News
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အနီး အင်အား အနည်းငယ်ရှိ မြေငလျင် လှုပ်ခတ်

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့၏ အရှေ့တောင်ဘက် ၂၆ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာ စကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ဇူလိုင်လ (၂၀) ရက် မြန်မာစံတော်ချိန် (၀၉) နာရီ (၅၃) မိနစ် (၄၃) စက္ကန့် အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်မြောက်ဘက် (၁၁၇) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)