ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မလေးရှားလေကြောင်းလိုင်းခရီးစဥ် MH370 လေယာဥ် ကို ရှာဖွေမှုများ ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။သမုဒ္ဒရာစူးစမ်းရှာဖွေရေးကုမ္ပဏီ Ocean Infinity ရက်ပေါင်း ၅၅ ရက်ကြာ ပင်လယ်ကြမ်းပြင်ရှာဖွေရေး လုပ်ဆောင်မှုများ...
မက်ဒရစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါဘောလုံးပွဲစဉ်တွင် ဘာစီလိုနာက အက်သလက်တီကို မက်ဒရစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ဘာစီလိုနာ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဆောင်းရာသီအတွင်း စပိန်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ရွေးချယ်သည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်အရေအတွက် တိုးပွားလာခြင်းသည် နိုင်ငံ၏ သမားရိုးကျခရီးသွားပြက္ခဒိန်ကို ပြန်လည်ပုံဖော်လာပြီး ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရှိန်အဟုန်သစ်များ ဖန်တီးပေးလျက်ရှိကြောင်း စပိန်ခရီးသွားလုပ်ငန်းအတွင်းလူများက ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက် ကာလအတွင်း တရုတ်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် အစိုးရစာရွက်စာတမ်းတွင် ဖော်ပြထားသည်။
ချန်ချွမ်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ FAW ဂရု(ပ်)က ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အထင်ကရ Hongqi အမှတ်တံဆိပ်ကားအစီးရေ ၄၂၀,၀၀၀ စီး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၉.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒီဇင်ဘာ ၂...
ဟန်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ၈၄၃ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင်တစ်ခုကို ၁၆၈ နာရီကြာ ဝန်အပြည့်ဖြင့် စမ်းသပ်လည်ပတ်မှုအောင်မြင်ပြီးဆုံးပြီးနောက် ဓာတ်အားလိုင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် တရားဝင် ချိတ်ဆက်လိုက်ပြီဖြစ်သည်။
နင်းပေါ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းတွင် ဒီဇင်ဘာ ၂ ရက်က အနီရောင်ကွန်တိန်နာတစ်လုံးကို ကွန်တိန်နာတင်သင်္ဘောပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်ရာ ၎င်းမှာ ပထမဆုံးအကြိမ် ယင်းဆိပ်ကမ်း၏ နှစ်စဉ်ကွန်တိန်နာကိုင်တွယ်ဆောင်ရွက်မှုအရေအတွက် သန်း ၄၀ ကျော်လွန်ခြင်း အထိမ်းအမှတ်ဖြစ်ခဲ့သည်။ အဆိုပါ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းသည်...
ယိုအန်ဒီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) မကြာမီကျင်းပတော့မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (AFCON) အတွက် ၂၈ ဦးပါဝင်သည့် လက်ရွေးစင်အသင်း လူစာရင်းကို ကင်မရွန်းက ထုတ်ပြန်ကြေညာခဲ့သည်။ ကင်မရွန်းလက်ရွေးစင်အသင်း၏ တရားဝင်လူမှုကွန်ရက် X တွင် ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့မှုအရ ကင်မရွန်းအသင်းတွင် မျက်နှာသစ်ကစားသမားများဖြစ်သော အဲရစ်ဂျုနီယာဒီနာအက်ဘင်ဘီ၊...
ကိုင်ရို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အီဂျစ် နိုင်ငံတကာပြခန်းစင်တာတွင် လေးရက်ကြာ ကျင်းပလျက်ရှိသော အီဂျစ် ကာကွယ်ရေးပစ္စည်းကုန်စည်ပြပွဲ၌ မြေပြင်၊ ရေပြင်နှင့် ဝေဟင် ဒိုမိန်းများတစ်ခွင် အသုံးပြုနိုင်သော နောက်ဆုံးပေါ် စစ်ဘက်ရေးရာနည်းပညာ၊ စက်ယန္တရားနှင့် စနစ်များကို ခင်းကျင်းပြသသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကုမ္ပဏီ ၄၀၀...
ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေးအတွက် လက်ရှိကြိုးပမ်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိရန် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဒီဇင်ဘာ ၂ ရက်၌ တိုက်တွန်းခဲ့သည်။ “အရာအားလုံး တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ယူကရိန်းနိုင်ငံရဲ့ နောက်ကွယ်မှာ ကစားပွဲတွေ မရှိဖို့၊ ယူကရိန်းနိုင်ငံမပါဘဲ ဘာကိုမှ...