International Organizations
ပူတင်နှင့် ဘိုင်ဒန်တို့ မကြာမီ ဖုန်းခေါ်ဆိုရန်ရှိ

မော်စကို၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(Joe Biden) တို့သည်
ဒီဇင်ဘာ ၃၀ ရက်တွင် ဖုန်းပြောဆိုဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင်က ဒီဇင်ဘာ ၂၉ ရက်၌ အတည်ပြုခဲ့သည်။
ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဆွေးနွေးမှုအကြောင်းအရာများကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ပူတင်နှင့် ဘိုင်ဒင်တို့သည် ယူကရိန်းအခြေအနေအပေါ် အဓိကထား၍ ဒီဇင်ဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်။
ယင်းဆွေးနွေးပွဲအပြီးတွင် ရုရှားက မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့(NATO) ထံ သဘောတူစာချုပ်မူကြမ်းတစ်ခု နှင့် အမေရိကန်နိုင်ငံထံ သဘောတူစာချုပ်ချက်မူကြမ်း တစ်ခုကို အသီးသီးပေးပို့ခဲ့ပြီး ယင်းမူကြမ်းနှစ်ခုစလုံးသည် အနောက်နိုင်ငံများအနေဖြင့် ဥရောပတွင် လုံခြုံရေးအာမခံချက်ပေးရန်အတွက်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
Putin, Biden to hold phone call soon: Kremlin
MOSCOW, Dec. 29 (Xinhua) — Russian President Vladimir Putin and his U.S. counterpart Joe Biden will have a phone conversation on Thursday, the Kremlin confirmed on Wednesday.
Kremlin spokesman Dmitry Peskov did not disclose topics of the discussion.
Putin and Biden met via video link on Dec. 7 with their focus on the Ukrainian situation.
After the talks, Russia sent a draft agreement to the North Atlantic Treaty Organization and a draft treaty to the United States both on security guarantees in Europe for the Western countries to consider. Enditem