ဝန်ချန်း၊ ဟိုင်နန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၃၀ ရက်က ဂြိုဟ်တုအသစ်တစ်လုံး လွှတ်တင်ခဲ့သည်။ Shijian-28 ဂြိုဟ်တုကို ည ၈း၂၀ နာရီ (ပေကျင်းစံတော်ချိန်)၌ မွမ်းမံထားသော Long March-7 သယ်ဆောင်ရေးဒုံးပျံ တစ်စင်းဖြင့်လွှတ်တင်ခဲ့ပြီး...
လန်ဒန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၃၀ ရက် ညပိုင်းက ချဲလ်ဆီးအသင်း၏အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်၌ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကာ အဆိုပါပွဲစဉ်၌ ချဲလ်ဆီးက တစ်ယောက်လျော့ဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်တွင် ချဲလ်ဆီးအသင်းမှ...
ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလက်စ်မာဒူရိုထံ ဖုန်းခေါ်ဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုအသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန်ကိုမူငြင်းဆိုခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာ၏ ဖော်ပြမှုအရသိရသည်။ “ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မှတ်ချက်ပေးဖို့ဆန္ဒမရှိပါဘူး။ အဖြေကတော့ ဟုတ်တယ်ဆိုတာပါပဲ” ဟု...
မော်စကို၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရုရှားနယ်စပ်ဒေသ Belgorod တွင် ယူကရိန်းနိုင်ငံ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက နိုဝင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ Borisovsky ခရိုင်ရှိ Beryozovka ရွာတွင် ဒရုန်းတစ်စင်းက ယာဉ်တစ်စီးကို ထိမှန်ခဲ့ပြီး...
ဟောင်ကောင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ပြည်သူ့ရေးရာနှင့် လူငယ်ရေးရာ အတွင်းဝန် မိုင့်မေကျွမ်းက HKSAR အစိုးရအနေဖြင့် တာ့ဖူမီးဘေးကြောင့် ထိခိုက်ခံစားခဲ့ရသော ဒေသခံ ပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ပြီးစီးချိန်အထိ အခမဲ့အိမ်ရာများရရှိရန် အာမခံ သည်ဟု နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။...
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သိုင်းရွိုက်ဟော်မုန်းမညီမျှမှု ကြုံတွေ့ရသည် အမျိုးသမီးများတွင် မွေးဖွားလာသည့်ကလေးတွင် အော်တစ်ဇင်ရောဂါတွေ့ရှိရမှုအန္တရာယ် မြင့်မားကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း Ben-Gurion University of the Negev ၏ နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။...
ဝါရှင်တန်/ကိဗ်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် နိုဝင်ဘာ ၃၀ ရက်က လေးနာရီခန့်ကြာ ဆွေးနွေးမှုသည် ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ရန် ပြန်လည်ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအစီအစဉ်တွင် “နောက်ထပ်” တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း “လုပ်ဆောင်ရန် အလုပ်များစွာရှိ” ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကို...
ဂျကာတာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းပေါ်ရှိ ပြည်နယ်သုံးခုတွင် မကြာသေးခင်ကဖြစ်ပွားခဲ့သည့် ရေကြီးမှုများ နှင့်မြေပြိုမှုများကြောင့် သေဆုံးခဲ့ရသူအရေအတွက် ၄၄၂ ဦးအထိမြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ၏ နိုဝင်ဘာ ၃၀ ရက်က ပြောကြားမှုအရ သိရသည်။ BNPB အကြီးအကဲဖြစ်သူ ဆူဟာယန်တို၏...
ဟောင်ကောင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၂၆ ရက်က လူနေအဆောက်အအုံတစ်ခုတွင် အကြီးအကျယ်မီးလောင်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသည်ဟု ယခင်ကသတင်းထုတ်ပြန်ခဲ့သော ဒေသခံ ၁၅၉ ဦးမှာ ဘေးကင်း လုံခြုံမှုရှိနေသည်ကို သေဆုံးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်က...
ကူမင်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) ပျော်ရွှင်ဖွယ် အငွေ့အသက်များ လွှမ်းခြုံနေသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းလုံခြုံရေးအစောင့်နှစ်ဦးသည် ကျောင်းသားများနှင့်အတူ ပျော်ရွှင်မှုများမျှဝေရန်အတွက် ရိုးရာအက ကရာတွင် ပါဝင်အားဖြည့်ခဲ့ကြသည်။ (Xinhua) …………………………………….. (English Version) School security guards join...