Connect with us

News

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၌ တရုတ်နိုင်ငံ၏ အမြင်အား ရှီ ပြောကြား

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်လာစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၂၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များ အစည်း အဝေးကို နိုဝင်ဘာလ ၁၈ ၇က်နေ့ နေ့လည်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အခြားခေါင်းဆောင်များ နှင့်အတူ လက်တွဲ၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည် ပြောကြား လိုက်သည်။

ထိပ်သီး အစည်းအဝေး၏ ခေါင်းစဉ်အား “Building Inclusive Economies, Building Better World” ဟု ပေးထားပြီး ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု အစီအစဉ်၊ ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်သို့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပါဝင်လာနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု ရင်းနှီးမြှပ်နှံရေး နှင့် ရေရှည် တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်းတည်ဆောက်ရေး စသည့် ဦးစားပေး လုပ်ငန်း လေးရပ် ချမှတ် ထားပါသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အစည်းအဝေးအတွင်း သမ္မတ ရှီက အာရှ-ပစိဖိတ် ဒေသအတွင်းနှင့် အခြားခေါင်း ဆောင်များအား ပြီးခဲ့သည့်နှစ် ပေကျင်းတွင် ပြုလုပ်ခဲ့သော အေပက်အစည်းအဝေး၏ ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ မူဝါဒအား အသေးစိတ်ရှင်းပြနိုင်မည်ဟု ရှီက မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.