ့ပြီး စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။ (Xinhua)
#Sports #CopaDelRey #FACup #PremierLeague #JairDaCosta #အားကစား #စပိန်ဘုရင့်ဖလား #အက်ဖ်အေဖလား #ပရီးမီးယားလိဂ် #ဂျာယာဒါကော်စတာ
……………………………………………………………………………………………
(English Version)
Kounde leaves it late to win Copa del Rey for Barca after 3-2 thriller
Jules Kounde scored a 116th minute winner to give FC Barcelona a thrilling 3-2 win in the Copa del Rey final against Real Madrid on Saturday night.
In the 28th minute, Yamal again found space and took his time before slipping the ball to Pedri, who ran in from deep to place a wonderful shot past Courtois into the corner of the net.
Madrid coach Carlo Ancelotti was brave in the second half with Mbappe starting the second half and Arda Guler and Luka Modric soon joining him in the action and the freshened up Madrid side began to cause Barca a lot of problems with their pace.
He could do nothing to stop Mbappe levelling with a free kick from just outside of the area with 20 minutes left to play.
Seven minutes later Madrid was ahead after Aurelien Tchouameni ghosted in unmarked to power home a header as his side forced a string of corners.
The title looked Madrid’s to lose, but Barca found an equalizer when Yamal hit the ball over the top of Madrid defense, Courtois went walkabout and Ferran Torres rolled the ball in from a tight angle.
Kounde was quickly onto a ball from Luka Modric in the Madrid half and with the game looking set for a penalty shoot-out, he drilled the ball past Real Madrid goalkeeper Thibaut Courtois to give his side the 32nd cup of their history.
…..
Crystal Palace books FA Cup final spot as Newcastle goes third in Premier League
Crystal Palace gave a class in counter-attacking football to stun Aston Villa and qualify for the FA Cup final with a 3-0 win on Saturday evening.
Ismaila Sarr was Palace’s hero with an assist for Eberechi Eze to open the scoring, before doubling Palace’s lead after 58 minutes and adding a third in injury time. Manchester City faces Nottingham Forest in Sunday’s second semi-final.
In the Premier League games played on Saturday, Newcastle United won 3-0 at home to Ipswich Town to move third in the table and condemn Ipswich to relegation.
Chelsea climbs to fifth thanks to Nicolas Jackson’s 27th minute goal that gave his side a 1-0 win at home to Everton, with Jackson hitting a powerful shot from just outside the Everton area to win the game.
…..
Brazil World Cup winner Jair da Costa dies
Jair da Costa, a member of the Brazil squad that won the 1962 FIFA World Cup, has died at the age of 84, the Brazilian Football Confederation (CBF) said on Saturday.
A forward who began his professional career with Sao Paulo-based club Portuguesa, Jair made a name for himself at Inter Milan, where he won four Italian Serie A titles, two European Cups and two Intercontinental Cups over two spells.
…..
China sweeps speed titles at 2025 Climbing World Cup in Wujiang
China’s Long Jianguo and Zhang Shaoqin claimed the men’s and women’s speed climbing gold medals respectively on Saturday at the first speed climbing World Cup of the 2025 season in Wujiang, east China’s Jiangsu Province.
American favorite Samuel Watson, who entered the event with hopes of breaking his own world record, finished fourth after slipping in the semifinals.