ဆန်းရ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးမှာ စတင်တပ်တော်ဝင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ပြင်၌ စစ်ရေယာဉ်စုအဖြစ် လက်တွေ့စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLAN) က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါမစ်ရှင်၌ ဖူကျန့်လေယာဉ်တင်သင်္ဘောကြီးက စစ်ရေယာဉ်များ မောင်းနှင်သွားလာခြင်း၊...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂျပန်စစ်ဝါဒပြန်လည်ရှင်သန်လာခြင်းအား မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်သလို စစ်ပွဲအလွန် နိုင်ငံတကာစည်းမျဥ်းကို စိန်ခေါ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နောက်တစ်ကြိမ်ပျက်ပြားစေမည့် မည်သူ့ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၁၈ ရက်က ပြောကြား လိုက်သည်။...
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ယူကရိန်းနိုင်ငံအတွက် ယူရို ၆၁၅ သန်း (အမေရိကန်ဒေါ်လာ ၇၁၂.၂ သန်း) အကူအညီပေးရေးအစီအစဉ်ကို နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ စပိန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့်...
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ နိုဝင်ဘာ ၁၈ ရက်က ပန်ဒါကြီးစုံတွဲအသစ် “ချန်ရှင်း” နှင့် “ရှောင်ယွဲ့” တို့ ရောက်ရှိလာသည့်ကို မလေးရှားနိုင်ငံက ကြိုဆိုခဲ့သည်။ အဆိုပါပန်ဒါသစ်စုံတွဲသည် ၂၀၂၀ ပြည့်နှစ်က မွေးဖွားခဲ့ပြီး အထီးဖြစ်သည့် “ချန်ရှင်း” က သန်စွမ်းဖော်ရွေပြီး...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ၎င်းတို့၏ အဓိက အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်မည့်ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိသလို ဂျပန်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏ မှားယွင်းသော မှတ်ချက်များကို ချက်ချင်း ရုပ်သိမ်းပေးရမည်ဖြစ်ကာ တရုတ်ပြည်သူများသို့ ရှင်းလင်းသော ဖြေရှင်းချက်ပေးရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမြန်ချောပို့ကဏ္ဍတွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ပါဆယ်ထုပ်ပေါင်း ၁၆၂.၆၈ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်ခဲ့ရကြောင်း ယမန်နှစ်အလားတူကာလထက် ၁၆.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။...
မာလေ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ Addu မြို့ တွင် နိုင်ငံတကာရေအောက်ကေဘယ်စခန်းသစ်တစ်ခု တည်ဆောက်မှုနှင့် ကွန်ရက်အဆောက်အအုံအတွက် ဂူဂဲလ်က ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မော်လ်ဒိုက်အစိုးရက ကြေညာခဲ့သည်။ မော်လ်ဒိုက်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်တစ်ခုအရ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်းဆယ်ချီရှိကြောင်း သိရသည်။ကေဘယ်စခန်းသစ်သည်...
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါက လာမည့်ဇန်နဝါရီတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ငြင်းဆန်ခဲ့ပြီး ၎င်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်အသင်း၌ လက်ရှိပြသနေသော ခြေစွမ်းထက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ဂယ်လက်ဂါမှာ ၂၀၂၄ ခုနှစ် နွေရာသီ၌ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ...
မကာအို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိက တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲတွင် ကျင်းပမည့် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း ဟေးလုံကျန်းပြည်နယ် အားကစားဗျူရိုက နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ဝမ်သည် နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ...
မော်စကို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်နှင့် ရပ်တည်ချက်တို့မှာ အစဉ်သဖြင့် တစ်သမတ်တည်းရှိနေကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာတီမာ...