Connect with us

North America

ရုရှားနိုင်ငံ သမ္မတ ပူတင်က ဆားဘီးယားနိုင်ငံအတွက် လုံလောက်သောဓာတ်ငွေ့ထောက်ပံ့ရေး ဆားဘီးယားနိုင်ငံ သမ္မတကို ကတိပြု

ရုရှား ဓာတ်ငွေ့ လုပ်ငန်းကုမ္ပဏီ Gazprom ၏ လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic တို့သည် ဒီဇင်ဘာ ၂၅ ရက်တွင် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုအတွင်း ဆားဘီးယားနိုင်ငံအတွက် ရုရှားသဘာဝဓာတ်ငွေ့ ပေးပို့မှုများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ သမ္မတများက နှစ်ဘက်လုံးသည် ဆားဘီးယားအိမ်ထောင်စုများ နှင့် စက်မှုလုပ်ငန်းအတွက် အပူ နှင့် စွမ်းအင် ပံ့ပိုးမှုတည်ငြိမ်မှုရှိစေရန် စနစ်တကျဆောင်ရွက်လျက် ရှိကြောင်း မှတ်ချက်ပြုခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဓာတ်ငွေ့လုံလောက်စွာပံ့ပိုးရေး ကတိကဝတ်သည် ဥရောပ၌ သဘာဝဓာတ်ငွေ့ ပြတ်လပ်မှု နှင့် စွမ်းအင်ဈေးနှုန်းများ မြှင့်တက်နေချိန်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖုန်းပြောဆိုမှုအတွင်း ရုရှားနိုင်ငံ သမ္မတ ပူတင် နှင့် ဆားဘီးယားနိုင်ငံ သမ္မတ Vucic တို့က အဆက်အသွယ်များ ထိန်းသိမ်းထားရေး နှင့် မတူညီသောအဆင့်များတွင် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေးတို့အား သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Putin assures Vucic of sufficient gas supplies to Serbia
MOSCOW, Dec. 25 (Xinhua) — Russian President Vladimir Putin and Serbian President Aleksandar Vucic discussed the deliveries of Russian natural gas to Serbia during a phone conversation on Saturday.
The presidents noted that the two sides have organized work to ensure stable supplies of heat and energy to Serbian households and industries, the Kremlin said in a statement.
The promise of sufficient gas supplies was made amid a natural gas shortage and rising energy prices in Europe.
During the phone call, Putin and Vucic agreed to maintain contacts and continue coordination at different levels. ■
Photo – File photo of Russian gas industry giant Gazprom