ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သတင်းစာဆရာများအသင်းက နိုင်ငံ၏ဂုဏ်သိက္ခာအရှိဆုံးသတင်းစာပညာဆုတစ်ခုဖြစ်သည့် ၃၅ ကြိမ်မြောက် တရုတ်နိုင်ငံသတင်းစာပညာဆု ရရှိသူများကို နိုဝင်ဘာ ၅ ရက်က ကြေညာခဲ့သည်။
ဟနွိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ယခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၇.၄၁ ဘီလီယံ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၁.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၅...
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမေရိကန်ဘီလျံနာနှင့် ပုဂ္ဂလိက အာကာသယာဉ်မှူးဖြစ်သူ ဂျရတ် အိုင်ဆက်ခ်မန်းအား နာဆာအဖွဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်အဆိုပြုရွေးချယ်ကြောင်း နိုဝင်ဘာ ၄ ရက်က ကြေညာခဲ့သည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး နိုင်ငံအဆင့် ပို့ကုန်အသားပေးကုန်စည်ပြပွဲဖြစ်သည့် လက်ရှိ နောက်ဆုံးကျင်းပလျက်ရှိသော တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
မက်ဒရစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၄ ရက် ညပိုင်းက အက်သလက်တီကို မက်ဒရစ်နှင့် ဘယ်လ်ဂျီယမ်ကလပ် Union Saint-Gilloise (ယူနီယံ စိန့်-ဂေးလွိုက်စ်) တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ အက်သလက်တီကိုက အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရောမ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်အတွက် ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆု (Golden Boy) ကို ပီအက်စ်ဂျီအသင်း၏ တိုက်စစ်ကစားသမား ဒီဆီရေး ဒူယေက ရရှိသွားကြောင်း တူရင်အခြေစိုက် အားကစားသတင်းစာ Tuttosport က နိုဝင်ဘာ ၄ ရက်၌ ဖော်ပြခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Abdolreza Rahmani Fazli နှင့် နိုဝင်ဘာ ၄ ရက်တွင် ပေကျင်း၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း အဂူဆန်ဒယ်ဆာပြည်နယ်တွင် နိုဝင်ဘာ ၄ ရက်က ပျက်ကျခဲ့သော Super Huey ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဖိလစ်ပိုင်လေတပ်စစ်သည် ခြောက်ဦး၏ ရုပ်အလောင်းများကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များက ပြန်လည်ဆယ်ယူခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်လေတပ် (PAF) က ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာကြောင့် ဟေတီနိုင်ငံတွင် လူ ၃၀ ဦးထက်မနည်း သေဆုံးပြီး ဂျမေကာနိုင်ငံ၌ လူပေါင်း ၁.၅ သန်းကျော် မုန်တိုင်းဘေးဒဏ်သင့်ခဲ့ရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
တေဂူဆီဂါလ်ပါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်အသင်းမန်နေဂျာ ရိန်းနယ်ဒို ရူဒါက နီကာရာဂွာနှင့် ကော်စတာရီကာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အဆုံးအဖြတ်ဖြစ်သော ခြေစစ်ပွဲများအတွက် ၎င်း၏အသင်းလူစာရင်းတွင် ပွဲထွက်မကစားရသေးသော တိုက်စစ်မှူး အဲရစ် ပွာတိုကို ထည့်သွင်းလိုက်ကြောင်း ဟွန်ဒူးရပ်စ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။