Connect with us

News

လူ ၄ ဦး အားသတ်ခဲ့သည့် လူသတ်တရားခံ အား ၂၁ နှစ် အကြာတွင် ဖမ်းမိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံး ပြည်နယ် မြို့တော် ကျိနန် ၌ ရဲတပ်ဖွဲ့ဝင်များ လေ့ကျင့်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ကျိနန်၊ဒီဇင်ဘာလ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံး ပြည်နယ် တွင် လူ ၄ ဦးပါ မိသားစု တစ်စု အား လွန်ခဲ့သော ၂၁ နှစ်က သတ်ခဲ့သည့် လူသတ်တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့မှပြောကြားခဲ့သည်။

မျိုးရိုးအမည် ကျား ဟုခေါ်သည့် အဆိုပါ တရားခံသည် ၁၉၉၄ခုနှစ် မေလ ၅ရက်နေ့ တွင် ကျိနန်မြို့ ၌ လင်မယား ၂ယောက်အပါအဝင် ၎င်းတို့၏ ဆယ်ကျော်သက် အရွယ် သမီး ၂ ယောက်အား သတ်ဖြတ်ခဲ့ ပြီးနောက် ထွက်ပြေး တိမ်းရှောင်နေခဲ့ကြောင်း သိရသည်။

ကျိနန် ရဲတပ်ဖွဲ့ သည် လူသတ်မှုနှင့် ပတ်သက်သည့် အချက်အလက်များ နှင့် ကျား ၏ ဓါတ်ပုံအား နိုင်ငံ တစ်ဝန်းရှိ မှုခင်း စုံစမ်းစစ်ဆေးရေး ဋ္ဌာနများ သို့ လွန်ခဲ့သည့် ၂၁နှစ် အတွင်း စဉ်ဆက်မပြတ် ပေးပို့ခဲ့ပြီး သဲလွန်စများအား အတည်ပြု စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း စေလွှတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့၌ ဟဲနန်ပြည်နယ် ရဲတပ်ဖွဲ့ မှ တရားခံ နှင့် ပတ်သက်သည့် သဲလွန်စ အထောက် အထား တစ်ခုအား အကြောင်းကြားခဲ့ပြီး နောက်ပိုင်း တွင် ကျိနန် ရဲတပ်ဖွဲ့ မှ ကျား ဖြစ်ကြောင်း အတည်ပြုခဲ့ ကြသည်။

ရဲတပ်ဖွဲ့က ကျားသည် ယခုအခါတွင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းအား တမင် ရည်ရွယ်ချက်ဖြင့် လူသတ်မှု ကျူးလွန်မှု ဖြင့် ဖမ်းဆီး ထား ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.