မက်ဒရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်များတွင် ဘာစီလိုနာက ရီးရဲလ်ဘက်တစ်ကို စောစောစီးစီး ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ဖယ်ရန်တောရက်စ်၏ ပထမပိုင်းဟက်ထရစ်သွင်းဂိုး အပါအဝင် ၅-၃ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ဝန်ချန်း၊ ဟိုင်နန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ အင်တာနက်ဂြိုဟ်တုအုပ်စုသစ်တစ်ခုပို့ဆောင်ပေးမည့် Long March-8A သယ်ဆောင်ရေးဒုံးပျံကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် ဒီဇင်ဘာ ၆ ရက်က လွှတ်တင်ခဲ့သည်ဟု သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်၌ အက်စတွန်ဗီလာက အာဆင်နယ်ကို လူစားဝင်ကစားသမား အမ်မီလီယာနို ဘူအန်ဒီယာ၏ နောက်ဆုံးမိနစ်သွင်းဂိုးနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ချန်ပီယံဆုဖလားအတွက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီဖြစ်သည်။
အူလန်ဘာတာ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ဒီဇင်ဘာ ၅ ရက်က လက်ခံကျင်းပခဲ့သော Open Day အခမ်းအနားကို မြို့တော် အူလန်ဘာတာရှိ မူလတန်းနှင့် အလယ်တန်းကျောင်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၂၀၀ ကျော်...
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းအချိန်အထိ ပေကျင်းရှိ နယ်စပ်အဝင်အထွက် စစ်ဆေး ရေးစခန်းများမှတစ်ဆင့် ခရီးသည်အဝင်အထွက်ခရီးစဥ်များသည် ၂၀ သန်းကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ အဆိုအရ သိရသည်။
ဟောင်ကောင်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ ၈ ကြိမ်မြောက် ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲအတွက် မဲပေးမှုများကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက စတင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ ရထားဘူတာရုံတစ်ရုံ၌ ဖြစ်ပွားခဲ့သည့် သေရေးရှင်ရေးတမျှ အခိုက်အတန့်တစ်ခုဖြစ်သည်။ ရထားတံခါးများ ပိတ်သွားချိန်တွင် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အပေါက်ကြားထဲမှ မတော်တဆပြုတ်ကျသွားခဲ့ရာ ဘူတာရုံဝန်ထမ်းတစ်ဦးက ချက်ချင်းတုံ့ပြန်ခဲ့ပြီး ရထားကိုရပ်တန့်ကာ လုပ်ဖော်ကိုင်ဖက်နှင့်အတူ ကလေးငယ်အား ဘေးကင်းရာသို့ ဝိုင်းဝန်းကယ်ထုတ်ပေးခဲ့သည်။ (Xinhua) ——————————- (English Version) Chinese railway staffers save...
တံတားများနှင့် ဥမင်များ အလုံးစုံနီးပါးပါဝင်သော ရထားလမ်းပေါ်တွင် ခရီးသွားသည့်အတွေ့အကြုံက မည်သို့ရှိမည်နည်း။ အသစ်ဖွင့်လှစ်လိုက်သော ဖန်ကျိုး-ရှင်းရိ မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် ကိုယ်တိုင်လိုက်ပါစီးနင်းသည့် အတွေ့အကြုံကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုခံစားနိုင်ပါသည်။ (Xinhua) #China #Panzhou_Xingyi #High_SpeedRailway #တရုတ်နိုင်ငံ #ဖန်ကျိုး_ရှင်းရိ #မြန်နှုန်းမြင့်ရထားလမ်း ………………………………………………………………………………………………………….. (English Version) First-person ride on...
ရုန်ချိန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရုန်ချိန်ကမ်းရိုးတန်းတစ်လျှောက်တွင် ရွှေ့ပြောင်းငန်းငှက်များက နေဝင်ဆည်းဆာချိန်၏ တောက်ပသောနေရောင်အောက်တွင် ရေကူးခဲ့ကြပြီး ဒဏ္ဍာရီလာ နတ်ဘုံတစ်မျှ လှပသောနေရာတစ်ခုကဲ့သို့သော ရှုမြင်ကွင်းကို ဖန်တီးပုံဖော်ပေးလျက်ရှိသည်။ (Xinhua) …………………………………….. (English Version) Swans transform coast into...
ဆန်းကျန့်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လူသားတစ်ဦးကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် မရပ်မနားလမ်းလျှောက်နေသည့် လူပုံစံစက်ရုပ်များက ရှုပ်ထွေးသော မြေပြင်အနေအထားကို အံ့မခန်းဖွယ် တည်ငြိမ်မှုဖြင့် သွားလာနေပုံကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….. (English Version) Humanoid robot walks on construction...