ဂျေရုဆလမ်/ဘေရွတ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားချိန်နှင့်တစ်ဆက်တည်း လက်ဘနွန်နိုင်ငံတွင်လည်း အစ္စရေး၏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၄၉၂ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၁,၆၄၅ ဦးအထိ ရှိလာခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက် ညပိုင်း၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်-ဆွစ်ဇာလန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) အား အဆင့်မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများကို စက်တင်ဘာ ၂၃ ရက်က စတင်ခဲ့ကာ ဆွေးနွေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို အခြေခံလျက် အဆင့်မြှင့်ထားသော အဆင့်မြင့် သဘောတူညီမှုတစ်ရပ် အမြန်ဆုံးရရှိရေးအတွက်...
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအကူအညီဖြင့် ဆိုလာစွမ်းအင်သုံး လမ်းမီးများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည်။ ဆိုလာစွမ်းအင်သုံး လမ်းမီး အစုံ ၄၀ အား သက်ဆိုင်ရာမြန်မာဌာနများသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းစီမံကိန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းက ဦးစီးကာ...
ကွေ့ယန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တောင်ကုန်းတောင်တန်း ၉၂.၅ ရာခိုင်နှုန်း ဖုံးလွှမ်းလျက်ရှိသော ကွေ့ကျိုးပြည်နယ်တွင် ကုန်လမ်းသယ်ယူပို့ဆောင်ရေးအတွက် ကျဉ်းမြောင်းလှသည့်အခြေအနေများကို လျော့ပါးစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ကွေ့ကျိုးပြည်နယ်၌ အသုံးပြုလျက်ရှိသော ကီလိုမီတာ ၈,၀၀၀ ကျော်ရှိသည့် အဝေးပြေးလမ်းများ အပါအဝင် အဝေးပြေးလမ်းမကြီး ကီလိုမီတာ ၂၀၀,၀၀၀ ကျော်...
လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၅ တွင် လီဗာပူးလ်အသင်းက ဘုန်းမောက်အသင်းအား အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အမှတ်ပေးဇယား၏ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးမှဦးဆောင်နေသည့် မန်ချက်စတာစီးတီးအသင်းအား ရမှတ်တစ်မှတ်အကွာမှ ဖိအားပေးလျက်ရှိသည်။ ဧည့်သည်အသင်းက...
– တရုတ်နိုင်ငံက နှစ်ပေါင်း ၇၅ နှစ်အတွင်း မြို့ပြအသွင်ပြောင်းလဲမှု တိုးတက်လာ – တရုတ်နိုင်ငံ၏ ခေတ်မီခရီးသွားလုပ်ငန်းအပလီကေးရှင်းများက ပြည်ပခရီးသွားဧည့်သည်များကို ထူးခြားသော အတွေ့အကြုံများ ရရှိစေ – တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ဟုန်ဆန်းယဉ်ကျေးမှုနေရာမှ အကြီးဆုံး ကျောက်စိမ်းနဂါးတွေ့ရှိ – သီရိလင်္ကာနိုင်ငံ သမ္မတအဖြစ် NPP ခေါင်းဆောင် အနူရာ...
ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတအဖြစ် ရာထူးအပ်နှင်းခံရသော အနူရာ ကုမာရ ဒစ်ဆနာယာကီထံ စက်တင်ဘာ ၂၃ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော...
–အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသော အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များရလဒ်များကို ဖော်ပြအပ်ပါသည်။ ဘရိုက်တန် နှင့် နော့တင်ဟမ်ဖော်ရက်စ် ၂-၂ မန်ချက်စတာစီးတီး နှင့် အာဆင်နယ် ၂-၂ ….. –လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းက တန်ဖိုးကြီးပေးဆပ်မှုနှင့်အတူ အနိုင်ရရှိ ဘာစီလိုနာအသင်းသည် ဗီလာရီးယဲလ်အသင်းနှင့် အဝေးကွင်းတွင်...
ကဘူးလ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်မက်ဒဏ်ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ အခြားအခြေခံအဆောက်အအုံများကဲ့သို့ပင် ကျန်းမာရေးကဏ္ဍသည်လည်း ဆိုးဝါးစွာပျက်စီးခဲ့ရသည်။ ဆေးရုံများ အားအင်ပြည့်ဖြင့် ပြန်လည် လည်ပတ်နိုင်ရန် ကာလရှည်ကြာစွာ အချိန်ယူရမည်ဟု မျှော်မှန်းထားလင့်ကစား အာဖဂန်အစိုးရသည် ကျန်းမာရေးကဏ္ဍ ပြန်လည်ထူထောင်နိုင်ရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။ “အာဖဂန်နစ္စတန်အခြေအနေက စစ်မက်ဒဏ်ကို ၄၅...
ကွေ့ရန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံနှင့် အခြားနိုင်ငံများမှ သိပ္ပံပညာရှင်များက အာရှတိုက်၏ အရှည်လျားဆုံးလိုဏ်ဂူအဖြစ် လူသိများသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ စွမ်းဟယ်လိုဏ်ဂူ၌ စက်တင်ဘာ ၂၀ ရက်က စုဝေးခဲ့ကာ အဆိုပါလိုဏ်ဂူဆီသို့ ၂၃ ကြိမ်မြောက် နိုင်ငံတကာ...